.... NavBar ဖွင့်/ပိတ်
လောကနတ် ဓမ္မဆိုဒ်လေးကိုလာရောက်ကြသူအပေါင်းကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေ။
....

Tuesday, September 13, 2011

ရှင်တော်မြတ်ဘုရား ဆုံးမပုံက_

* ဗျာဒိတ်စကား ဆိုရုံနဲ့ မယုံကြည်ပါနှင့်။

* အစဉ်အဆက် ယုံကြည်လက်ခံလာတာ ဖြစ်ယုံနှုင့် မယုံကြည်ပါနှင့်။

* သတင်းကြားနဲ့ လဲ မယုံကြည်ပါနှင့်။

* မြင့်မြတ်တဲ့ ကျမ်းစာများမှာ ပါရုံနဲ့ လဲ မယုံကြည်ပါနှင့်။

* တဆင့် စကားကြားယုံမျှနှင့်လည်း မယုံကြည်ပါနှင့် ။

* စဉ်းစားတွေးခေါ်ရေး ဒဿနိကဗေဒတွေနဲ့ ကိုက်ညီရုံမျှနှင့်လဲ မယုံကြည်ပါနှင့်။

* ပြောတဲ့လူက ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်ယုံမျှနှင့်လဲ မယုံကြည်ပါနှင့်

* မိမိဆရာ ဖြစ်ယုံနှင့်လဲ မယုံကြည်ပါနှင့်

* သင်ကိုယ်တိုင် ကောင်းတဲ့အရာဘဲ အပြစ်ကင်းတဲ့အရာဘဲ ပညာရှိတို့  ချီးမွမ်းအပ်တဲ့

* အရာဘဲ လက်တွေ့ ကျင့်ကြည့်တဲ့ အခါမှာလဲ မုချ ချမ်းသာစေနိုင်တဲ့ အရာပဲလို့

* ကိုယ်တွေ့ သိမြင်ရတဲ့ အခါကျမှပဲ အဲဒါကို ယုံကြည်လက်ခံလိုက်နာ ကျင့်ကြံပါ။


လို့ ဟောကြားတော်မူခဲ့ပါတယ်။

Saturday, September 3, 2011

ကလျာနမိတိတ္တအင်္ဂါ ၇-ပါး


ကလျာနမိတိတ္တအင်္ဂါ ၇-ပါး။ ။
သပ္ပုရိသ ခေါ် မိတ်ဆွေကောင်းမိတ်ဆွေမြတ်တို့၏ အင်္ဂါ ၇-ပါးဟူ၏။

(၁) သီလ-ကိုယ်ကျင့်သီလနှင့်ပြည့်စုံခြင်း၊
(၂) သမာဓိ- ကိုယ်နှုတ်စိတ်ငြိမ်သက်တည်ကြည်ခြင်း၊
(၃) ပညာ- ရုပ် နာမ် ပဋိစ္စသမုပ္ပါဒ်တို့ကိုသိခြင်း၊ (၄) ဓမ္မ ဒါနသစ္စာလေးပါး ဘာဝနာတရားတို့ကို ဟောကြားနိုင်ခြင်း၊
(၅) ပေယျ ဝါစာလိုက်နာဖွယ်သောစကားတို့ကို ဆိုတတ်ခြင်း၊
(၆) အတ္ထစရိယာ- သူ့ကောင်းကျိုးကိုကျင့်သုံးနိုင်ခြင်း၊
(၇) သမာနတ္ထတာ- မိမိနှင့်တူမျှသောအကျိုးတရားကို ဖြစ်စေနိုင်ခြင်း။

ကလျာနမိတိတ္တဖြစ်ကြောင်း ဂုဏ်အင်္ဂါ ၇-ပါး။ ။
မိတ်ကောင်းဖြစ်ခြင်းအင်္ဂါ ၇-ပါး။ သတ္တဂုင်္တ္တရပါဠိတော်ကလျာနမိတ္တသုတ်။

(၁) ဂရုဂုဏ်- အထက်ပါ ကလျာဏမိတ္တ အင်္ဂါ ၇-ပါးနှင့် ပြည်စုံသူဖြစ်၍ အလေးအမြတ်ပြုအပ်သောဂုဏ်။
(၂) ဘာဝနီယဂုဏ်- ထို့အတူဖြစ်၍ ချီးမွမ်းအပ်သောဂုဏ်။
(၃) ဝတ္တာရဂုဏ်- သူတစ်ပါးတို့အား ဆိုဆုံးမချင်သောဂုဏ်။
(၄) ဝစနက္ခမဂုဏ်- မသိ၍ သူတစ်ပါးတို့မေးလျှောက်သောစကားကို ခံနိုင် ဖြည့်စွမ်းနိုင်သောဂုဏ်။
(၅) ဂမ္ဘီရ ကထံ ကထာဂုဏ်- ရုပ်နာမ်နှင့်စပ်၍ နက်နဲစွာဟောပြောတတ်သောဂုဏ်။

Wednesday, August 24, 2011

အကုသိုလ် ပယ်နည်းများ‏

(၁) မြင်ခြင်းဖြင့် ပယ်ခြင်း (ဒဿနာ ပဟာတဗ္ဗာ) (၂) ပိတ်ခြင်းဖြင့် ပယ်ခြင်း (သံဝရာ ပဟာတဗ္ဗာ)

(၃) မှီဝဲခြင်းဖြင့် ပယ်ခြင်း (ပဋိသေဝနာ ပဟာတဗ္ဗာ)

(၄) သည်းခံခြင်းဖြင့် ပယ်ခြင်း (အဓိဝါသနာ ပဟာတဗ္ဗာ)

(၅) ရှောင်ကြဉ်ခြင်းဖြင့် ပယ်ခြင်း (ပရိဝဇ္ဇနာ ပဟာတဗ္ဗာ)

(၆) ဖျောက်ခြင်းဖြင့် ပယ်ခြင်း (ဝိနောဒနာ ပဟာတဗ္ဗာ)

(၇) ပွါးခြင်းဖြင့် ပယ်ခြင်း (ဘာဝနာ ပဟာတဗ္ဗာ)

(၁) သစ္စာလေးပါးကို မြင်ခြင်းဖြင့် ပယ်ခြင်း

ထာဝရ ကုသိုလ်တိုးပွားစေတဲ့ ထာဝရဒါန (၆)

(၁) အာရာမရောပဒါန- ပန်းဥယျာဉ်၊ သစ်သီးဥယျာဉ်များကို လှူဒါန်းခြင်း။

(၂) ၀နရောပဒါန- အရိပ်ကောင်းတဲ့သစ်ပင် များကို စိုက်ပျိုးလှူဒါန်းခြင်း။

(၃) သေတုကာရကဒါန- တံတားခင်းပြီး လှူဒါန်းခြင်း။

(၄) ပပါဒါန- ရေအိုးစင်တည်၍ လှူဒါန်းခြင်း။

(၅) ဥပပါနဒါန- ရေတွင်းရေကန်တူး၍ လှူဒါန်းခြင်း။

(၆) ဥပဿယဒါန - ဇရပ်၊ တန်ဆောင်း၊ ကျောင်း၊ ပြာသာဒ်၊ သိမ်၊ ဓမ္မာရုံ လှူဒါန်းခြင်း။

Saturday, August 13, 2011

သဗ္ဗညု ဘုရားရှင်တို့၏ အနှိုင်းမဲ့ ဥာဏ်တော် ၁၀-မျိုး


(၁) ဌာနာ ဌာန ကောသလ္လဥာဏ်တော် -

အရာဟုတ်သည် မဟုတ်သည်တို့ကို သိတော်မူသောဥာဏ်တော်၊ ( ဥပမာအားဖြင့် ရုပ် နာမ် ဓမ္မ သင်္ခါရတရား တို့ကို မြဲခြင်းစသည် အားဖြင့် နိစ္စ ၊ သုခ ၊ အတ္တ ရှု့မှတ်ခြင်းသည် လမ်းမှန် မဟုတ်ပေ၊ အနိစ္စ ဒုက္ခ အနတ္တ ဟု ရှုမှ လမ်းမှန်ဟု မည်သူမှ လမ်းညွှန်မှု မရှိပဲ ကိုယ်တော်တိုင် သိတော်မူခြင်းဖြစ်၏ )

(၂) အတီတာနာဂတ ပစ္စုပ္ပန္နာန ကမ္မသမာဒါနာန ၀ိပါက ဥာဏ်တော်

သတ္တ၀ါ တစ်ဦး၏ အတိတ် အနာဂါတ် ပစ္စုပ္ပန်၌ ရှိနေကုန်သောကုသိုလ် အကုသိုလ်ကံတို့ကို၎င်း၊ ထိုကံတို့၏ အကျိုးကို၎င်း၊ ယင်းကံတို့ကို ထောက်ပံ့နေသော ဥပတ္ထမ္ဘကအကြောင်း၊ တိုက်ရိုက် ဟေတု အကြောင်းအားဖြင့် အလုံးစုံသော ကံတို့၏ ရှေ့ဖြစ် နောက်ဖြစ် အားလုံး ကို သိတော်မူသော ဥာဏ်တော်ဖြစ်၏။
( ဥပမာ သတ္တ၀ါတစ်ဦး၏ လက်ရှိ ကာလ၊ ရောက်ရှိနေရာဘုံဘ၀ ဂတိ၊ တည်ရာ ဥပဓိ၊ ကိုယ်နှုတ်စိတ် သုံးပါး ဟူသော ပယောဂလုလ္လ၊ သမထ ၀ိပဿနာဟူသော အကြောင်းတို့ ပြည့်စုံမှ အကျိုးပေးနိုင်ကြောင်း စသည်ဖြင့် သိတော်မူနိုင်၏ )

Tuesday, August 9, 2011

ငါးပါးသီလ ကံမြောက်ကြောင်း အချက်များနဲ့ ကျူးလွန် ခြင်းကြောင့် ရမည့် အပြစ်များ

ပါဏာတိပါတ အင်္ဂါ ၅-ပါး။ -သတ်မှုကံမြောက် ဆုံးဖြတ်ချက်အကြောင်းငါးပါး၊ ၎င်းင်းအင်္ဂါ ၅-ပါးတို့နှင့် ပြည့်စုံက ထိုသိက္ခာပုဒ် ပျက်၏။
(၁) ပါဏ- သက်ရှိသတ္တ၀ါဖြစ်ခြင်း၊
(၂) ပါဏသညိတ-သက်ရှိသတ္တ၀ါဟု မှတ်သိခြင်း၊
(၃) ဃာတ စိတ္တ- သတ်လိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ-လုံ့လဉပခြင်း၊
(၅) မရဏ-ထိုလုံ့လကြောင့် သေခြင်း။

ပါဏာတိပါတ၏ ပယောဂမျိုး ၈-ပါး။ ။ပါဏာတိပါတကံ ဖြစ်နိုင် ခြင်း၏ အကြောင်း တရားမျိုး ရှစ်ပါး၊ ပါရာဇိကဏ် အဋ္ဌကထာမှ။
(၁) ဥဒိဿ ပယောဂ- သတ္တ၀ါကိုရည်မှတ်၍ သတ်ဖြတ် ထိုးခုတ်ခြင်း၊
(၂) အနုဒ္ဒိဿ ပယောဂ-သတ္တ၀ါတစုံတခုကို ရည်မှတ်ခြင်းမရှိဘဲ ဘာကောင်သေသေဟု ပစ်ခတ် ထိုးခုတ်လိုက်ခြင်းမျိုး၊
(၃) သာဟတ္ထိက ပယောဂ-ကိုယ်တိုင် သတ်ပုတ် ထိုးခုတ်ခြင်း၊
ပါဏာတိပါတ အင်္ဂါ ၅-ပါး။ -သတ်မှုကံမြောက် ဆုံးဖြတ်ချက်အကြောင်းငါးပါး၊ ၎င်းင်းအင်္ဂါ ၅-ပါးတို့နှင့် ပြည့်စုံက ထိုသိက္ခာပုဒ် ပျက်၏။
(၁) ပါဏ- သက်ရှိသတ္တ၀ါဖြစ်ခြင်း၊
(၂) ပါဏသညိတ-သက်ရှိသတ္တ၀ါဟု မှတ်သိခြင်း၊
(၃) ဃာတ စိတ္တ- သတ်လိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ-လုံ့လဉပခြင်း၊
(၅) မရဏ-ထိုလုံ့လကြောင့် သေခြင်း။

ပါဏာတိပါတ၏ ပယောဂမျိုး ၈-ပါး။ ။ပါဏာတိပါတကံ ဖြစ်နိုင် ခြင်း၏ အကြောင်း တရားမျိုး ရှစ်ပါး၊ ပါရာဇိကဏ် အဋ္ဌကထာမှ။
(၁) ဥဒိဿ ပယောဂ- သတ္တ၀ါကိုရည်မှတ်၍ သတ်ဖြတ် ထိုးခုတ်ခြင်း၊
(၂) အနုဒ္ဒိဿ ပယောဂ-သတ္တ၀ါတစုံတခုကို ရည်မှတ်ခြင်းမရှိဘဲ ဘာကောင်သေသေဟု ပစ်ခတ် ထိုးခုတ်လိုက်ခြင်းမျိုး၊
(၃) သာဟတ္ထိက ပယောဂ-ကိုယ်တိုင် သတ်ပုတ် ထိုးခုတ်ခြင်း၊
(၄) အာဏတ္တိက ပယောဂ- သူတပါးကို စေခိုင်းခြင်း၊
(၅) နိဿဂ္ဂိယ ပယောဂ-အဝေး၌နေသော သတ္တ၀ါကို မြှား လှံ သေနတ် စသည်ဖြင့် ပစ်ခတ်ခြင်း၊
(၆) ထာဝရ ပယောဂ- အမြဲတည်နေ၍ သေစေနိုင်သည့် တွင်းတူးထားခြင်းç ဆေးဝါး အစီအရင် ထားခြင်း စသည့် အရာမျိုး၊
(၇) ၀ိဇ္ဇာမယ ပယောဂ- ဓာတ်ရိုက် ဓာတ်ဆင် ဂါထာမန္တရား စသော အစီ အရင်တို့ဖြင့် သေအောင်လုပ်ခြင်း၊ (၈) ဣဒ္ဓိမယ ပယောဂ- မိမိ ကမ္မဇိဒ္ဓိ တန်ခိုးဖြင့် သတ္တ၀ါတို့ကို သေစေခြင်း။

ပါဏာတိပါတကံ၏ မကောင်းကျိုး ၂၃-မျိုး။ ။ပါဏာတိပါတ် သူ့သက်သတ်သူတို့ ခံစားတွေ့ကြုံ ရသော မကောင်းကျိုးများသည် ပိဋကပါဠိတော်တို့၌ သင်္ချာ အမျိုးမျိုး ဖြင့် လာရှိ သော်လည်း ဤ၌ အလုံးစုံပါဝင်သည့် ခုဒ္ဒကပါဌ အဋ္ဌ ကထာ လာ သင်္ချာ ၂၃-ပါးကို ဆိုလေသည်၊ သိလွယ်နိုင်ရန် မြန်မာ ဘာသာ သက်သက်ဖြင့် ပြလိုက်၏။
(၁) ကိုယ်အင်္ဂါချို့တဲ့ခြင်း၊
(၂) လုံးရပ်နေထား အချိုးအစား မကျခြင်း၊
(၃) နုံနှေးလေးဖင့်ခြင်း၊
(၄) ခြေç လက်ç ဖ၀ါးçမညီခြင်း၊
(၅) မလှပ မတင့်တယ်ခြင်း၊
(၆) အရေ အဆင်း မပြောင်ဝင်းခြင်း၊
(၇) အသားအရေကြမ်းတန်းခြင်း၊
(၈) ကြောက်ရွံ့တတ်ခြင်း၊
(၉) ခွန်အားဗလ မရှိခြင်း၊
(၁၀) စကားပြေပြစ်စွာ မပြောတတ်ခြင်း၊
(၁၁) ချစ်ခင်သူ မရှိခြင်း၊
(၁၂) မိမိပရိသတ် အကြိမ်ကြိမ် ပျက်စီးခြင်း၊
(၁၃) ထိတ်လန့်တတ်ခြင်း၊
(၁၄) လက်နက် အဆိပ်ဘေး သင့်တတ်ခြင်း၊
(၁၅) သူများ ပယောဂကြောင့်သေရခြင်း၊
(၁၆) တွေဝေမိုက်မဲခြင်း၊
(၁၇) ခြွေရံပရိသတ် နည်းပါးခြင်း၊
(၁၈) ရွံ့စရာကောင်းသောရုပ်အဆင်းရှိခြင်း၊
(၁၉) ကုန်းကော့သော ကိုယ်ရှိခြင်း၊
(၂၀) ကြောင့်ကြ စိုးရိမ်မှုများခြင်း၊
(၂၁) ဘေးရန် များခြင်း၊
(၂၂) ချစ်ခင်သော သားသမီးတို့နှင့် ကွေကွင်းရခြင်း၊
(၂၃) အသက်တိုခြင်း။

အဒိန္နာဒါနာ အင်္ဂါ ၅-ပါး။ ။ ခိုးမှုကံမြောက်အင်္ဂါ ၅-ပါး။
(၁) ပရသန္တက - သူတစ်ပါးဥစ္စာဖြစ်ခြင်း၊
(၂) တထာသညာ - သူတစ်ပါးဥစ္စာဟုမှတ်ထင်ခြင်း၊
(၃) ထေယျစိတ္တ - ခိုးလိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ - ခိုးရန်လုံ့လပြုခြင်း၊
(၅) တေနဟာရ - ထိုလုံ့လဖြင့် ခိုးခြင်း။

ခိုးခြင်း ၂၅-ပါး။ ။ ပါရာဇိကဏ် ပါဠိတော် ၆၅။ ဋ္ဌ။ ပ-အုပ်။ ၂၆၃- ၃၃၀- ၃၃၁- ၃၃၂ တို့၌ အကျယ်ရှု။ ရဟန်း တော်များ အတွက် ပါရာဇိကဥပဒေပုဒ်မ ၂၊ အဒိန္နာဒါန် သိက္ခာပုဒ်၏ အသေးစိတ် ရှင်းလင်းချက် ၂၅-ပါး။

(၁) နာနာဘဏ္ဍ ပဉ္စကခေါ် ပိုင်ရှင်မပေးသော သက်ရှိသက်မဲ့ ပစ္စည်းဘဏ္ဍာ အမျိုးမျိုးတို့ကို အောက်ပါနည်း ငါးပါးဖြင့် ခိုးယူခြင်းမျိုး။
(က) အာဒိနယ- ကျောင်း အိမ် မြေ ခြံစသည်တို့ကို လိမ်ညာသောနည်းဖြင့် တရားဆင်ကာ စွဲဆိုခိုးယူခြင်း မျိုး၊ ပိုင်ရှင်က စိတ်လျော့ ၀န်ချ လိုက်လျှင် ပါရာဇိက၊
(ခ) ဟရဏ-သည်ပိုးထမ်းဆောင်လာသော သူ့ပစ္စည်းကို ကိုယ့်ဥစ္စာ ဖြစ်အောင် ပြောဆို စွပ်စွဲ၍ ထမ်းဆောင် လာသော သူ၏ ကိုယ်ပေါ်မှ ကျစေလျက် ခိုးယူ ခြင်းမျိုး၊ သူ့ကိုယ် ပေါ်မှ ချလိုက်သည်နှင့် ပါရာဇိက၊
(ဂ) အ၀ဟရဏ-သူတစ်ပါးခေတ္တအပ်နှံထားသော သူပိုင်ဥစ္စာဘဏ္ဍာကို မအပ်ပါဟူ၍လည်းကောင်း ငါ့ဥစ္စာ ဖြစ်သည် ငါ့ဟာ ပြန်မပေးနိုင်တော့ဘူးဟုလည်းကောင်း၊ လိမ်ညာ ပြောဆိုလျက် ခိုးယူခြင်းမျိုး၊ ပိုင်ရှင် စိတ်လျှော့ ၀န်ချသည်နှင့် ပါရာဇိက၊
(ဃ) ဣရိယာပထ၀ိကောပန- ထမ်းပိုးဆောင်ရွက် လာ သော သူတစ်ပါး ဥစ္စာကို ထမ်းဆောင် လာသူ နှင့်တကွ ထမ်းလာသည့် ဥစ္စာ ကိုပါ ခိုးယူ အံ့သော အကြံဖြင့် ပစ္စည်းရော လူပါ ခိုးယူခြင်းမျိုး၊ ပိုင်ရှင် စိတ်လျှော့ပြီး ဒုတိယ ခြေလှမ်းကြွ သည်နှင့် ပါရာဇိက၊
(င) ဌာနာစ၀န- သူချထားသော ပစ္စည်းဥစ္စာကို ခိုးယူ လိုစိတ်ဖြင့် မူလနေရာမှ ရွေ့အောင် ကြွအောင်လုပ်ခြင်း မျိုး၊ ရွေ့သည် ကြွသည်နှင့် ပါရာဇိက ကျတော့၏၊ နာနာဘဏ္ဍပဉ္စကပြီး၏။

(၂) ဧကဘဏ္ဍ ပဉ္စက- ဤ၌ သက်ရှိ သ၀ိညာဏကဖြစ်သော ဘဏ္ဍာကိုသာ ယူရသည်၊ ခိုးယူခြင်းနည်း ငါးပါးမှာ နာနာဘဏ္ဍပဉ္စကအတိုင်း အာဒိနယ ဟရဏ အ၀ဟရဏ ဣရိယာပထ ၀ိကောပန ဌာနာစ၀န နည်းတို့ဖြင့် အတူတူပင်မှတ်လေ၊ ဧကဘဏ္ဍ ပဉ္စကပြီး၏။

(၃) သာဟတ္ထိက ပဉ္စက- ဤ၌ သက်မဲ့ဖြစ်သော အ၀ိညာဏကပစ္စည်းကို ပိုင်ရှင်မပေးပဲ အောက်ပါငါးနည်း ဖြင့် ခိုးယူခြင်းမျိုး။
(က) သာဟတ္ထိက မိမိကိုယ်တိုင် ကိုယ်ထိလက်ရောက်ခိုးယူခြင်းမျိုး။
(ခ) အာဏတ္ထိက-ဤသူ၏ဘဏ္ဍာကို သွားခိုးချေဟုစေခိုင်းခြင်းမျိုး၊
(ဂ) နိဿဂ္ဂိယ- ကင်းခွန် အကောက်တော်စသည် မပေးရအောင် ဤဖက်နယ်ခြားမှ ထိုဖက်နယ်မြေသို့ ကျအောင် ပစ္စည်းဥစ္စာကို ပစ်သွင်း၍ သို့မဟုတ် တစ်နည်း နည်းဖြင့် ကြံဆ၍ ခိုးယူသွားခြင်းမျိုး၊
(ဃ) အတ္ထ သာဓက- ထိုသူ၏ဘဏ္ဍာကို အခွင့်သာတဲ့အခါ စွမ်းနိုင်တဲ့ အခါကို စောင့်ပြီး ခိုးယူ လိုက်ရ မည်ဟု စေခိုင်း ထားလျက် ခိုးယူ စေခြင်းမျိုး၊
(င) ဓုရ နိက္ခေပတရား၌စွဲ၍ယူခြင်း လိမ်ညာလှည့်ပတ်၍ယူခြင်း၌ ဥစ္စာပိုင်ရှင်က ငါတော့ရှုံးပါပြီ၊ ငါ့ဥစ္စာတော့မရတော့ ပါဘူးဟု ၀န်ချလိုက်ခြင်းမျိုး၊ သာဟတ္ထိက ပဉ္စက ပြီး၏။

(၄) ပုဗ္ဗ ပယောဂ ပဉ္စက- အရှင်မပေးသော ပစ္စည်းဘဏ္ဍာကို အောက်ပါနည်း ငါးမျိုးဖြင့် ခိုးယူခြင်း။
(က) ပုဗ္ဗ ပယောဂ- ၎င်းင်းခိုးနည်းကား အာဏတ္ထိကနှင့် သဘောတူဖြစ်၏၊
(ခ) သဟပယောဂ-လယ်မြေ ခြံမြေစသည်ကို နယ်ခြား မှတ်တိုင်ငုတ် စသည်ကို နုတ်၍ ရွှေ့ပြောင်း စိုက်နှက် ခိုးယူခြင်း၊
(ဂ) သံဝိဓါ ၀ဟာရ- အချင်းချင်း စုပေါင်းတိုင်ပင်၍ ခိုးယူခြင်းမျိုး၊ တိုင်ပင်စဉ် အခါက သဘောတူ ပါသူသည် ခိုးရာ၌ ပါပါ မပါပါ ပါရာဇိက၊
(ဃ) သင်္ကေတ ကမ္မ- အချိန်ကာလ နာရီအပိုင်းအခြား မှတ်သား ချိန်းချက် လျက် ဤမည်သော ဘဏ္ဍာကို ခိုးယူတော့ဟု ခိုးခိုင်း ခြင်းမျိုး၊ သူပေးသော အချိန်နှင့် ပစ္စည်း အတိုင်း ခိုးယူသော် ပါရာဇိက၊
(င) နိမိတ္တကမ္မ- မျက်စိမှိတ်ခြင်း၊ လက်မြှောက်ခြင်းစသော အမှတ် နိမိတ် သညာ တစ်ခုခု ထား၍ ခိုးခိုင်းခြင်း မျိုး၊ နိမိတ် ပြုလိုက် သည်နှင့် တစ်ပြိုင်နက် ခိုးငြားအံ့ နိမိတ် ပြသူ ပါရာဇိက၊ ပုဗ္ဗပယောဂပဉ္စက ပြီး၏။

(၅) ထေယျာ ၀ဟာရ ပဉ္စက- ပိုင်ရှင်မပေးသော ပစ္စည်းဘဏ္ဍာကို အောက်ပါ နည်း ငါးမျိုးဖြင့် ခိုးယူ ခြင်းမျိုး။ (က) ထေယျာ ၀ဟာရ- နံရံစသည် ဖေါက်ထွင်း ဖွင့်ဖြဲ၍ ခိုးခြင်း၊ တောင်းတင်း ချိန် အလေးစသည်တို့ကို စဉ်းလဲ ကောက်ကျစ်၍ ခိုးယူ ခြင်းမျိုး၊
(ခ) ပသယှာဝဟာရ- နိုင်ထက် စီးနင်း ပြု၍ ယူခြင်း၊ ဓါးပြတိုက် ယူခြင်း၊ ပုန်ကန် ထကြွ၍ ယူခြင်း၊ မင်းစိုးရာဇာ တို့သည် ရသင့်သော အခွင့်ထက် အာဏာ ပြ၍ ပိုမို ကောက်ခံ ခြင်းမျိုး၊
(ဂ) ပရိကပ္ပါဝဟာရ- ဤ၌
၁- ဘဏ္ဍာပရိကပ္ပခေါ် အထည်အလိပ်ကိုသာ ယူအံ့ဟူကြံစည်လျက် အခန်း တွင်းသို့ ၀င်သွားပြီး မှောင်ထဲ၌ အထုပ်ကြီးကိုထမ်းယူလာလျက် ကြည့်သော အခါ အထည် မဟုတ်ဘဲ ချည်ခင် တွေဖြစ် နေပါအံ့ ပါရာဇိက မကျ၊ အထည်လိပ် ဖြစ်နေ ပါက ပါရာဇိကကျ၏။
၂- သြကာသပရိကပ္ပခေါ်အရပ်ဖြင့် ပိုင်းခြား ကြံစည်၍ ခိုးခြင်းကား ဤခြံဝင်း အတွင်း၌ ငါ့ကို တွေ့မြင် ပါမူ ဤပစ္စည်း ဥစ္စာကို ဤခြံဝင်း အတွင်း၌ လှည့်လည်ရင်း ကြည့်ရှုရန် ကိုင်လာ သယောင် ဆောင်၍ ပြန်ပေး လိုက်အံ့၊
အကယ်၍ တစ်စုံတစ်ယောက် နှင့်မှ မတွေ့ရပါမူ ခိုးယူ သွားအံ့ ဟူသော အကြံဖြင့် ခိုးယူခြင်းမျိုး၊ အပိုင်းအခြား လွန်သည်နှင့် ပါရာဇိက၊
(ဃ) ပဋိ စ္ဆန္နာဝဟာရ- ပန်းခြံ ရေချိုးဆိပ်စသည်တို့၌ သူတစ်ပါး ချွတ်ချ ထားသော ဘဏ္ဍာကို ခိုးလိုစိတ်နှင့် နောက်မှ ယူအံ့ဟု ကြံလျက် မြေမှုန့် မြက်မှိုက် စသည်တို့ဖြင့် ဖုံးအုပ်ထားပြီး ခိုးယူခြင်းမျိုး၊
(င) ကုသာ ၀ဟာရ- မဲလိပ် စာရေးတံစသည်တို့ကို မိမိသို့ အကောင်း ရရန် ကြံစည်လျက် တစ်စုံတစ်ခုသော နည်းပရိယာယ်ဖြင့် ခိုးယူခြင်းမျိုး၊ ထေယျာ ၀ဟာရ ပဉ္စကပြီး၏။

ခိုးခြင်း ပယောဂမျိုး ၆-ပါး။ ။ (၁) သ ဟတ္ထိက- ကိုယ်တိုင်ခိုးခြင်း၊ (၂) အာဏတ္တိက စေခိုင်း၍ ခိုးခြင်း၊ (၃) နိသဂ္ဂိက- နေရာရွှေ့ပြောင်းပစ်လွှင့်ခိုးခြင်း၊ (၄) ထာဝရ- တင်းတောင်း လိမ် ချိန်လိမ်စသည်ပြု၍ခိုးခြင်း၊ (၅) ၀ိဇ္ဇာမယ- အမေ့ အဟန့်စသော အတတ်ပညာဖြင့်ခိုးခြင်း၊ (၆) ဣဒ္ဓိမယ- တန်ခိုးဖြင့် ခိုးခြင်း။

ခိုးသူကြီးတို့ လိုက်နာ စောင့်ထိန်းအပ်သော အင်္ဂါ ၈-ပါး။ ။ဤအင်္ဂါရှစ်ပါးကို စောင့်ထိန်းသော ခိုးသား ကြီးများသည် ရက်-လ-နှစ်ရှည်- တည်တံ့နိုင်သည်၊ ဤအင်္ဂါရှစ်ပါးနှင့် မပြည့်စုံသောခိုးသား ဓားပြတို့ကား- ရက်-လရှည်မတည်၊ လျင်မြန်စွာ ပျက်စီးတတ်သည်ဟု အင်္ဂုတ္တရပါဠိတော်တတိယအုပ်- (၁၅၃)၌ ဟောတော်မူသည်။
(၁) မိမိ၏ ရန်သူမဟုတ်သည့် အသက်အရွယ်ကြီးသူç ကလေးသူငယ်ç အကျင့်သီလဂုဏ် ရှိသူçတို့ကိုရိုက်နှက် ပုတ်ခတ်မှု မပြခြင်း၊
(၂) ပစ္စည်းဥစ္စာကို အကုန်မယူခြင်း၊
(၃) မိန်းမကို မသတ်ခြင်း၊
(၄) အမျိုးသမီးတို့ကို မဖျက်ဆီးခြင်း၊
(၅) ရှင် ရဟန်းတို့ကို မလုရက်ခြင်း၊
(၆) မင်းဘဏ္ဍာတိုက်ကို မလုရက်ခြင်း၊
(၇) ရွာ-နိဂုံးမင်းနေပြည်အနီး၌ မလုရက် မတိုက်ခိုက်ခြင်း။

သူခိုး ဒါးပြ သူပုန်တို့၏ မှီခိုအားထားရာကြီး ၅-ပါး။ ။ လူသားတို့ငြိမ်းဧချမ်းသာမှု အတွက် တိုင်းပြည် မြို့ရွာ နယ်ပယ် အုပ်ချုပ် ထိန်းသိမ်းကြသော မင်းစိုးရာဇာတို့ သိထားရန်။ အင်္ဂုတ္တရ ။ပါ။ ဒု-အုပ်။ ၁၁၃-၌အကျယ်ရှုပါ။
(၁) အသွားအလာ ခက်သည့် ရေလယ်ကျွန်း၊ တောင်ကြားချောက်ကြား၊ ရှို-မြောင် မညီညွတ်သော ခရီးခက်အရပ်ကို မှီနေတတ်ကြသည်၊
(၂) ထူထပ်သည့် ကိုင်းတော ကျူတော၊ ပင်ချင်း ယှက်သည့် တောအုပ်ကြီး စသည့် အရပ်မျိုး၊
(၃) တစုံတယောက်က ဖေါ်ပြောလျှင် မင်းအမတ် မှုထမ်း ရာထမ်းတို့က အပြစ်ကို ကာကွယ်ဖုံးအုပ် ပေးရန် ၎င်းတို့နှင့် ကြိုတင်၍ အကျွမ်းတ၀င် အမှီတံကဲ ပြုလုပ်ထားခြင်း၊
(၄) မိမိတို့အပြစ်ကို ဖေါ်ပြောထုတ်ဆိုမည့်သူများအား နှုတ်ပိတ်ခ ပစ္စည်း ဥစ္စာ ပေးကမ်းရန်၊
(၅) မိမိတို့၏ လျှို့ဝှက်တိုင်ပင်မှု မပေါက်ကြား စေရန် အထူး လုံခြုံသော နည်းလမ်း ဥပါယ်တို့ ဖြစ်၏။

အဒိန္နဒါန်၊ ပြစ်မျိုးကံ၊ ထည့်ပြန် ၁၂-ပါး။ ။ သူ့ဥစ္စာကို ခိုးဝှက်တိုက်ခိုက်သူတို့ ရရှိခံစားမှု အပြစ်မျိုး ဆယ့်နှစ်ပါး။ (ခုဒ္ဒကပါဌ အဋ္ဌကထာမှ)
(၁) မြတ်သောဥစ္စာမျိုး မရရှိခြင်း၊
(၂) ယုတ်ညံ့သည့်ဥစ္စာမျိုးကိုသာရရှိခြင်း၊
(၃) ပစ္စည်းဥစ္စာနည်းပါးခြင်း၊
(၄)အလွန်ဆင်းရဲမွဲတေခြင်း၊
(၅) မရသေးသောဥစ္စာကိုမရခြင်း၊
(၆) ရရှိပြီးစည်းစိမ်များ ဆုတ်ယုတ်ပျက်စီးခြင်း၊
(၇) လိုရာဥစ္စာကိုမရနိုင်ခြင်း၊
(၈) ရန်သူမျိုးငါးပါးနှင့်သာ ဆက်ဆံတွေ့ကြုံရခြင်း၊
(၉) သူတစ်ပါးနှင့်ဆက်ဆံသောဥစ္စာမျိုးကိုသာရခြင်း၊
(၁၀) မရှိစကားကိုသာကြားရခြင်း၊
(၁၁) ချမ်းသာစွာမနေရခြင်း၊
(၁၂) လောကုတ္တရာဥစ္စာကိုမရနိုင်ခြင်း။

ကာမေသုမိစ္ဆာစာရ အင်္ဂ ၄-ပါး။ ။ ကာမကိစ္စ၌ ကံမြောက်နိုင်သည့်အင်္ဂါလေးပါး။
(၁) အ ဂမနိယ ၀တ္ထု ၂၀-တို့တွင်ပါဝင်ခြင်း၊
(၂) ကျင့်ပြု မှီဝဲလိုစိတ်ရှိခြင်း၊
(၃) ရနိုင်သောနည်းဖြင့် လုံ့လလည်းပြုခြင်း၊
(၄) ပြုကျင့်ခြင်းကိုလည်း သာယာခြင်း။

ကာမေသုကံ၊ ကျိုးပြစ်ဒ်ဒဏ်၊ ထိမိမှန် ၁၅-ပါး။ ။ သူ့သားမယား၌ သွားလာ လွန်ကျူး သူတို့ ရရှိသော မကောင်းကျိုးအပြစ်ဆယ့်ငါးပါးဟူ၏။ ထိုထို ကျမ်းစာ တို့၌ အမျိုးမျိုး လာရှိသည်။
(၁) အပါယ် ၄-ပါးသို့လားရခြင်း၊
(၂) မိန်းမ ပဏ္ဍုက်ဖြစ်ရခြင်း၊
(၃) ရန်သူနှင့်တွေ့ရခြင်း၊
(၄) လူအများ မုန်းခြင်း၊
(၅) စား ၀တ် အိပ်ယာရခဲခြင်း၊
(၆) ဆင်းဆင်းရဲရဲ အိပ်ရ နိုးရခြင်း၊
(၇) အမျက်ဒေါသကြီးခြင်း၊
(၈) လောကုတ္တရာတရား မရရှိနိုင်ခြင်း၊
(၉) စည်းစိမ်ဥစ္စာ ပျက်ပြုန်းရခြင်း၊
(၁၀) ယုံကြည်မှု ကင်းမဲ့ခံရခြင်း၊
(၁၁) ဘေးတွေ့ရခြင်း၊
(၁၂) ယုံမှားသံသယများခြင်း၊
(၁၃) ချစ်သူတို့နှင့် ခွဲနေရခြင်း၊
(၁၄) အသက်တိုခြင်း၊
(၁၅) ဆင်းရဲကြီးစွာတွေ့ရခြင်း။

အုပ်ထိန်းသူ ရှိသော မိန်းမ ၂၀။ ။ အုပ်ထိန်းခြင်းရှိသဖြင့် ယောက်ျားတို့ မသွားလာ အပ်သော မိန်းမ ၂၀-ဟူလို။
(၁) မာတု ရက္ခိတ- အမိအုပ်ထိန်းသော မိန်းမ၊
(၂) ပိတု ရက္ခိတ- အဘအုပ်ထိန်းသောမိန်းမ၊
(၃) မာတာပိတု ရက္ခိတ- မိဘ ၂-ပါးအုပ်ထိန်းသော မိန်းမ၊
(၄) ဘာတုရက္ခိတ- မောင်ကြီးမောင်ငယ် အုပ်ထိန်းသောမိန်းမ၊
(၅) ဘဂိနိ ရက္ခိတ- အစ်မကြီး အစ်မငယ်အုပ်ထိန်းသောမိန်းမ၊
(၆) Óတိ ရက္ခိတ- ဆွေမျိုးအုပ်ထိန်းသောမိန်းမ၊
(၇) ဂေါတ္တရက္ခိတ- အနွယ်တူ အုပ်ထိန်းသောမိန်းမ၊
(၈) ဓမ္မရက္ခိတ- သီတင်းသုံးဖေါ်စောင့်ရှောက်အုပ်ထိန်းသေမိန်းမ။

မှတ်ချက်။ ။ ၎င်း ၈-ယောက်သောမိန်းမတို့ကား သူတို့မှာ ကံမထိုက်၊ သွားလာ လွန်ကျူးသူ ယောက်ျားများ မှာသာ ကံထိုက်သည် ဟူ၏။
(၉) သာရက္ခာ- ထိမ်းမြားကြောင်းလမ်းပြီးသူ ]လက်ထပ်ပြီးသူ} လင်အုပ်ထိန်းသောမိန်းမ၊
(၁၀) သ ပရိဒဏ္ဍာ- မင်းတို့ကောက်ယူရန်သတ်မှတ်လျက် ဒဏ်ထားပြီးလျှင် အုပ်ထိန်းသောမိန်းမ၊
မယားမြောက်ကြောင်း ဆယ်ပါး
(၁၁) ဓနက္ကီတာ- ဥစ္စာဖြင့်ဝယ်ယူလျက် မယားအဖြစ်ထားသောမိန်းမ၊
(၁၂) ဆန္ဒ ၀ါသိနီသဘောတူအလိုတူ၍ ညားနေသောမိန်းမ၊
(၁၃) ဘောဂ ၀ါသိနီ- စည်းစိမ်ပေး၍ ပေါင်းဖေါ်သောမိန်းမ၊
(၁၄) ပဋ၀ါသိနီ- ပုဆိုးပေး၍ ပုဆိုး တန်းတင် ပြု၍ နေသော မိန်းမ၊
(၁၅) သြဒ ပတ္တကိနီရေခွက်၌ လက်ဆုံချ၍မိဘနှစ်ပါး ထိန်းမြားပေးသောမိန်းမ၊
(၁၆) သြဘဋ စုမ္ဗဋာ- ခေါင်းခုကိုချ၍ လင်မယားအဖြစ်နေသော မိန်းမ၊
(၁၇) ဒါသီ စ ဘရိယာ စ- ကျွန်လည်းဖြစ် မယားလည်းဖြစ်သောမိန်းမ၊
(၁၈) ကမ္မကာရီ စ ဘရိယာ စ- အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊
(၁၉) ဓဇာ ဟဋာ- စစ်မြေပြင်မှ ဆောင်ယူခဲ့သောမိန်းမ၊
(၂၀) မုဟုတ္တိကာ- တစ်ခဏ္ဏမျှ ပေါင်းဖေါ်ရန် ငှားရမ်း ထားသော ခေတ္တမယားဖြစ်သူမိန်းမ။
မှတ်ချက်။ ။ ၎င်းင်း ၁၂-ယောက်သောမိန်းမများကို သွားလာလွန်ကျူးခဲ့မူ လင်ရှိ မယားဖြစ်၍ မိန်းမရော ယောက်ျားပါ နှစ်ဦးစလုံး ကံထိုက်သည်ဟူ၏၊ အကျယ်ကို လိုမူ ပါရာဇိကဏ် ပါဠိတော် အဋ္ဌကထာ ဋီကာ။ အဋ္ဌသာလိနီ အဋ္ဌကထာ မူလဋီကာမှာ ရှုပါလေ။

မယားခိုး အပြား ၇-ပါး။ ။မယားခိုးမှု စီရင်ရာ၌ မနုဓမ္မသတ်အလို အောက်ပါ ခုနှစ်ပါးကို ပြသည်။
(၁) ဟတ္ထဂ္ဂါဟ-လက်စသည်ကိုင်တွယ်သုံးသပ်ခြင်း၊
(၂) ဃရ ပတ္တလင်မရှိခိုက် အိမ်သို့ သွားယောက်ခြင်း၊
(၃) ဂုယှဋ္ဌာန-လုံခြုံသောအရပ်၌ ကာမနှင့်စပ်သောစကားတို့ကိုဆိုခြင်း၊
(၄) သလ’ာပ-ကာမဂုဏ်ဖြင့် ဖြောင်းဖြပြောဆိုခြင်း၊
(၅) သေနိ-တင်းတိမ်çခြင်ထောင်တွင်းသို့ ၀င်ရောက်ခြင်း၊
(၆) ဒွါရ-တိုက်တံခါးအတွင်းသို့ ၀င်ရောက်ခြင်း၊
(၇) သေယျ-အိပ်ရာခန်းသို့ဝင်ရောက်ခြင်း။

မေထုန် ၂-ပါး၊ မျိုးအပြား၊ ခွဲခြား မိန့်ဆိုဘိ။ ။
(၁) မေထုန်ကြီး-မိန်းမ ယောက်ျား ကာယကံမြောက် အင်္ဂါဇာတ် အချင်းချင်း သွားလာမှီဝဲခြင်းမျိုး၊
(၂) မေထုန်ငယ်- မိန်းမ ယောက်ျား ရသေ့ စိတ်ဖြေအားဖြင့် ကိုယ်လက်သုံးသပ် ပြုမူသာယာမှုမျိုး။

မေထုန် ငယ် ၇-ပါး။ ။သတ္တင်္ဂုတ္တရ။ပါ။ ၄၃၈။ဋ္ဌ။ ၁၆၇-၌ အကျယ်ရှု။ အဗြဟ္မစရိယ သိက္ခာပုဒ်တော်၏ ညှိုးနွမ်း ပေါက်ကြားမှုမျိုး ၇-ပါး၊ မိန်းမ ယောက်ျား ၂-ဦးလုံး အတွက် အပြန်အလှန် ယူရမည်။
(၁) မာတုဂါမ၏ ပွတ်တိုက်ဆုပ်နယ်နှိပ်ပေးမှု၌ သာယာခြင်း၊
(၂) မာတုဂါမနှင့် ပြုံးကာ ရယ်ကာ တို့ကာ ဆိတ်ကာ နေရသည်ကို သာယာခြင်း၊
(၃) မျက်နှာချင်းဆိုင်၍ အားပါးတရ ကြည့်ရှုနေရမှုကို သာယာခြင်း၊
(၄) မျက်ကွယ်ရာ အနီးအနားက ၎င်းင်းတို့၏ ပြောသံ ဆိုသံ ရယ်သံကိုကြား၍ သာယာစွာ နားစိုက် ထောင်ခြင်း၊
(၅) ရှေးအခါက မာတုဂါမနှင့် ပျော်ပျော်ကြီး ပြုမှုနေထိုင် ကျင့်ကြံမှု မျိုးစုံကို တွေးတော အောက်မေ့ သာယာခြင်း၊
(၆) သူတပါးတို့ ပြုမူကျင့်ကြံ ခံစားနေမှုကိုမြင်ရ၍ သာယာခြင်း၊
(၇) ယခု ဘ၀ ဉပစုအားထုတ်ရသော သီလကုသိုလ်ကြောင့် နောက်ဘ၀၌ နတ်မင်းကြီး ဖြစ်ပြီး နတ်သမီး နတ်သားများစွာတို့နှင့် ပျော်ပါးရန် မြှော်လင့် လျက် သာယာနေခြင်း။

မေထုန် မမှီဝဲ အပ်သော မိန်းမ ၁၄-ပါး။ ။ထို ဆယ့်လေးယောက်တို့တွင် အချို့ ကား ကျန်းမာရေးကို ထိခိုက်စေ၍ အချို့ကာ ဘာသာတရားနှင့် လောက၀တ် ဥပဒေများက တားမြစ်၍ အပြစ် ရှိသည်၊

အမရိတ ဘေသဇ္ဇကျမ်းမှ၊ ဥတုလာနေသူ၊ အလိုမရှိသူ၊ ညစ်နွမ်း မသန့်စင်သူ ၊ မချစ်ခင်သူ၊ ပြည့်တန်ဆာမ၊ အရွယ်ကြီးရင့်သူ၊ ရောဂါသည်မ၊ ကိုယ်အင်္ဂါ ချို့တဲ့သူ၊ ကိုယ်ဝန်ဆောင်မ၊ ရန်သူမ၊ အင်္ဂါဇာတ်၌ အနာရှိသူ၊ လင်ရှိသူ ၊ မာတုရက္ခိတ စသည်ရှိသူ၊ သီလရှင်မ။ (မိမိရဲ့ ဇနီးသည်ပင် ဖြစ်စေကာမူ ထို ၁၄ယောက် စာရင်း ၀င်နေလျက် မေထုန် မှီဝဲသော် ကာမေသု မိစာ စာရကံ ထိုက်သည်ဟုလည်း မှတ်သား ဖူးပါသည်။

မေထုန် မှီဝဲလွန်မှု အပြစ် ၈-ပါး။ ။ကာမသျှတြကျမ်း ။ (၁) ဘုန်းကံ ယုတ်လျော့ခြင်း ၊ (၂) ဉာဏ်ပညာ ယုတ်လျော့ခြင်း၊ (၃) ခွန်အားဗလ ယုတ်လျော့ခြင်း၊ (၄) အသား၊ အရေ၊ ဦးခေါင်း ပူလောင်ခြင်း၊ (၅) အရောင် အဆင်း ဖျော့တော့ ပျက်စီးခြင်း၊ (၆) ချောင်းဆိုး သွေးပါ အဆုပ်နာ
မြစ်ချောက် ရောဂါ စွဲကပ် တတ်ခြင်း၊ (၇) အပြင်အပရောဂါလွယ်ကူစွာ ကူးစက်နိုင်ခြင်း၊ (၈) အသက် တိုခြင်း။

မုသာဝါဒ အင်္ဂါ ၄-ပါး။ ။လူများ မုသာဝါဒသိက္ခာပုဒ် ပျက်စီးခြင်းအင်္ဂါ ၄-ပါး၊ ၎င်းင်း အင်္ဂါ၎-ပါးနှင့်ပြည့်စုံမှ သိက္ခာပုဒ်ပျက်သည်။
(၁) အတထ- မမှန်သော ၀တ္ထု၊
(၂) ၀ိ သံဝါဒ စိတ္တ- မှားယွင်းစေလိုသော စိတ်၊
(၃) တဇ္ဇ ၀ါယမ ထိုစိတ်အားလျှော်သော ကိုယ် နှုတ် လုံ့လဉပခြင်း၊
(၄) တဒတ္ထ ဇာနန- သူလိမ်တိုင်း သိရှိ ယုံကြည်ခြင်း။

မုသာဝါဒကံရဲ့ မကောင်းကျိုး ၁၆-ပါး။ ။မဟုတ်မမှန် လိမ်ညာ ပြောသူတို့ရရှိ ခံစားရသော အပြစ်မျိုး ဆယ့်ငါးပါး ဟူ၏၊ ခုဒ္ဒကပါဌ အဋ္ဌကထာမှ။
(၁) မကြည်ညိုဖွယ်ရာ ရုပ်ဆင်းရှိခြင်း၊
(၂) သွား မညီမညွတ် ရှိခြင်း၊
(၃) နား မချမ်းသာသော အသံ ရှိခြင်း၊
(၄) ၀လွန်းဆူလွန်းခြင်း၊
(၅) ပိန်လွန်း သေးလွန်းခြင်း၊
(၆) နိမ့် ပုလွန်းခြင်း၊
(၇) မြင့် ရှည်လွန်းခြင်း၊
(၈) ကြမ်းတမ်းသော အသားအရေ ရှိခြင်း၊
(၉) ခံတွင်းပါးစပ်ပုပ်ညှီခြင်း၊
(၁၀) ဆွံ့အ တုန်လှုပ်ခြင်း၊
(၁၁) သူတပါးတို့မယုံကြည်ခြင်း၊
(၁၂) တိုသော လျှာ စကားမပြီ ရှိခြင်း၊
(၁၃) လျှပ်ပေါ်တတ်ခြင်း၊
(၁၄) မိုက်မဲ တွေဝေခြင်း၊
(၁၅) ဉာဏ် ပညာ နည်းပါးခြင်း၊
(၁၆) ကြောက်ရွံ့တတ်ခြင်း။

အရက်သောက်ခြင်းအပြစ် ၆-ပါး။ ။ သုတ်ပါထေယျ။ ပါ။ ၁၄၈။ ဋ္ဌ။ ၁၂၇။ ဤ၌ မျက်မှောက် လောက ပြစ် ၆-ပါးကို ဖြေဆိုလိုက်သည်၊ သံသရာ ပြစ်လည်း ကြီးလေးလှ၏။

ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊ ရောဂါထူပြော၊ ကျောစောမဲ့တုံ၊ မလုံ အင်္ဂါ၊ ပညာ နည်းရှား၊ ဤ ၆- ပါးကား၊ သောက်စား သေစာ အပြစ်တည်း။

အရက်မျိုး ၅-ပါး။ ။ လူမပြုသော်လည်း အလိုအလျောက် ဖြစ်နေ တတ်သော မေရယခေါ် အရက်မျိုး ငါးပါး။ (၁) ပုပ္ဖါသ၀- သစ်ပွင့်ရည်မှဖြစ်သောအရက်၊
(၂) ဖလာသ၀- သစ်သီးရည်မှဖြစ်သော အရက်၊
(၃) မဓွာသ၀- မုဒရက်ရည်မှ ဖြစ်သော အရက်၊
(၄) ဂုဠာသ၀- ကြံရည်မှ ဖြစ်သော အရက်၊
(၅) သမ္ဘာရသံယုတ္တ- အရက်ဖြစ်ကြောင်း ၀တ္ထုပေါင်းတို့ စုပေါင်း၍ ဖြစ်သော အရက်။
ဖတ်မိမှတ်မိသမျှ

Thursday, July 28, 2011

မှတ်သားစရာ ဗုဒ္ဒ၏ အဆုံးအမများ

မှားသော အယူငါးမျိုး
အဘယ်တို့သည် မှားသောအယူ {ဒိဋ္ဌိ} ငါးမျိုးတို့ မည်သနည်း။



၁။ {{အတ္တသည် သညာရှိ၏၊ သေပြီးနောက် ပျက်စီးခြင်းမရှိ (မြဲ၏)}}ဟု ဤသို့ အချို့သူတို့က ပြောဆိုကြကုန်၏။

၂။ {{အတ္တသည် သညာရှိ၏၊ သေပြီးနောက် ပျက်စီးမရှိ (မြဲ၏)}}ဟု ဤသို့ အချို့သူတို့က ပြောဆိုကြကုန်၏။

၃။ {{အတ္တသည် သညာရှိလည်း မဟုတ်ç သညာမရှိလည်း မဟုတ်၊ သေပြီး နောက် ပျက်စီးခြင်းမရှိ (မြဲ၏)}}ဟု ဤသို့ အချို့သူတို့က ပြောဆိုကုန်၏။

၎။ ထင်ရှားရှိသော သတ္တ၀ါ၏ ပြတ်စဲခြင်း ပျက်စီးခြင်း ကင်းပျောက်ခြင်းကိုလည်း ပညတ်တင်ပြကြ ကုန်၏။

၅။ မျက်မှောက်ဘ၀၌ ဖြစ်သော {ဒိဋ္ဌဓမ္မနိဗ္ဗာန်}ကိုလည်း အချို့သူတို့က ပြောဆို ကြကုန်၏။

Sunday, July 17, 2011

ကုသိုလ်ဆိုတာ ယူတတ်ရင် အလွယ်လေး


၁။ ဒါန - ပေး ကမ်း လှူဒါန်း ထောက်ပံ့

၂။ သီလ- ငါးပါး ရှစ်ပါး တတ်အားသမျှ ဆောက်တည်

၃။ ဘာဝနာ - သမထ ၀ိပဿနာ နှစ်သက်ရာ တစ်ခုခုပွားများ

၎။ အပစာယန - ရိုသေထိုက်သူက အရိုအသေပေး

၅။ ဝေယျာဝေစ္စ- ဘုရားဝေယျာဝေစ္စ တရားဝေယျာဝေစ္စ သံဃာ့ဝေယျာဝေစ္စ မိဘဝေယျာဝေစ္စ

Wednesday, July 13, 2011

ဘယ်မှာငါဟု ရှိအံ့နည်း

လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌

မျိုးစုံကကြ ၊ မာန်မာနနှင့်

ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု

ငါသွေးတက်ကြွ ၊ လူ့ဗာလတို့

များလှဖြာဖြာ ၊ အဝိဇ္ဇာနှင့်

တဏှာဘီလူး ၊ အမှောင့်ပူး၍

Tuesday, July 12, 2011

ဝိပဿနာဉာဏ် (၁၀) ပါး...

(၁) သမ္မသနဉာဏ် - ခန္ဓာငါးပါး ရုပ်နာမ် တရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာတို့ဖြင့် ဆင်ခြင် သုံးသပ် တတ်သော ဉာဏ်။

(၂) ဥဒယဗ္ဗယဉာဏ် - ရုပ်နာမ်တို့၏ ဖြစ်ခြင်း ပျက်ခြင်းကို ရှုသိသော ဉာဏ်။

(၃) ဘင်္ဂဉာဏ် - ရုပ်နာမ်တို့၏ ပျက်ခြင်းသဘောကိုသာ ရှုသိသော ဉာဏ်။

(၄) ဘယဉာဏ် - ခန္ဓာငါးပါး ရုပ်နာမ် သင်္ခါရတို့သည် ကြောက်မက်ဖွယ်ရာ ဘေးဆိုးကြီးပါတကား ဟု မြင်သိသော ဉာဏ်။

(၅) အာဒီန၀ဉာဏ် - ရုပ်နာမ်တရားတို့၏ အပြစ်ကို မြင်သိသော ဉာဏ်။

(၆) နိဗ္ဗိဒါဉာဏ် - ရုပ်နာမ်တရားတို့ကို ငြီးငွေ့ဖွယ် အဖြစ် ရှုမြင်သည့် ဉာဏ်။

(၇) မုစ္စိတုကမျတာဉာဏ် - ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့၏ အနှောင်အဖွဲ့မှ လွတ်မြောက်ရန် အလိုရှိသော ဉာဏ်။

(၈) ပဋိသင်္ခါဉာဏ် - ရုပ်နာမ် အနှောင်အဖွဲ့မှ လွတ်မြောက်ခြင်း အကြောင်း၏ ပြည်စုံခြင်း အကျိုးငှာ ခန္ဓာငါးပါး၊ ရုပ်နာမ် တရားတို့ကို တစ်ဖန် သိမ်းဆည်းသော ဉာဏ်။

(၉) သင်္ခါရုပေက္ခာဉာဏ် - ခန္ဓာငါးပါး သင်္ခါရတရားတို့၌ ကြောက်လန့်ခြင်း နှစ်သက်ခြင်း မဖြစ်ဘဲ လျစ်လျူရှုတတ်သော ဉာဏ်။

(၁၀) အနုလောမဉာဏ် - အောက် ၀ိပဿနာ ဉာဏ် ကိုးပါးတို့အား လည်းကောင်း၊ အထက်ဖြစ်သော ဗောဓိပက္ခိယ တရားး (၃၇) ပါးတို့အား လည်းကောင်း လျော်စွာ ဖြစ်တတ်သော ဉာဏ် (၀ါ) မဂ်ဖြစ်ခြင်းငှာ လျော်သော ဉာဏ်။

Tuesday, July 5, 2011

သံယောဇဉ် ၁၀-ပါးလင်္ကာ

(၁)အာရုံငါးဝ၊ တပ်စွဲက၊ ကာမ သံယောဇဉ်။
(၂)သုံးပါးဘ၀၊ တပ်စွဲက၊ ဘ၀ သံယောဇဉ်။
(၃)အမျက် ဒေါသ၊ စိတ်ဆိုးက၊ ပဋိဃ သံယောဇဉ်။
(၄)ကိုယ်သာတော်လှ၊ ထင်မှတ်က၊ မာန သံယောဇဉ်။
(၅)ရုပ်နာမ်ကိုပဲ၊ ငါကောင်စွဲ၊ ယူလွဲဒိဋ္ဌိပင်။
(၆)တရားမှန်တွင်၊ မယုံချင်၍၊ ဆင်ခြင်နှိုင်းညှိ၊ ဝေဖန်ကြည့်၊ ၀ိစိကိစ္ဆာပင်။
(၇)နွားခွေးတူစွာ၊ ကျင့်တာကောင်းမြတ်၊ ယူစွဲမှတ်၊ သီလဗ္ဗတပင်။
(၈)ကိုယ်ထက်သူများ၊ ကောင်းစားသည်ကို၊ မနာလို၊ ခေါ်ဆို ဣဿာပင်။
(၉)ကိုယ်လိုသူများ၊ ကောင်းစားမည်မှ၊ ၀န်တိုက၊ မစ္ဆရိယပင်။
(၁၀) သစ္စာလေးတန်၊ ပြောင်းပြန်ထင်ကာ၊ မသိတာ၊ အ၀ိဇ္ဇာ သံယောဇဉ်။

ဝဋ်ဆင်းရဲမှ၊ မလွတ်ရအောင် ၊ ချည်နှောင်တတ်စွာ၊ ဤဆယ်ဖြာ၊ အဘိဓမ္မာ သံယောဇဉ်။

ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး
နတ်ဆိုး
www.lawkanet.blogspot.com

Saturday, July 2, 2011

အကုသိုလ် အခြေအမြစ်သုံးပါးမှ လိုချင်မှု 'လောဘ'

အဘယ်သည် လိုချင်မှု 'လောဘ' မည်သနည်း...

အကြင်တပ်မက်မှု 'ရာဂ'၊
ပြင်းစွာတပ်မက်မှု 'သာရာဂ'၊
အဖန်ဖန်ဆွဲဆောင်မှု 'အနုနယ'၊
မဆန့်ကျင်မှု 'အနုရောဓ'၊
နှစ်သက်မှု 'နန္ဒီ'၊
နှစ်သက်တပ်မက်မှု 'နန္ဒိရာဂ'၊
စိတ်၏ ပြင်းစွာတပ်မက်မှု 'စိတ္တသာရာဂ'၊
လိုလားမှု 'ဣစ္ဆာ'၊
တပ်မက် တွေဝေမှု 'မုစ္ဆာ'၊

Thursday, June 30, 2011

ဗုဒ္ဓအလိုကျဒါနပြုနည်း....

၁။ ဘုရား ၊ တရား ၊ သံဃာ အပေါ်၌ သဒ္ဓါတရားပြည့်ဝစွာလှူခြင်း၊
၂။အလှူခံပုဂ္ဂိုလ်အားရိုရိုသေသေလှူခြင်း၊
၃။အလှူခံပုဂ္ဂိုလ်၏လိုအပ်မှုကိုလှူခြင်း၊
၎။လှူပြီးဝတ္ထုကို မနှမျှောခြင်း၊
၅။မိမိအလှူကြောင့်အခြားသူတို့အားမထိခိုက်ခြင်း။
“သဒ္ဓါကြည်ညို၊ ရိုသေလှစွာ၊ အခါကိုသိ၊ မစွန်းငြိပဲ၊ မထိမပ ဤငါးဝ၊မှတ်သား
သပ္ပူရိသ မြတ်ဒါန”

ဆရာတော် အရှင်ဇ၀န

ပညာရှိတို့ စွန်ပယ်အပ်သူ (၁၁)ဦး

၁ ။ ကောဓံ - အမျက်ဒေါသကြီးသူ ။
၂ ။ လောဘံ - အလိုကြီးသူ ။
၃ ။ မဒံ - မာန်ယစ်လွန်းသူ ။
၎ ။ မာနံ - ထောငလ်ွှားသူ ။
၅ ။ တိန္နံ - ပျင်းရိသူ ။
၆ ။ ဣဿံ - ငြူစူစောင်းမြောင်းသူ ။
၇ ။ ပမာဒံ - ကုသိုလ်ကောင်းမှု၌ မေ့လျော့သူ ။
၈ ။ သောဏ္ဏံ - သေအရက်သောက်ကြူးသူ ။
၉ ။ နိဒ္ဒါလုကံ - အအိပ်ကြူးသူ ။
၁၀။ မက္ခံ - ကျေးဇူးချေတက်သူ (ကန်းသူ) ။
၁၁။ မစ္ဆေရဉ္စ - ၀န်တိုသူ

Monday, June 13, 2011

အဖေ

အဖေ....
ချို့တဲ့စွာ လျှောက်လှမ်းလို့
ကြမ်းတမ်းတဲ့လမ်းကို ဖြတ်သန်းခဲ့တာလည်း
သားတို့အတွက် ရည်ရွယ်
ပေးဆပ်ခဲ့တာ မဟုတ်လား.... အဖေ

အဖေ....
သူစိမ်းတွေကြားမှာ
မှားသလား မှန်သလားမသိ
မျှော်လင့်ချက်တွေ အပြည့်နဲ့
လှုပ်ရှားရုန်းကန်ခဲ့ရတာလည်း
သားတို့အတွက် ရည်ရွယ်
ပေးဆပ်ခဲ့တာ မဟုတ်လား... အဖေ

Sunday, June 12, 2011

ငါးပါးသီလ ကံမြောက်ကြောင်း အချက်များနဲ့ ကျူးလွန် ခြင်းကြောင့် ရမည့် အပြစ်များ

ပါဏာတိပါတ အင်္ဂါ ၅-ပါး။ -သတ်မှုကံမြောက် ဆုံးဖြတ်ချက်အကြောင်းငါးပါး၊ ၎င်းင်းအင်္ဂါ ၅-ပါးတို့နှင့် ပြည့်စုံက ထိုသိက္ခာပုဒ် ပျက်၏။
(၁) ပါဏ- သက်ရှိသတ္တ၀ါဖြစ်ခြင်း၊
(၂) ပါဏသညိတ-သက်ရှိသတ္တ၀ါဟု မှတ်သိခြင်း၊
(၃) ဃာတ စိတ္တ- သတ်လိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ-လုံ့လဉပခြင်း၊
(၅) မရဏ-ထိုလုံ့လကြောင့် သေခြင်း။

ပါဏာတိပါတ၏ ပယောဂမျိုး ၈-ပါး။ ။ပါဏာတိပါတကံ ဖြစ်နိုင် ခြင်း၏ အကြောင်း တရားမျိုး ရှစ်ပါး၊ ပါရာဇိကဏ် အဋ္ဌကထာမှ။

Friday, June 10, 2011

နှစ်ဆယ်သောသက္ကာယဒိဋ္ဌိ

၁။ ရုပ်သည်ပင်လျှင်ငါ။
၂။ ငါသည်ပင်လျှင်ရုပ်။
၃။ ရုပ်၌ ငါရှိသည်။
၎။ င့ါ၌ ရုပ်ရှိသည်။
၅။ ဝေဒနာ (ခံစားမှု့)သည်ပင်လျှင် ငါ။
၆။ ငါသည်ပင်လျှင် ဝေဒနာ။
၇။ ဝေဒနာ၌ ငါရှိသည်။
၈။ ငါ့၌ ဝေဒနာရှိသည်။
၉။ သညာ (မှတ်သားခြင်း) သည်ပင်လျှင် ငါ။
၁၀။ ငါသည်ပင်လျှင် သညာ။

ယုံမှားသံသယ ၀ိစိကိစ္ဆာ(၁၆)မျိုး

၁။ ငါသည် အတိတ်ကာလ၌ ဖြစ်ခဲ့သလော။
၂။ ငါသည် အတိတ်ကာလ၌ မဖြစ်ခဲ့သလော။
၃။ ငါသည် အတိတ်ကာလ၌ အဘယ်သို့သောသူ ဖြစ်ခဲ့သနည်း။
၎။ ငါသည် အတိတ်ကာလ၌ အဘယ်သို့ ဖြစ်ခဲ့သနည်း။
၅။ ငါသည် အတိတ်ကာလ၌ အဘယ်သူဖြစ်ပြီး နောက်အဘယ်သူ ဖြစ်ခဲ့သနည်း။
၆။ ငါသည် အနာဂတ်ကာလ၌ ဖြစ်လတ္တံလော။
၇။ ငါသည် အနာဂတ်ကာလ၌ မဖြစ်လတ္တံလော။
၈။ ငါသည် အနာဂတ်ကာလ၌ အဘယ်သို့သောသူ ဖြစ်လတ္တံနည်း။
၉။ ငါသည် အနာဂတ်ကာလ၌ အဘယ်သို့ဖြစ်လတ္တံနည်း။
၁၀။ ငါသည် အနာဂတ်ကာလ၌ အဘယ်သူ ဖြစ်ပြီး နောက် အဘယ်သူ ဖြစ်လတ္တံနည်း။
၁၁။ ငါသည် ဟုတ်ပါလေ၏လော။
၁၂။ ငါသည် မဟုတ်လေသလော။
၁၃။ ငါ ဘယ်သူဖြစ်သနည်း။
၁၄။ ငါ ဘယ်သို့ ဖြစ်သနည်း။
၁၅။ ငါသည် အဘယ်မှ လာသနည်း။
၁၆။ ငါသည် အဘယ်သို့ သွားလတ္တံနည်း။
စသည်အားဖြင့် ဝေ့လည်ကြောင်ပတ် ဖြစ်နေတာတွေကို '၀ိစိကိစ္ဆာ'လို့ ခေါ်ပါသတဲ့ဗျား။
အဲဒီဝေ့လည်ကြောင်ပတ်မျိုးကိုတော့ တစ်ခါတစ်ခါ ကျွန်တော်တို့ ကိုယ်တိုင် ဟိုတွေး
သည်တွေး တွေးမိပါတယ်။ ဒါကတော့ ပုထုဇဉ်တိုင်း ဒီလို တွေးတတ်ကြသတဲ့။
ပုထုဇဉ်ထဲမှာတောင်မှ သာမန်ပုထုဇဉ်ထက် စူးစမ်းလေ့လာချင်တဲ့ ပညာတတ်
လူတန်းစားများက ပိုတွေးတတ်ကြပါသတဲ့။

ဆရာကြီး ဦးသုခ၏ ရတနသုတ် မှ......

Monday, June 6, 2011

ဒုစရိုက် ၁၀-ပါးTen Unwholesome Behaviors

ဒုစရိုက်ဟူသောစကားကို အများသူငါ ပြောဆိုသုံးစွဲနေကြသည်။ သို့ရာတွင် ဒုစရိုက်၏ အနက်အဓိပ္ပါယ်ကိုလည်းကောင်း၊ ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူသော ဒုစရိုက်၏ သဘောသဘာဝကိုလည်းကောင်း အချို့ကသာ သိသည်။ အချို့က မသိရှိကြပေ။

ဒုစရိုက်ဆိုသော စကားသည် ပါဠိစကားဖြစ်သည်။
ဒု-မကောင်းသော။ စရိတ-ကျင့်ကြံပြုလုပ်ခြင်း ဟူ၍ အနက်ရသည်။
မကောင်းသော ကိုယ်မှု၊ မကောင်းသော နှုတ်မှု၊ မကောင်းသော စိတ်မှုတို့ကို ဒုစရိုက်ဟုခေါ်သည်။

ဘုရားရှင်၏ ဟောကြားချက်အရ ဒုစရိုက် ၁၀-ပါးရှိသည်။ ယင်းတို့မှာ ဒုစရိုက် ကာယကံ ၃-ပါး။ ဒုစရိုက် ၀စီကံ ၄-ပါး။ ဒုစရုက် မနောကံ ၃-ပါးတို့ ဖြစ်သည်။ ယင်းတို့တွင်
(၁) သူ့အသက်သတ်ခြင်း (ပါဏာတိပါတ)
(၂) ပိုင်ရှင်က ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သောဥစ္စာကို ခိုးယူခြင်း။ (အဒိန္နာဒါန)
၃) ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်း။ (ကာမေသုမိစ္ဆာစာရ)
တို့သည် ဒုစရိုက် ကာယကံ ၃-ပါး ဖြစ်သည်။ ယင်းတို့ကို အများသူငါ အားလုံးလိုလိုပင် သိရှိကြသည်။

သုစရိုက်တရား (၁၀)ပါး Ten Wholesome Behaviors

ကာယကံ = ကိုယ်လက် လှုပ်ရှားမှု ကာယဝိညတ်ဖြင့် အများအားဖြင့် ပြုလုပ်သော အမှု၊
ဝစီကံ = နှုတ်အမှုအရာ ဝစီဝိညတ်ဖြင့် အများအားဖြင့် ပြုသောအမှု၊
မနောကံ = စိတ်ကူးကြံစည်၍ ပြုလုပ်အပ်သော အမှု
သုစရိုက် ၁၀ ပါး
အပြစ်ရှိဘဲ ကောင်းကျိုးပေးတတ်သော ကံကို ကုသိုလ်ကံဟု ခေါ်၏ မြင့်မြတ်သော အမူအကျင့် ဖြစ်သည့်အတွက် သုစရိုက်ဟုလည်း ခေါ်၏။
ကာယကံ ၃-ပါး၊ ဝစီကံ ၄-ပါး၊ မနောကံ ၃-ပါးဟူ၍ သုစရိုက် ၁၀-ပါးရှိ၏။
(၁) ကာယကံ ၃-ပါး
(၁) ပါဏာတိပါတ ၀ိရတီ= သတ္တဝါတို့ကို သေစေလိုသော စေတနာဖြင့် သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်မှု။
(၂)အဒိန္နာဒါန ၀ိရတီ= သူတစ်ပါးတို့၏ ဥစ္စာကို ခိုးဝှက်တိုက်ခိုက်လှည့်ပတ်ယူခြင်းမှ ရှောင်ကြဉ်မှု။
(၃) ကာမေသုမိစ္ဆာစာရ ၀ိရတီ= ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်စွာ ယုတ်ယုတ်မာမာကျင့်ခြင်းမှ ရှောင်ကြဉ်မှု။
၂။ ဝစီကံ ၄ ပါး
(၄) မုသာဝါဒ ၀ိရတီ= မဟုတ်မမှန် လိမ်လည်၍ ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု။
(၅) ပိသုဏဝါစာ ၀ိရတီ= ချောပစ်ကုန်းတိုက်သော စကားကိုပြောဆိုခြင်းမှ ရှောင်ကြဉ်မှု။
(၆)ဖရုသဝါစာ ၀ိရတီ= ကြမ်းတမ်းယုတ်မာသော စကားကိုပြောဆိုခြင်းမှ ရှောင်ကြဉ်မှု။
(၇)သမ္ဖပ္ပလာပ = ပိန်ဖျင်းသောစကား အတင်းအဖျင်းစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု။

Sunday, June 5, 2011

နိမိတ်ကြီး ၃၂ ပါး

ဓမ္မစကြာတရားဟောရာတွင် ဖြစ်ပေါ်သော နိမိတ်ကြီး ၃၂ -ပါး မှာ

(၁)လောကဓာတ်တစ်သောင်းတုန်လှုပ်ခြင်း။

(၂)အပူ , အအေးမျှတခြင်း။

(၃)တစ်သောင်းသော လောကဓာတ်၌ ရုတ်တရက် အသံတိတ်၍ ငြိမ်သက်သွားခြင်း။

(၄)လေပြင်း , မုန်တိုင်း မလာခြင်း။

(၅)လေပြည် , လေညှင်းတိုက်ခတ်ခြင်း။

(၆)မြစ်အပေါင်းတို့၌ ရေမစီးဘဲ တန့်ရပ်ခြင်း။

Friday, June 3, 2011

ဟယ်…တဏှာလက်သမား

ကျွန်ုပ်တို့သုံးလောကထွဋ်ထား မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ြ
ကီးသည် ဘုရားဖြစ်ဖြစ်ချင်း ဤသို့ ကျူးရင့် တော်မူလေသည်…………  အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ၊       ဂဟကာရံ ဂဟေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။ဂဟကာရက ဒိဌောသိ၊ ပုန ဂေဟံ န ကာဟသိ။      သဗ္ဗာ တေ ...ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ         ၀ိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ။   ၎င်း ဥဒါန်းစကားတော်၏ ဆိုလိုရင်းမှာ   “ငါ၏ ဘ၀ ခန္ဓာအမျိုးမျိုးကို တည်ဆောက်လာသော ဟယ်…………တဏှာလက်သမား၊ ငါသည် သင့်ကို အမှန်တကယ် မသိခဲ့သော ကြောင့် သင့်ကို ရှာဖွေရင်း ဘ၀များစွာသံသရာပတ်လုံး တပြောင်းပြန်ပြန် ကျင်လည် ပြေးသွားခဲ့ရတယ်။ ယခုမူ ငါသည် သင့်ကို တွေ့ပြီ။ ဤအချိန်က စပြီး သင်သည် ငါ့အတွက် ဘ၀ခန္ဓာအသစ် ထပ်မံဖြစ်အောင် လုပ်ခွင့်ရတော့မည် မဟုတ်။ ငါသည် သင့်ခန္ဓာအိမ်ရဲ့ အခြင်ရနယ်တွေကိုလဲ ဖျက်ချလိုက်ပြီ၊ အမိုးအစွန်း အထွတ် ကိုလဲ လှဲလိုက်ပြီ၊ ယခု ငါ့စိတ်သည် သင်၏နယ်ပယ်မှ လုံးဝကင်းလွတ်သော နိဗ္ဗာန်ကို မြင်နေပြီ၊ ငါရဲ့ စိတ်သည် သင်တဏှာရဲ့ နယ်မှ လွတ်ပြီ…..ကျွတ်ပြီ” ဟူ၍ အဓိပ္ပါယ်ရပါသည်။   ဗုဒ္ဓဟောကြား မြတ်တရား ရေးသားပူဇော်သည်။

Tuesday, May 31, 2011

သစ္စာ နှင့် အနက်

သစ္စာ (၄)ချက်တို့ တစ်ချက် တစ်ချက်စီတွင် အနက်သဘောများ (၄)ချက်စီ ရှိပါသည်။ ဒုက္ခသစ္စာ၌ အနက်သဘော (၄)ချက်၊ သမုဒယသစ္စာ ၌ အနက်သဘော (၄)ချက်၊ နိရောဓသစ္စာ၌ (၄)ချက်၊ မဂ္ဂသစ္စာ ၌ (၄)ချက် တို့..ပါဝင်ပါသည်။ ထိုအနက်သဘောများကို ဖော်ပြရပါလျင်…
သစ္စာ အနက် သဘော
ပါဠိ မြန်မာ
ဒုက္ခသစ္စာ ၁) ပီဠနဋ္ဌော - နှိပ်စက်အပ်သောသဘော
- နှိပ်စက်တတ်သောသဘော
- နှိပ်စက်ခြင်းသဘော
၂) သင်္ခတဋ္ဌော - အဖန်ဖန်ပြစု ပျိုးထောင်အပ်သောသဘော
၃) သန္တာပဋ္ဌော - အဖန်ဖန် ပူလောင်စေတတ်သောသဘော
- ပူပင်စေအပ်သောသဘော
- ပူပန်ခြင်းသဘော
၎) ၀ိပရိဏာမဋ္ဌော ဖရိုဖရဲ ဖောက်လှဲဖောက်ပြန်ဖြစ်တတ်သောသဘော

သမုဒယသစ္စာ ၅) အာယူဟနဋ္ဌော ဒုက္ခ၀တ္ထု ဒုက္ခမှုတို့ကို စုဆောင်းဆည်းပူးတတ်သောသဘော
၆) နိဒါနဋ္ဌော ဒုက္ခ၀တ္ထု ဒုက္ခမှုတို့ကို တစ်ရံမစဲ အမြဲပေးအပ် ဆောင်နှင်းတတ်သောသဘော
၇) သံယောဂဋ္ဌော ဒုက္ခ၀တ္ထု ဒုက္ခမှုတို့နှင့်သာ လွန်စွာယှဉ်တွဲတတ်သောသဘော
၈) ပလိဗောဓဋ္ဌော ဒုက္ခလက်မှ မထွက်ရအောင် နှောင့်ယှက် တားမြစ်သောသဘော

နိရောဓသစ္စာ ၉) နိဿရဏဋ္ဌော ဒုက္ခ၀ဋ်မှ ကျွတ်လွတ် ထွက်မြောက်သောသဘော
၁၀) ပ၀ိဝေကဋ္ဌော ဒုက္ခအနှောင့်အယှက်မှ ဆိတ်ငြိမ်သောသဘော
၁၁) အမတဋ္ဌော အိုခြင်း နာခြင်း သေခြင်းမှ ကင်းလွတ်သောသဘော
၁၂) အသင်္ခတဋ္ဌော ပြုစုပျိုးထောင်မှုမှ ကင်းလွတ်သော သဘော

မဂ္ဂသစ္စာ ၁၃) နိယျာနဋ္ဌော ၀ဋ်မှ ဆန်တက် နိဗ္ဗာန်ဘက်သို့ ထွက်ကြောင်းရောက်ကြောင်း လမ်းကောင်းအစစ်အမှန်ဖြစ်သော သဘော
၁၄) ဟေတုဋ္ဌော လောကုတ္တရာ မြတ်စွာအထူး ဂုဏ်ကျေးဇူး အပေါင်းတို့၏ ကောင်းစွာခိုင်ကြည် တည်ကြည်ခြင်းကိစ္စကို ပြီးစေနိုင်သောသဘော
၁၅) ဒဿနဋ္ဌော အနမတဂ် ဘ၀စက်ဝယ် အိပ်မက်တွင်မျှ မမြင်စဖူး အထူးအချွန် အလွန်မြတ်လှ နိဗ္ဗာနကို လ၀န်းနေ၀န်း ပေါ်တက်ထွန်းသို့ ရွှန်းရွှန်းမြိုင်မြိုင် မြင်စွမ်းနိုင်သောသဘော
၁၆) အာဓိပတေယျဋ္ဌော အဓိသီလ စိတ္တ ပညာ သိက္ခာသုံးခု ရဟန်းမှုတွင် သူ့ပြင်မရှိ ကြီးဘိတုလွတ် အထွတ်အထိပ်ဖြစ်သောသဘော



မှတ်မိလွယ်ရန် ဆောင်ပုဒ်လင်္ကာ
နှိပ်စက်၊ ပြုပြင်၊ ပူပင်၊ ဖောက်လှဲ၊ ဒုက္ခမြဲ (ဒုက္ခသစ္စာ)
ဆည်းပူး၊ နှင်းဆောင်၊ ဖွဲ့နှောင်၊ နှောင့်ယှက်၊ အချက်လေးပါး ဒုက္ခပွါး (သမုဒယသစ္စာ)
ကျွတ်လွတ်၊ ဆိတ်ကွေ၊ မသေ၊ မပြု၊ သုခအမှန် (နိရောဓသစ္စာ)
ထွက်မြောက်၊ တည်ခိုင်၊ မြင်နိုင်၊ ကြီးကဲ၊ သူ့လမ်းမြဲ (မဂ္ဂသစ္စာ)
 
စာမျက်နှာ ၂ - ၆၊သစ္စတ္ထဒီပနီ - လယ်တီဆရာတော်ဘုရားကြီး

Wednesday, May 18, 2011

အသုဘ(၁၀)ပါးနှင့် သမထကမ္မဋ္ဌာန်း ( ၄၀ )

ကသိုဏ်းတစ်ဆယ်၊ အသု ဆယ်နှင့်၊

တစ်ဆယ် နုဿတိ၊ လေးရှိ ပမညာ၊ ဧ သညာတည့်၊

တစ်ဖြာ ဓာတု၊ လေးခု အရူ၊ ပေါင်းရုံးယူ၊

ရေမူ ကမ္မဋ္ဌာန်းလေးဆယ်တည်း ။

ကသိုဏ်း ၁၀ ပါး

Friday, May 6, 2011

အသက်မွေးဝမ်းကျောင်းမပြုကောင်းသော ကုန်သွယ်ရောင်းဝယ်မူ ၅-မျိုး


၁ - သတ္တ၀ါအများ သေကြေပျက်သုဉ်းစေသည့် လက်နက်အမျိုးမျိုးကို

ရောင်း၊၀ယ်ကုန်သွယ်ခြင်း။(သတ္ထ၀ဏိဇ္ဇာ)



၂ - ဆင်၊ မြင်း၊ လူ စသော သတ္တ၀ါအပေါင်းကို ကျွန်အဖြစ်

ရောင်း၊၀ယ်ကုန်သွယ်ခြင်း။(သတ္တ၀ဏိဇ္ဇာ)



၃ - အသား၊ငါး စသည်တို့ကို သတ်ဖြတ် ရောင်း၊၀ယ်ကုန်သွယ်ခြင်း။

(မံသ၀ဏိဇ္ဇာ)



၎ - အရက်၊မူးယစ်ဆေးဝါးအမျိုးမျိုးကို ရောင်း၊၀ယ်ကုန်သွယ်ခြင်း။

(မဇ္ဇ၀ဏိဇ္ဇာ)



၅ - အဆိပ်အမျိုးမျိုးက ရောင်း၊၀ယ်ကုန်သွယ်ခြင်း တို့ဖြစ်သည်။

(၀ိသ၀ဏိဇ္ဇာ)

Friday, April 29, 2011

ဒါန

လျှူတန်းခြင်း၏ အကျိုးများ
- ယခုဘ၀၌ ပင် လူအများ၏ ချစ်ခင်မြတ်နိုးမူကို ခံရခြင်း၊
-သူတော်ကောင်းတို့၏ ချီးမြှောက်မူကို ရရှိခြင်း၊ဂုဏ်သတင်းေးကျာ်ကြားခြင်း၊
ပရိသတ်အလယ်၌ ရဲရင့်ခြင်း
-သေလွန်သောအခါ၌သုဂတိသို့ ရောက်ရှိခြင်း
-ဖြစ်လေရာဘ၀တိုင်းတွင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း
ခွန်အားကြီးခြင်း၊ အခြံအရံပေါများခြင်း စသောအကျိုးကျေးဇူးများခံစားရ၏။

လှူတန်းခြင်း(၃)မျိုး
-မိမိ၏ပိုင်ဆိုင်သောပစ္စည်းဒါန၊
-မိမိတတ်ထားသောလောကီအတတ်ပညာကိုသင်ကြားပေးလှူခြင်းဒါန၊
-မိမိသိထားသောလောကုတ္တရာဆိုင်ရာဓမ္မအသိကိုပေးလှူခြင်းဒါန၊

Thursday, April 28, 2011

ဗုဒ္ဓအလိုကျဒါနပြုနည်း...

(၁) ဘုရား ၊ တရား ၊ သံဃာအပေါ်၌ သဒ္ဓါတရားပြည့်ဝစွာ လှူခြင်း။
(၂) အလှူခံပုဂ္ဂိုလ်အား ရိုရိုသေသေ လှူခြင်း။
(၃) အလှူခံပုဂ္ဂိုလ်၏ လိုအပ်မှုကို လှူခြင်း။
(၄) လှူပြီးဝတ္ထုကို မနှောမျှောခြင်း။
(၅) မိမိအလှူကြောင့် အခြားသူတို့အား မထိခိုက်ခြင်း ။
‘သဒ္ဓါကြည်ညို ၊ ရိုသေလှစွာ ၊ အခါကိုသိ ၊ မစွန်းငြိဘဲ ၊ မထိမပ ဤငါးဝ ၊ မှတ်သားသပ္ပုရိသ မြတ်ဒါန’

                                                                   ဆရာတော်အရှင်ဇ၀န

ဒါနပြုရာ၌ ရှိရမည့်အင်္ဂါ(၆)ပါး...

(၁) မိမိမှာ သီလနှင့် ပြည့်စုံခြင်း။
(၂) အလှူခံပုဂ္ဂိုလ်ကလည်း သီလနှင့် ပြည့်စုံခြင်း။
(၃) လှူရန်ဝတ္ထုကလည်း စင်ကြယ်ခြင်း။
(၄) လှူနေစဉ် အခါကာလ၌ မိမိစိတ်ကို ကြည်လင်သန့်ရှင်းစွာထားခြင်း။
(၅) အကျိုးကို ဥာဏ် ၊ သဒ္ဓါတို့နှင့် သိမြင်သုံးသပ်ပြီးကာမှ လှူဒါန်းခြင်း။
(၆) အသိဥာဏ်ရှေ့ထားပြီး စိတ်ကို အေးမြသန့်ရှင်းစွာထားခြင်း ၊
အလှူကြောင့် အပူအပင် နောက်ဆံတင်းမှု မရှိခြင်း။
                                                                တိပိဋကရ-ဓမ္မဘဏ္ဍာဂါရိက
                                                                   (ယော) ဆရာတော်

Tuesday, April 26, 2011

မသိခြင်း ငါးပါနဲ့ အသက်ရှင်နေတဲ့ ဘဝ

၁။ ဇိဝိတ ၊ ဘယ်အသက်အရွယ်မှာ သေမယ်ဆိုတာလည်း မသိနိုင်ကြဘူး ။
၂။ ဗျာဓိ ၊ ဘယ်အနာရောဂါနဲ့ သေရမယ်ဆိုတာကိုလည်း မသိနိုင်ကြဘူး ။
၃။ ကာလ ၊ သေရမယ့် အချိန်ကိုလည်း မသိနိုင်ကြဘူး ။
၎။ ဒေဟနိက္ခေပန ၊ သေပြီးတဲ့နောက် မိမိရဲ့အလောင်းကောင်ကို ဘယ်နေရာမှာ ပစ်ချခံရမလဲ ဆိုတာကိုလည်း မသိနိုင်ကြဘူး ။
၅။ ဂတိ ။ သေလွန်ပြီးနောက် ဘယ်ဘ၀ကို လားရောက်ရမယ် ၊ ဘယ်ဂတိကို သွားရမယ်ဆိုတာလည်း ကြိုပြီးတော့ မသိနိုင်ကြဘူး ။

အသက်ငယ်ရွယ်တုန်း ကာမဂုဏ်ခံစားပြီး
အသက်ကြီးရင့်မှ တရားအားထုတ်မယ်လို့
နှလုံးသွင်းထားသူတွေ အတွက်
တကယ်လို့များ ငယ်တုန်းရွယ်တုန်း
သေဆုံးသွားခဲ့ရင် တရားအားထုတ်ဖို့
အချိန်ကောင်း အခွင့်ကောင်းတွေ
လက်လွတ်ဆုံးရှုံးသွားပါလိမ့်မယ် ။

Monday, April 25, 2011

မိတ်ဆွေတုများ

မိတ်ဆွေပျက်(၆)ပါး
ကြွေအန်ကြူးထ၊ မိန်းမကြူးထွေ၊ သေစာကြူးမှု၊ အတုပြုငြား၊
လှည့်စားတထောက်၊ မျက်မှောက်လှည့်ချက်၊ နိုင်ထက်လုယူ၊
ဤသူခြောက်ပါး၊ မိတ်ဖြစ်လားကြောင့်၊ ပျက်ပြားမိတ်ဆွေအပြစ်တည်း။

ကိုယ်ကျိုးကိုသာငဲ့သောမိတ်ဆွေတု(၄)ယောက်
လက်ချည်းလာ၍၊ ဥစ္စာဆောင်သယ်၊ နည်းငယ်ဖြင့်သာ၊ များစွာလိုရှိ၊ ဘေးထိရောက်ခါ၊
ပြုလာတုံဘိ၊ မိမိကျိုးငှာ၊ မှီလာပေါင်းယှဉ်၊ လေးယောက်စဉ်ကား၊ အညဒတ္ထုဟရတည်း။

နှုတ်ဖြင့်ဟန်ဆောင်သော မိတ်ဆွေတု(၄)ယောက်
ရှေးဖြစ်စေ့စပ်၊ တထပ်နောက်မှီး၊ ချည်းဆီးသဂြိုဟ်၊ ပေးလိုစဟန်၊ ပစ္စပ္ပန်မူ၊
ပြညွှန်ပျက်ပြား၊ ဤလေးပါးကား မှတ်သား ဝစီပရမတည်း။

ချစ်ဖွယ်ကိုဆိုသော မိတ်ဆွေတု(၄)ယောက်
မကောင်းခွင့်ပြု၊ ကောင်းမှုကိုလျှင်၊ ဆင်ခြင်မရှု၊ ခွင့်ပြုသည်ပင်၊ ရှေ့တွင်ချီးမွမ်း၊
ဖုံးလွှမ်းကွယ်လျှင်၊ ကဲ့ရဲ့ချင်သည်၊ လေးအင်ပီယဘာဏီတည်း။

မကောင်းမှု၌ အဖော်ပြုသော မိတ်ဆွေတု(၄)ယောက်
သောက်တုတ်သေရက်၊ ညဥ့်နက်လမ်းသွား၊ ရှုစားသဘင်၊ ပျော်ရွှင်အန်စာ၊
လေးရပ်မှာပင်၊ တကွထင်သည်၊ လေးအင်အပါယ်သဟဲတည်း။

(သိင်္ဂါလောဝါဒသုတ် - သင်္ဂဇာဆရာတော်)

Wednesday, April 20, 2011

ဗုဒ္ဓသာသနာအနှစ်ချုပ်

စကားလုံးများရဲ့ အဓိပ္ဂာယ်

(က) ကိုးကွယ်မှု = အားကိုးလျှင် - ကာကွယ်ပေးခြင်း
(အမှား) - ကြောက်ရွံ့မှု (ကမ္ဘာဦးအစ ကပ်ဘေးများကြုံ)၊
ဆုလာဒ်ရလိုမှု (သားဆုပန်၊ လာဘ်လာဘလိုချင်) ကြောင့် မသိမမြင်၊ အကြောင်းအကျိုး မမှန်တာလုပ်သော မှားယွင်းသောအယူ
(အမှန်) - အကြောင်းအကျိုး မှန်ကန်မှုရှိသော ကိုးကွယ်မှုဆိုလျှင် ခွန်အားမျှ ဖြစ်သည်။

(ခ) ဘာသာ = စကား၊ အပြော၊ အယူဝါဒ
ကမ္ဘာပေါ်တွင် ဘာသာကြီးလေးမျိုးအနက်မှ ဟိန္ဒူဘာသာသည် ပထမဦးဆုံးပေါ်လာသည့် ဘာသာ ဖြစ်ပြီး စပေါ်သည့် ခုနှစ်မသိရပါ။ ဗုဒ္ဓဘုရားအလောင်းသည် (ခရစ်တော်မပေါ်မီ) (၆၂၃ ခုနှစ်) မှာမွေးခဲ့သည်။ မိုဟာမက် (အစ္စလာမ်) ထက် (၁၁၇၀) နှစ်စောပြီး မွေးခဲ့သည်။

(ဂ) သာသနာ = အဆုံးအမ
- ပဋိယတ္တိသာသနာ = စာသင်၊ ဟောပြော၊ ဆွေးနွေး
- ပဋိပတ္တိသာသနာ = စာအသိ၊ အပြောအသိကို ခန္ဓာကိုယ်တွင်း ရှုမှတ်
- ပဋိဝေဓသာသနာ = ခန္ဓာတွင်း ရှုမှတ်ကျင့်လို့ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် အကျိုးရ

ရယ်ဖွယ် ၁၀ ပါး

ဆယ်ပါးရယ်ဖွယ် မှတ်ကြောင်းသွယ်ပိမ့်၊

၁။ ဥာဏ်ကျယ်ပါလျှက် ပွဲလယ်ချက်ဝယ် နှုတ်ထွက်ယွင်ပါး ဖွင့်ဆိုမှားအံ့။
၂။ ခစားသူမှာ သူလိုရာသို့ လိုက်နာရလျှက် မာနတက်အံ့။
၃။လက္ခဏာမဲ့ ချို့တဲ့ဥစ္စာ ဆင်းရဲစွာလျှက် ကာမဂုဏ်မှု အာရုံပြုအံ့။
၎။ မြီထူထပ်ပွါး ဥစ္စာများလျှက် မိုက်အားဖုံးလွှမ်း မပေးကမ်းပဲ ဒါနနဲအံ့။
၅။ငြိမ်းချမ်းသာယာ နေရပါလျှက် သူ့မှာမှီနေ ခစားလေအံ့။
၆။သားရေလျော့ပါး အိုလှည့်ငြားလျှက် တရားမဂ်ဖို မမှီခိုအံ့။
၇။ရန်ဖြိုဖယ်လှစ် ပြည့်ရှင်ဖြစ်လျှက် မူညစ်ဆိုးနွမ်း မူးမတ်သွမ်းနှင့်
ချစ်ကျွမ်းဝင်ဝင် ရေးတိုင်ပင်အံ့။
၈။သန့်စင်နွယ်ဓာတ် မျိုးရိုးမြတ်လျှက် အတတ်မသင် နားဝင်မကျွမ်း
လော်လီသွမ်းအံ့။
၉။မနွမ်းဂုဏ်အင် ယောက်ျားစင်လျှက် ချစ်ခင်စိုးပိုင် မယားနိုင်အံ့။
၁၀။သုံးဆိုင်ဗေဒင် ကုန်စင်မြောက်မြား ထုံးနှယ်ထွားသည့်
ပုဏ္ဏားဖြစ်လျှက် အကျင့်ပျက်အံ့။

ကန့်ကွက်ခြားနား ဤ(၁၀)ပါးကို အမှားလူတွင် ရယ်ဘွယ်ထင်သည်
သည့်ပြင်ရယ်ဆေး ရမည်ဝေး။

ဝန်ခံချက်။ ရေးသည့်စာဆို မသိပါ၊ ယဉ်ကျေးမှု ပဒေသာမှတ်တမ်းမှ
ဗဟုသုတဖြစ်ဖွယ် ကူးယူတင်ပြပါသည်။
                                                          အလင်းသစ်မှ

Friday, April 8, 2011

ပဌာန်း (၂၄) ပစ္စည်း၏ အဓိပါယ်ဖွင့်ဆိုချက်

ဘာပဲလုပ်လုပ်ကိုယ့်အတွက်ကအရင်ရတာပါ..သူများအတွက်ကိုကလုပ်တယ်ဆိုပေမယ့်လည်း ကိုယ်ကစိတ်ချမ်းသာမှုရတာ ကိုယ်အရင်ရတာပါ

ဟေတုပစ္စယော - အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။
အာရမ္မဏပစ္စယော - မျက်စိနှင့်နားသည် နိဗ္ဗာန်သို့မျက်မှောက်ပြူရပါစေသား။
အဓိပတိပစ္စယော - ရုပ်၊ နာမ်နှစ်ပါးတို့ကို စောင့်ရှောက်ထိန်းသိမ်းနိုင်ရပါစေသား။
အနန္တရပစ္စယော - များစွာသော ကုသိုလ်တရားတို့ကို မျက်မှောက်ပြူရပါစေသား။
သမနန္တရပစ္စယော - ရုပ်နှင့်နာမ် အတူရှိသောတရားတို့ကို မျက်မှောက်ပြူရပါစေသား။

Sunday, April 3, 2011

ပုညကြိယာဝတ္ထု ၁၀-ပါး

(၁) ဒါနဆိုတာ-မိမိကိုယ်ပိုင်ပစ္စည်းဥစ္စာများကို လှူဒါန်းတာ။
* ပစ္စည်းဥစ္စာ၊ အဖြာဖြာ၊ လှူတာ ဒါနမည်။

(၂) သီလဆိုတာ-၅-ပါး၊ ဂ-ပါး၊ ၉-ပါးသီလ စသည်တို့ဖြင့် ကိုယ်နှင့်နှုတ်တို့ကို လုံခြုံအောင် စောင့်စည်းတာ။
* ကိုယ်နှုတ်နှစ်ဖြာ၊ စောင့်စည်းတာ၊ မှန်စွာ သီလမည်။

(၃) ဘာဝနာ-ဆိုတာ ဥပါဒါနက္ခန္ဓာ ၅-ပါး စသည်တို့ကို စိတ်ဖြင့် ပွားများအားထုတ်တာ။
* စိတ်ဖြင့်ပွားတာ ဘာဝနာ၊ မှန်စွာ မည်ပေသည်။

(၄) အပစာယန-ဆိုတာ ဘုရား တရား သံဃာ ဆရာ မိဘ အသက်-ဂုဏ်သိက္ခာကြီးမားတဲ့ ပုဂ္ဂိုလ်တို့ကို အရိုအသေပြုတာ
* ရိုသေပြုတာ၊ အပစာ၊ မှန်စွာမည်ပေသည်။

(၅) ဝေယျဝစ္စ-ဆိုတာ ရတနာသုံးပါး၊ ဆရာမိဘများ၊ ဂုဏ်သိက္ခာကြီးမားသော ပု၈္ဂိုလ်တို့၏ ၀တ်ကြီးဝတ်ငယ်တို့ကို ပြုလုပ်ပေးတာ။
* ကြီးငယ်အမှု၊ ပြုလုပ်ပေးတာ၊ ဝေ(ယျာ)၀စ္စာ၊ မှန်စွာမည်ပေသည်။

Sunday, March 20, 2011

လောကီ လောကုတ္တရာ ဥာဏ်စဉ် (၁၆)ပါး

၁။ နာမရူပ ပရိစ္ဆေဒဥာဏ် = ဤကား နာမ် ၊ ဤကား ရုပ်ဟု ခွဲခြားသိသောဥာဏ်။
၂။ ပစ္စယပရိဂ္ဂဟဥာဏ် = နာမ် ဖြစ်ပေါ်ခြင်း အကြောင်း တရား ၊ ရုပ် ဖြစ်ပေါ်ခြင်း အကြောင်း တရားတို့ကို သိမ်းကျူံးစုစည်း သိမြင်နိုင်သောဥာဏ်။
၃။ သမ္မသနဥာဏ် = ရုပ်သဘော နာမ်သဘောတို့ကို လေ့လာသုံးသပ်သောဥာဏ်။
၎။ ဥဒယဗ္ဗဥာဏ် = ရုပ်နာမ် အဖြစ်အပျက်တို့ကို သိမြင်သောဥာဏ်။
၅။ ဘင်္ဂဥာဏ် = ရုပ် ၊ နာမ်တို့၏ (အဖြစ်ကို မမီလိုက်ဘဲ) အပျက်ကိုသာ မီလိုက်သိမြင်လိုက်သော ဥာဏ်။
၆။ ဘယဥာဏ် = ရုပ်နာမ်နှစ်ပါးတို့၏ အဖြစ်အပျက်ကို ဘေး ဟူ၍ ရှုမြင်သောဥာဏ်။
၇။ အာဒီန၀ဥာဏ် = ထိုဘေးကို အဖြစ် ဟူ၍ ရှုမြင်သောဥာဏ်။
၈။ နိဗ္ဗိန္ဒဥာဏ် = ရုပ်နာမ်နှစ်ပါးတို့၏ အဖြစ်အပျက်တွေအပေါ် ငြီးငွေ့လာသော ဥာဏ် ၊ မလိုချင် မတွယ်တာ ဖြစ်လာသော ဥာဏ်။ မုန်းလာသောဥာဏ်။
၉။ မုစ္စိတုကမျတာဥာဏ် = ဖြစ်ပျက် ဒုက္ခသစ္စာကြီးမှ လွတ်မြောက်လိုသောဥာဏ်။
၁၀။ ပဋိသင်္ခါဥာဏ် = ထိုဒုက္ခတို့မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို ဆင်ခြင်သောဥာဏ်။
၁၁။ သင်္ခါရုပေက္ခာဥာဏ် = သင်္ခါရတရားတွေချည်း (အဖြစ်အပျက်တွေချည်း) ရှုမြင်နေသောဥာဏ်။
၁၂။ အနုလောမဥာဏ် = မဂ် ဖိုလ် နိဗ္ဗာန်အား ရဖို့ အလျော်ဖြစ်သောဥာဏ်။
၁၃။ ဂေါတြဘူဥာဏ် = ပုထုဇဉ် အနွယ်ကိုဖြတ်၍ အရိယာအနွယ်ကို ဖြစ်စေတက်သောဥာဏ်။
၁၄။ မဂ်ဥာဏ် = နိဗ္ဗာန်ကို မြင်သောဥာဏ်။
၁၅။ ဖိုလ်ဥာဏ် = နိဗ္ဗာန်ကိုပင် မြင်သောဥာဏ်။
၁၆။ ပစ္စဝေက္ခဏာဥာဏ် = ရခဲ့ပြီး တရားတို့ကို ပြန်လည်ဆင်ခြင်သောဥာဏ်။
ဟူ၍ ဥာဏ်စဉ် (၁၆)ပါးရှိ၏ ။ လောကီ – လောကုတ္တရာ ရောနေ၏။

Saturday, March 19, 2011

ယနေ့ပြု

ယနေ့ပြုဖွယ် ၊ ကြီးငယ်ကိစ္စ
ဟူသမျှကို ၊ ယနေ့ပင်လျှင်
အားသစ်ဆင်လှိုင်း ၊ စောင့်ဆိုင်းမနေ
ပြုအပ်ပေ၏။။
မသွေနိစ္စ ၊ သေရမည့်ရက်၏
ချိန်းအဆက်ကို ၊ စစ်တွက်သေချာ
မသိရဘူး။။
ဇာတိတရား ၊ ရလာငြားက
မမှားဧကန် ၊ သေရမှန်လိမ့်
မသေရန်ရေး ၊ ဥစ္စာပေးလည်း
ရရေးမမြင်။။
ဆင်မြင်းဗိုလ်ပါ ၊ ညီညာရုံးစု
တွန်းလှန်ပြုလည်း ၊ ရမူမမြင်
မရဏရှင်၏ ၊ ခေါ်ငင်သွားရာ
လိုက်ရရှာသည်။။
သူငါလူစု ၊ သန်ဝေရှု၍
ယနေ့ပြုဖွယ် ၊ ကြီးငယ်ကိစ္စ
ဟူသမျှကို ၊ ယနေ့ပင်လျှင်
အားသစ်ဆင်လှိုင်း ၊ စောင့်ဆိုင်းမနေ
ပြုအပ်ပေသည်။
ဗုဒ္ဓဟောကြား ၊ မြတ်တရားတည်း။။


အရှင်ပညာသီရိ ၊ မင်္ဂလာမဏ္ဍိုင်ကျောင်းတိုက်။။

Thursday, March 10, 2011

သံဝေဂ(၈)ပါး


၁။ နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊ အိုမင်း နောက်ဆုံးရှိချေ၏တကား။

၂။ ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံး ရှိချေ၏တကား။

၃။ ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေ၏တကား။

၎။ ၀ိညာဉ်တင်းလင်း၊ သက်ရှည်ခြင်းကား၊ သေမင်းနောက်ဆုံး ရှိချေ၏တကား။

၅။ တက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊ လျှောကျနောက်ဆုံး ရှိချေ၏တကား။

၆။ ခင်မင်ခယ၊ ချစ်လွန်းကလည်း၊ သောကနောက်ဆုံး ရှိချေ၏တကား။

၇။ ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံး ရှိချေ၏တကား။

၈။ ကြည်သာရွှင်ပျ၊ ချမ်းသာကြလည်း၊ ဒုက္ခနောက်ဆုံး ရှိချေ၏တကား။

Sunday, March 6, 2011

မီး (၁၁) ပါး

သတ္တ၀ါတို့ကို လောာင်ကျွမ်းပျက်စီး ဆင်းရဲစေတတ်သော တရား (၁၁) ပါး
(၁) ရာဂမီး (လောဘမီး) – တပ်နှစ်သက်ရသဖြင့် ပူလောင်ခြင်း။
(၂) ဒေါသမီး – အမျက်ထွက်၊ စိတ်ဆိုးရသဖြင့် ပူလောင်ခြင်း။
(၃) မောဟမီး – အဟုတ်အမှန်ကို မမြင်မသိရသဖြင့် ပူလောင်ခြင်း။
(၄) ဇာတိမီး – ပဋိသန္ဓေနေရမှု၊ ဘ၀အသစ်၌ ဖြစ်ရသဖြင့် ပူလောင်ခြင်း။
(၅) ဇရာမီး – အိုမင်းရသဖြင့် ပူလောင်ခြင်း။
(၆) မရဏမီး – သေပျက်ရသဖြင့် ပူလောင်ခြင်း။
(၇) သောကမီး – စိုးရိမ်ကြောင့်ကြရသဖြင့် ပူလောင်ခြင်း။
(၈) ပရိဒေ၀မီး – ငိုကြွေးရသဖြင့် ပူလောင်ခြင်း။
(၉) ဒုက္ခမီး – ဒုက္ခဆင်းရဲကြောင့် မသာယာသဖြင့် ပူလောင်ခြင်း။
(၁၀) ဒေါမနဿမီး – စိတ်ကိုမှီ၍ မသာယာသဖြင့် ပူလောင်ခြင်း။
(၁၁) ဥပါယာသမီး – ပြင်းစွာပူပန်မှု၊ ဆို့တက်မေ့မြောသွားမှုများ ဖြစ်သဖြင့် ပူလောင်ခြင်း။

Saturday, March 5, 2011

ကျောင်းလှူအကျိုး(၇)မျိုး

(၁) နတ်နှင့်လူနယ်၊သန္ဓေတွယ်၍၊
(၂) စိတ်ဝယ်တောင့်တ၊ ဆောက်အုံ၏၊
(၃) မထကြက်သီးကိုယ်လည်းမလှုပ်၊ ကြောက်ရုပ်မထင်၊ ထိပ်လန့် စင်၏၊
(၄) ခြင်္သေ့-သစ်-ကျား၊ သားရဲများနှင့် ဖမ်းစားကလူ၊ နှိပ်စက်မူသား တောသူ-ဘုတ်-ပြိတ်၊ အဆိပ်ထန်ပြင်း မြွေနှင့်ကင်းကအဆင်းဖောက်ပြန်၊ ကုမ္ဘဏ်-ရက္ခိုသ်၊ နတ်မိုက်ရန်ပေါင်း ဘေးလွတ်ရှောင်း၏၊
(၅) မကောင်းအိပ်မက်၊ မမြင်မက်ဘူး၊
(၆)ထင်လျက်သတိ၊ မြဲခိုင်ဘိ၍၊ ၀ိပရိဏံ၊ ဖောက်ပြန်စိတ်ရင်း၊ ရူးသွတ်ခြင်းမှ၊ ရှင်းရှင်းလွတ်ရှောင်း၊ ကျိုးဆက်ကောင်း၏၊
(၇) နောက်နှောင်းဘ၀၊ ပစ္ဆိမ၀ယ်၊ဂုဏကဲပို၊ အရဟတ္တဖိုလ်ဟု၊ ထိုထိုကျေးဇူး၊လွန်ပြန့် ပြူးသည်၊ ဆောက်ဦးလှူကျိုး ခုနှစ်တည်း။
(မင်းကွန်းတိပိဋက)

Saturday, February 26, 2011

ဖျက်စု နှစ်ဆယ်

၁။ စေတီမှန်းထား၊ မြတ်ဘုရား၊ တည်ထားကောင်းလျက်၊ ညောင်ပင်ဖျက်သည်။
   ၂။ မြစ်မရေနက်၊ သောင်ပြင်ဖျက်သည်။
   ၃။ မင်းကောင်းပါလျက်၊ မင်းမြှောင်ဖျက်သည်၊
   ၄။ လက်စုံစား၊ မယားကောင်လျက်၊ အမြှောင်ဖျက်သည်။
   ၅။ မောင်းသွင်းခူနင်း၊ ရေလျှင်သွင်း၊ ပျိုးခင်းကောင်းလျက်၊ မြှောင်တောင်ဖျက်သည်။
   ၆။ လက်ဆက်တံကူ၊ လှေမူခိုင်လျက်၊ စီးပိုးဖျက်သည်။
   ၇။ လက်တီးကြမ်းပြင်၊ ဆင်ဝင်ကောင်းလျက်၊ ဝဲလင်းဖျက်သည်။
   ၈။ က္ကုတ္ထိယမူ၊ ရူပါကောင်းလျက်၊ ဆံထုံးဖျက်သည်။
   ၉။ ဓမ္မသတ်တရား၊ ရှိပါငြားလည်း၊ တိမ်းပါးငဲ့ကွက်၊ လက်ဆောင်ဖျက်သည်၊
၁၀။  ရဟန်းတရား၊ ကျင့်ပါများလျက်၊ အစားဖျက်သည်။
၁၁။ သီလငါးပါး၊ ကျင့်သူအားကို၊ စီးပွားမရက်၊ လောဘဖျက်သည်။

Friday, February 25, 2011

နိဗ္ဗာန်၏ ဂုဏ်ပုဒ်များ

၁။ မာန်မယစ်ရာ နိဗ္ဗာန်။ (မဒနိမ္မဒနော)
၂။ တဏှာမွတ်သိပ်ခြင်းကို ပယ်ဖြောက်ရာ နိဗ္ဗာန်။ (ပိပါသ၀ိနယော)
၃။ ကာမဂုဏ် အာလယကို အကြွင်းမဲ့ခွာရာ နိဗ္ဗာန်။ (အာလယသမုဂ္ဃါဋော)
၎။ ၀ဋ်သုံးပါးမှ ကင်းပြတ်ရာ နိဗ္ဗာန်။ (၀ဋ္ဋုပစ္ဆေဒေါ)
၅။ တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်။ (တဏှာက္ခယော)
၆။ ရာဂကင်းလွတ်ရာ နိဗ္ဗာန်။ (၀ိရာဂေါ)
၇။ တဏှာ၏ချုပ်ရာ နိဗ္ဗာန်။ (နိယောဓော)
၈။ အမြဲခိုင်ခန့်သော နိဗ္ဗာန်။ (ဓုဝံ)
၉။ အိုခြင်းမရှိသော နိဗ္ဗာန်။ (အဇရံ)
၁၀။ သံသရာချဲ့တတ်သော တရားမရှိသော နိဗ္ဗာန်။ (နိပ္ပပဉ္စံ)
၁၁။ မဖောက်မပြန် မှန်ကန်သော နိဗ္ဗာန်။ (သစ္စံ)
၁၂။ သံသရာ၏ ဟိုမှာဘက်ကမ်းဖြစ်သော နိဗ္ဗာန်။ (ပါရံ)

Sunday, February 20, 2011

သရဏဂုံတည်ခြင်း အကျိုး

ဘုရား တရား သံဃာ ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်ခြင်းသည် သရဏဂုံတည်ခြင်း ဖြစ်ပါသည် ။
သရဏဂုံတည်ခြင်း အကျိုး (၅) မျိုးရှိပါတယ်

(၁) ဘယ - ဘေးရန်ကင်းရှင်း စေပါသည် ။
(၂) သန္တာသ - ကြောက်ရွံမှု ပူလောင်မှု မှန်သမျှကို ပျောက်ကင်းစေပါသည် ။
(၃) ဒုက္ခ - ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းကိုလည်း ပျောက်ကင်းစေပါသည် ။
(၄) ဒုဂတိ - အပါယ်လေးဘုံ ကျရောက်မည့် ဘေးကိုလည်း ပယ်ပျောက်စေပါသည် ။
(၅) ပရိကိလေသ - မိမိစိတ်၏ ညစ်နွမ်းမှု မှန်သမျှတွေကိုလည်း ပယ်ပျောက်စေပါသည် ။


သရဏဂုံ ဆောက်တည်ရခြင်းအကြောင်း ကတော့ လေးမျိုးရှိပါတယ်

(၁) မိမိကိုယ်တိုင် ယုံကြည်မှု မရှိပဲ အမျိုး အမှတ်ဖြင့် ကိုးကွယ်ခြင်းဟာ သရဏဂုံမမြောက်ပါ ။
(၂) ဘေးအန္တရာယ်ကို ကြောက်သောအားဖြင့် ကိုးကွယ်ခြင်းဟာ သရဏဂုံမမြောက်ပါ ။
(၃) လာဘ် လာဘ ကိုမျှော်ကိုးပြီး ကိုးကွယ်ခြင်းဟာလည်း သရဏဂုံမမြောက်ပါ ။
(၄) မြတ်သောအလှူကိုခံတော်မူထိုက်သောအားဖြင့် ကိုးကွယ်ခြင်းဟာ သရဏဂုံမြောက်ပါတယ်။

Monday, February 14, 2011

ပဋိစ္စသမုပ္ပါဒ် အကြောင်း အကျိုး(၁၁)ပါး

၁။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ - မသိမှုကြောင့် ပြုပြင်စီမံမှု ဖြစ်ရခြင်း။
၂။ သင်္ခါရပစ္စယာ ၀ိညာဏံ - ပြုပြင် စီမံမှုကြောင့် အမိဝမ်း၌ ၀ိညာဏ် တွယ်ရခြင်း။
၃။ ၀ိညာဏပစ္စယာ နာမရူပံ - ၀ိညာဏ်တွယ်ခြင်းကြောင့် နာရုပ် သတ္တ၀ါ ဖြစ်ပေါ်ခြင်း။
၎။ နာမရူပပစ္စယာ သဠာယတနံ - နာမ်ရုပ်သတ္တ၀ါ ဖြစ်ပေါ်ခြင်းကြောင့် ဒွါရခြောက်ပေါက် ဖြစ်ပေါ်ခြင်း။
၅။ သဠာယတနပစ္စယာ ဖေဿာ - ဒွါရခြောက်ပေါက် ဖြစ်ပေါ်ခြင်းကြောင့် အာရုံကို ထိခိုက်မိခြင်း။
၆။ ဖဿပစ္စယာ ဝေဒနာ - အာရုံထိခိုက်ခြင်းကြောင့် ကောင်း၊ မကောင်း ခံစားခြင်း။
၇။ ဝေဒနာပစ္စယာ တဏှာ - ကောင်း၊ မကောင်း ခံစားခြင်းကြောင့် ခံစားလိုစိတ် ဖြစ်ပေါ်ခြင်း။
၈။ တဏှာပစ္စယာ ဥပါဒါနံ - ခံစားလိုသော စိတ်ကြောင့် စွဲစွဲလမ်းလမ်း ဖြစ်ရခြင်း။
၉။ ဥပါဒါနပစ္စယော ဘဝေါ - စွဲစွဲလမ်းလမ်း ဖြစ်ရခြင်းကြောင့် ဘ၀ကို ဆုတောင်းခြင်း။
၁၀။ ဘ၀ပစ္စယာ ဇာတိ - ဘ၀ကို ဆုတောင်းသောကြောင့် အမိဝမ်း၌ ပဋိသန္ဓေ နေရခြင်း။
၁၁။ ဇာတိပစ္စယာ ဇရာမရဏံ - ပဋိသန္ဓေ နေရခြင်းကြောင့် အိုနာသေ ဖြစ်ရခြင်း။
(မှတ်ချက်) အရှင်ညာဏဒီပ(ဓမ္မရတနာ)မှကူးယူထားပါသည်။

Sunday, February 13, 2011

မိတ် ဆွေ

မိတ်ဆွေ ...
နေဘယ်အချိန်ဝင်လဲသိလား ?
ညနေစောင်းရင်ဝင်တယ်
သေချာပြောရ ရင်ပေါ.
နေဟာစထွက် လာ ကတည်း က ...
ဝင်ဖို.ထွက်လာတာပါ ။

မိတ်ဆွေ ...
လူကောဘယ်အချိန် သေမလဲ ?
အသက်ကြီးလာတာနဲ. အမျှ
သေဖို.နီးကပ်လာပြီလေ ။
သေချာတဲ.နောက်အဖြေက
လူရယ်လို. စမွေးလာကတည်းက
သေဖို.မွေးဖွား လာတာပါပဲ ။

ဗုဒ္ဓမြတ်စွာ မိန်.ကြားသည်မှာ
ဘုံ ( ၃၁ ) ဘုံဝယ်
လူ.ပြည် လူဘုံ က အကောင်းဆုံး ပဲတဲ. ၊
လူ.ဘုံ နဲ. နှိုင်းလျှင်
နတ်ဘုံက သုခစည်းစိမ်ခံစားရမှု ပိုသာပါတယ် ။

Wednesday, February 9, 2011

ကိလေသာမီး (၁၀)ပါး

၁။ လောဘ = လိုချင်မှု့မီး။
၂။ ဒေါသ = စိတ်ဆိုးမှု့မီး။
၃။ မောဟ = မသိ မလိမ္မာမှု့မီး။
၎။ မာန = မာနကြီးမှု့မီး။
 ၅။ ဒိဋ္ဌိ = အယူမှားမှု့မီး။
၆။ ဝိစိကိစ္ဆာ= ဘုရား တရား သံဃာ ကံ-ကံ၏ အကျိုးများ၌ ယုံမှားမှု့မီး။
၇။ ထိန = အိပ်ချင်အားကြီး ထိုင်းမှိုင်းမှု့မီး။
၈။ ဥဒ္ဓစ္စ = ပျံ့လွင့်မှု့ မတည်ကြည်မှု့မီး။
၉။ အဟိရိက= အကုသိုလ် ဒုစရိုက်မှ မရှက်မှု့မီး။
၁၀။ အနောတ္တပ္ပ= ဒုစရိုက်မှ မကြောက်မှု့မီး။
ဤကိလေသာ ဆယ်ပါး မီးပူကြီး များသည် ငါတို့ ပုထုဇဉ် များ၏ သန္တာန်၌ လောင်မှန်း မသိ လောင် ကျွမ်းလျက် ရှိရာ တစ်ခါ တစ်ခါ သိသိ သာသာ အပြင်း အထန် လောင်ကျွမ်း ကာမှ “ ဪ တယ်ပူတဲ့ မီးပါတကား” ဟု အထင် အရှား သိကြရ လေသည်။

ဆရာတော် ဘုရားကြီး အရှင် ဇနကာဘိဝံသ (ရတနာ့ ဂုဏ်ရည် စာအုပ်မှ)

Monday, February 7, 2011

သီလ

( သီလ စင်ကြယ်ခြင်း၏ ကောင်းကျိုး)
သီလခေါ်ဆို၊ ကိုယ်ကျင့်တရား၊ စင်ကြယ်ငြားမူ
စီးပွားတိုးလျက်၊ နာမည်တက်၍၊
ရွံ့ရှက်ကြောက်ကင်း၊ ပွဲလယ်ချဉ်း၏။
သေခြင်းဆိုက်လတ်၊ သတိကပ်လျက်၊
ရောက်ရနတ်ဝယ်၊ ဤငါးသွယ်၊
ရဖွယ်ကောင်းကျိုးတည်း။

Monday, January 24, 2011

ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ နေထိုင်ခြင်း

၁ ။ မည်သူ့အပေါ်တွင် မဆို အရင်းအဖျား မခွဲခြားဘဲ စိတ်ကောင်း နှလုံးကောင်း ထားပါ ။
၂ ။ ကောင်းသော ဣဌာရုံနှင့် တွေ့သောအခါ လွန်စွာဝမ်းသာ အားရ သောမနဿ လောဘမဖြစ်ပါနှင့် ။
၃။ မကောင်းသော အနိဌာရုံနှင့် တွေ့သောအခါ၌လည်း ၀မ်းနည်းပက်လက် မနှစ် သက်သောဒေါမနဿဒေါသမဖြစ်ပါနှင့် ။
၎ ။ မိမိပိုင် မဟုတ်သော ပစ္စည်းဥစ္စာများကို မတရား ပိုင်ဆိုင်လို့သည့် မတရားရယူလိုသည့်လောဘ မထွက်ပါနှင့်။ ရောင့်ရဲပါ ၊ တင်းတိမ်ပါ
၊ ဆင်းရဲသည်ကို ဂုဏ်ယူပါ ။ မတရားချမ်းသာတာကို ဂုဏ်မယူပါနှင့် ။
၅ ။ သတ္တ၀ါတို့ကို မညှဉ်းဆဲပါနှင့် ၊ မနှိပ်စက်ပါနှင့် ၊ကာယ အားဖြင့် ၊ နှုတ်အားဖြင့် ၊စိတ်အားဖြင့်မညှဉ်းဆဲပါနှင့်။
၆ ။ သတ္တ၀ါအားလုံး မိမိနှင့် ထိတွေ့သိရှိသူ ၊ မိမိနှင့် ထိတွေ့သိရှိခြင်း မရှိသူ ၊ မိမိအား ချစ်ခင်လိုလားသူ ၊မိမိအား မုန်းတီးစက်ဆုပ်သူ ၊
မိမိအားချစ်လည်းမချစ် ၊ မုန်းလည်းမမုန်း အလယ်အလတ်သဘောရှိသူ အားလုံးအပေါ် သန့်ရှင်းကြည်လင်သော

Thursday, January 20, 2011

နောင်တ ၁၀-ပါး

ငယ်ခါကလျှင်၊
မသင်ပညာ၊
ဥစ္စာမစု၊
သူ့ကိုချစ်ဖျက်၊
သူ့သက်သတ်စား၊
သူ့မယား၌၊ ပြစ်မှားတုံဘိ၊
ပစ္စည်းရှိလျက်၊ စိုးစိမလှူ၊
မွေးမြူမိဘ၊ မပြုရနှင့်၊
ဆုံးမ မနာ၊
ပညာရှိထံ၊ နည်းခံမမှတ်၊
အမြတ်မကျင့်၊
ဤဆယ်ဆင့်ကား၊
ကြီးရင့်ဇရာ၊ အိုသောခါလျှင်၊
ပူဆာနောင်တ၊ ရတတ်စွတည့်။

(မဃဒေ၀လင်္ကာသစ် ပိုဒ် ၃၂၁-တတိယပိုင်း၊ ပုတ္တောဝါဒခန်း)

ကြီးရင့်ဇရာ၊ အိုသောခါတွင်၊ ပူဆာနောင်တ၊ ရတတ်စွ-လို့ ဆိုတဲ့အတိုင်း အသက်အရွယ် ကြီးရင့်လို့ အိုမင်းပြီ ဆိုတဲ့အခါမှာ နောင်တ ရတတ်တဲ့တရား၊ ငါငယ်ငယ်တုန်းက မလုပ်ခဲ့မိတာ မှားလေစွလို့ ပူပန်ရတတ်တဲ့ တရား ၁၀-မျိုး ရှိပါတယ်။

Wednesday, January 19, 2011

မှတ်သားလိုက်နာ ( ၃၈ ) ဖြာ မင်္ဂလာတရားတော်

၁။ အသေ၀နာစ ဗာလာနံ = လူမိုက်တို့ကို မဆည်းကပ်ခြင်း။
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း။
၃။ ပူဇာစ ပူဇနေယျာနံ = ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း။
၎။ ပတိရူပဒေသ ၀ါသောစ =သင့်တင့်သောအရပ်၌ နေထိုင်ခြင်း။
၅။ ပုဗ္ဗေစ ကတပုညတာ = ပြုခဲ့သော ကောင်းမှု ရှိသောသူဖြစ်ခြင်း။
၆။ အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း။
၇။ ဗာဟုဿစ္စ = အကြားအမြင်များသော သူ၏ အဖြစ် ဖြစ်ခြင်း။
၈။ သိပ္ပ = လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း။
၉။ ၀ိနယောစ သုသိက္ခိတော = ကောင်းစွာသင်အပ်သော ၀ိနည်းတရား ရှိခြင်း။
၁၀။ သုဘာသိတ၀ါစာ = ကောင်းစွာဆိုခြင်း။
၁၁။ မာတာပိတု ဥပဋ္ဌာန = အမိအဘတို့ကို ကောင်းစွာ လုပ်ကျွေးခြင်း။
၁၂။ ပုတ္တဒါရဿသင်္ဂဟ = သားမယားတို့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်း။
၁၃။ အနာကုလ ကမ္မန္တာ = အနှောင့်အယှက်မရှိသော အမှုတို့ကိုသာ ပြုခြင်း။
၁၄။ ဒါနဉ္စ = အလှူပေးခြင်း။

Friday, January 7, 2011

သူတော်ကောင်းတရား ၁၀-ပါး-

သူတော်ကောင်းတို့ ကုသိုလ်ကောင်းမှု ပြုကျင့်ရာဖြစ်သော
ပုညကြိယာ ၀တ္ထု ၁၀-ပါး

၁။ ဒါန၊ စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း။
၂။ သီလ၊ ကိုယ်ကျင့်သီလ ကောင်းအောင် စောင့်ထိန်းခြင်း။
၃။ ဘာဝနာ၊ ကမ္မဋ္ဌာန်းတရားအားထုတ်ခြင်း။
၎။ အပစာယန၊ ရိုသေထိုက်သူတို့ကို ရိုသေခြင်း။
၅။ ဝေယျာဝစ္စ၊ ကုသိုလ်ရေးတို့၌ ပါဝင်ဆောင်ရွက်ခြင်း။
၆။ ပတ္တိဒါန၊ မိမိပြုလုပ်သောကုသိုလ်ကို သူတစ်ပါးအား အမျှပေးဝေခြင်း။
၇။ ပတ္တာနုမောဒနာ၊ သူတစ်ပါး ပြုလုပ်သောကုသိုလ်ကို ၀မ်းမြောက်ခြင်း။
၈။ ဓမ္မဿဝန၊ သူတော်ကောင်းတရား နာကြားခြင်း။
၉။ ဓမ္မဒေသနာ၊ လာဘ်ကိုမငဲ့ကွက်ဘဲ သူတော်ကောင်းတရား ဟောကြားခြင်း။
၁၀။ ဒိဋ္ဌိဇုကမ္မ၊ အယူကို ဖြောင့်မတ် မှန်ကန်စွာယူခြင်း။

ပုညကြိယာဝတ္ထု ၁၀-ပါး

Tuesday, January 4, 2011

ပါရမီ (၁၀)ပါး

၁။ ဒါန = ပေးလှူခြင်း ။

၂။ သီလ = ကိုယ်နှုတ်စောင့်ထိန်းခြင်း ။

၃။ နေက္ခမ္မ = ကိလေသာတောမှထွက်ခြင်း ။

၎။ ပညာ = အကြောင်းအကျိုး ဆင်ခြင်ထိုးထွင်းသိခြင်း ။

၅။ ၀ီရိယ = အားစိုက်ကြိုးစား လုံ့လရှိခြင်း ။

၆။ ခန္တီ = သည်းခံခြင်း ။

၇။ သစ္စာ = ဖြောင့်မတ်/မှန်ကန်ခြင်း ။

၈။ အဓိဋ္ဌာန် = အဓိဋ္ဌာန်တည်ဆောက်ခြင်း၊ ပြတ်သားသောဆန္ဒ ။

၉။ မေတ္တာ = စင်ကြယ်သောချစ်ခြင်း ။

၁၀။ ဥပေက္ခာ = လစ်လျူရှုခြင်း/အသင့်အားဖြင့် ။

သရဏဂုံတည်ခြင်း အကျိုး

ဘုရား တရား သံဃာ ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်ခြင်းသည် သရဏဂုံတည်ခြင်း ဖြစ်ပါသည် ။
သရဏဂုံတည်ခြင်း အကျိုး (၅) မျိုးရှိပါတယ်
(၁) ဘယ - ဘေးရန်ကင်းရှင်း စေပါသည် ။
(၂) သန္တာသ - ကြောက်ရွံမှု ပူလောင်မှု မှန်သမျှကို ပျောက်ကင်းစေပါသည် ။
(၃) ဒုက္ခ - ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းကိုလည်း ပျောက်ကင်းစေပါသည် ။
(၄) ဒုဂတိ - အပါယ်လေးဘုံ ကျရောက်မည့် ဘေးကိုလည်း ပယ်ပျောက်စေပါသည် ။
(၅) ပရိကိလေသ - မိမိစိတ်၏ ညစ်နွမ်းမှု မှန်သမျှတွေကိုလည်း ပယ်ပျောက်စေပါသည် ။
သရဏဂုံ ဆောက်တည်ရခြင်းအကြောင်း ကတော့ လေးမျိုးရှိပါတယ်
(၁) မိမိကိုယ်တိုင် ယုံကြည်မှု မရှိပဲ အမျိုး အမှတ်ဖြင့် ကိုးကွယ်ခြင်းဟာ သရဏဂုံမမြောက်ပါ ။
(၂) ဘေးအန္တရာယ်ကို ကြောက်သောအားဖြင့် ကိုးကွယ်ခြင်းဟာ သရဏဂုံမမြောက်ပါ ။
(၃) လာဘ် လာဘ ကိုမျှော်ကိုးပြီး ကိုးကွယ်ခြင်းဟာလည်း သရဏဂုံမမြောက်ပါ ။
(၄) မြတ်သောအလှူကိုခံတော်မူထိုက်သောအားဖြင့် ကိုးကွယ်ခြင်းဟာ သရဏဂုံမြောက်ပါတယ် ။
အပေါ်က ရေးသားထားတဲ့ သရဏဂုံဆောက်တည်ရခြင်းအကြောင်း လေးမျိုးထဲက မိမိတို့ ဘယ်ကိုးကွယ်မှုထဲမှာ ပါတယ်ဆိုတာကို ဆင်ခြင်နိုင်အောင် ရေးသားဖော်ပြလိုက်ပါတယ်ခင်ဗျာ..မှန်က

ဘုရားဂုဏ်တော် (၉)ပါး

(၁) အရဟံ
(က) အရဟံ = လူနတ် ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံထိုက်ခြင်း။
(ခ) အရ ဟံ = ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူပြီးဖြစ်ခြင်း။
(ဂ) အ ရဟံ = ဆိတ်ကွယ်ရာ၌ပင် မကောင်းမှု မပြုခြင်း။
(၂) သမ္မာသမ္ဗုဒ္ဓ = အလုံးစုံသောတရားတို့ကို ဆရာမရှိပါဘဲ ပါရမီစွမ်းအားဖြင့်သိခြင်း။
(၃) ၀ိဇ္ဇာစရဏသမ္ပန္န = အသိဥာဏ် (၀ိဇ္ဇာ)၊ အကျင့်တရား (စရဏ) တို့နှင့် ပြည့်စုံခြင်း။
(၄) သုဂတ = ကောင်းမြတ်သောစကား (သီလ၊ သမာဓိ၊ ပညာ) ကိုသာပြောခြင်း (ကောင်းသောလာခြင်း သွားခြင်း)

(၅) လောက၀ိဒူ = လောကကြီးသုံးပါးကို သိခြင်း။ (သတ္တ၊ သြကာသ၊ သင်္ခါရ)
(၆) အနုတ္တရောပုရိသ = ရိုင်းစိုင်းသော တိရိစ္ဆာန်၊ လူ၊ နတ်တို့ကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမခြင်း။

(၇) သတ္ထာဒေ၀ မနုဿာနံ = လူ နတ် ဗြဟ္မာ သတ္တ၀ါ အားလုံးတို့၏ ဆရာဖြစ်ခြင်း။

(၈) ဗုဒ္ဓ = အမှန် (သစ္စာ) တရားလေးပါးကို သိခြင်း၊ ဟောကြားပြသခြင်း။

(၉) ဘဂ၀ါ = ဘုန်းတော် (၆) ပါးနှင့်ပြည့်စုံခြင်း။

တရားဂုဏ်တော် (၆)ပါး


(၁) ဟော = ဘုရားကိုယ်တိုင်ဟောခြင်း။

(၂)ကိုယ် = ကျင့်ကြံသူအတွက် မျက်မှောက်ဘ၀၌ပင် ကိုယ်တိုင်ရှုမြင်နိုင်ခြင်း။

(၃) ဆိုင်း = ရှုပွားသူအတွက် မဂ်ပြီးလျှင် ဖိုလ်အချိန်မဆိုင်းဘဲဖြစ်ခြင်း။

(၄) ဖိတ် = တရားနှင့်ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ရဲခြင်း။

(၅) ကပ် = မိမိသန္တာန်၌ အစဉ်ကပ်၍ ဆောင်ထားသင့်ခြင်း။

(၆) လက် = မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဓမ္မရသကိုလက်တွေ့ခံစားနိုင်ခြင်း။

သံဃာဂုဏ်တော် (၉)ပါး

(၁) ကောင်း = ကောင်းသောအကျင့်ရှိခြင်း။

(၂) ဖြောင့် = ဖြောင့်မတ်စွာကျင့်ကြံခြင်း။

(၃) နိဗ် = နိဗ္ဗာန်ရောက်ရေးကျင့်ခြင်း။

(၄) လော = လောကုတ္တရာတရားနဲ့ အညီကျင့်ခြင်း။

(၅) ဝေး = အဝေးကသယ်ဆောင်လာသည့် ပစ္စည်းကိုပင် ခံယူထိုက်ခြင်း။

(၆) ဧည့် = ဧည့်သည်အတွက် အထူးစီမံထားသည့်ပစ္စည်းကိုပင် အလှူခံထိုက်ခြင်း။

(၇) မြင့် = မြင့်မြတ်သောအလှူကို ခံထိုက်ခြင်း

(၈) လက် = လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံထိုက်ခြင်း။

(၉) လယ် = သတ္တ၀ါအပေါင်းတို့၏ ဒါနမျိုးစေ့ စိုက်ပျိုးရာ လယ်မြေ ကောင်းဖြစ်ခြင်း။