.... NavBar ဖွင့်/ပိတ်
လောကနတ် ဓမ္မဆိုဒ်လေးကိုလာရောက်ကြသူအပေါင်းကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေ။
....

Thursday, November 18, 2010

ခင်ပွန်းကြီး ၁၀-ပါး

ရတနာသုံးပါး ဦးထိပ်ထား၍ မွေးဖွားသန့်စင်လာခဲ့သော ဗုဒ္ဓဘာသာ အမျိုးသား အမျိုးသမီးများသည် လက်ဦးဆရာများဖြစ်ကြသော အမိ အဖ အဖိုး အဖွား တို့၏
သွန်သင်ဆုံးမမှုဖြင့် ရတနာသုံးပါးနှင့် မိဘ ဆရာတို့ကို အနန္တောအနန္တငါးပါး-ဟု
သိထားခဲ့ကြသည်။

အနန္တောအနန္တငါးပါးကို ရိုသေဆည်းကပ်ရမည်၊ ကန်တော့ရမည်၊ ကျေးဇူးဆပ်ရမည်-ဟူသော အသိစိတ်ဓာတ်ရှိကြပါသည်၊ သို့သော် ခင်ပွန်းကြီး
၁၀-ပါး (၀ါ) မိတ်ဆွေကောင်းကြီး ဆယ်ဦးကိုမူကား သိသူမများလှပေ။



စင်စစ် ခင်ပွန်းကြီး ၁၀-ပါးသည်လည်း ရိုသေဆည်းကပ် ကိုင်းရှိုင်းအပ်သည့်
ကျေးဇူးသိရမည့် ပုဂ္ဂိုလ်များ ဖြစ်ပါသည်။ ယင်း ၁၀-ပါးကား-
၁။ သဗ္ဗညုဘုရား
၂။ ပစ္စေကဗုဒ္ဓါ
၃။ သာဝက
၎။ အဂ္ဂသာဝက
၅။ အမိ
၆။ အဖ
၇။ ရိုသေထိုက်သူ
၈။ သွန်သင်ပြသ ပညာပေးသော ဆရာ
၉။ ပစ္စည်းဥစ္စာ မ,စ ကူညီသူ
၁၀။ သီလစင်ကြယ်သော သီလ၀န္တပုဂ္ဂိုလ် တို့ ဖြစ်ပါသည်။

ဤ ၁၀-ပါးတွင် ၁-မှ-၆-အထိ သိသာထင်ရှားပါပြီ။
၇-မှာ အသက် ဂုဏ်ဝါ သီလသိက္ခာ အာစာရ အမျိုး စသည်တို့၌ မိမိထက် ကြီးမြတ်၍ ရိုသေအပ်သူများကို ဆိုလိုသည်။
၈-မှာ တတ်အပ်၊ သိအပ်သော ပညာများကို သွန်သင်ပြသ ဆုံးမပေးသော ဆရာများဖြစ်၏။
၉-မှာ ထမင်း၊ အဖျော်၊ အိပ်ရာ၊ နေရာ၊ အ၀တ်၊ ပုဆိုး စသော အာမိသတို့ကို ကူညီ မ,စ
ထောက်ပံ့ ကူညီဖူးသူ ကျေးဇူးရှင်များကို ဆိုလိုသည်။
၁၀-မှာ ပစ္စုပ္ပန် တမလွန် ဘ၀အဆင့်မြင့်ရေး ကောင်းကျိုးရရေးအတွက် တရားနည်းကောင်း
ဟောပြောလမ်းညွှန်ပေးတတ်သော ဓမ္မကထိက ပုဂ္ဂိုလ်မြတ်များကို ဆိုလိုပါသည်။

ထိုအဆွေခင်ပွန်းကောင်းကြီး ၁၀-မျိုးကို ကိုယ် နှုတ် စိတ်ဖြင့် ပြစ်မှားလျှင်၊ ကျေးဇူးကန်းလျှင်
အနာရခြင်း၊ စည်းစိမ်ဥစ္စာ ပျက်စီးခြင်း၊ မင်းဒဏ်သင့်ခြင်း စသော ဒဏ် ၁၀-ပါး
ကြုံတွေ့တတ်သည်ဖြစ်ရာ အထူးသတိပြု၍ မပြစ်မှားမိအောင် စောင့်ထိန်းပြီးလျှင်
တတ်အားသမျှ ရိုသေလေးစား ကျေးဇူးပြုအပ်ကြောင်း သတိပေး နှိုးဆော်ရပါသည်။

No comments:

Post a Comment