.... NavBar ဖွင့်/ပိတ်
လောကနတ် ဓမ္မဆိုဒ်လေးကိုလာရောက်ကြသူအပေါင်းကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေ။
....

Thursday, November 18, 2010

ဘုရားနှင့် ပစ္စေကဗုဒ္ဓါတို့၏ တူပုံ နှင့် ခြားနာပုံများ

ဘုရားရှင်တို့သည် ၀ိဝဋ္ဋကပ် (ဆုပ်ကပ်) ၌သာ ပွင့်တော်မူကုန်၏။ သံဝဋ္ဋကပ် (တက်ကပ်)၌ ပွင့်တော်မမူကုန်။
ပစ္စေကဗုဒ္ဓါတို့သည်လည်း ထို့အတူ ၀ိဝဋ္ဋကပ်၌သာ ပွင့်တော်မူကုန်၏။
သို့သော်-ဘုရားပွင့်တော်မူချိန် (ဘုရားရှင်သာသနာ တည်ရှိချိန်) ၌ကား ပွင့်တော်မမူကုန်။

ဘုရားရှင်တို့သည် ကိုယ်တော်တိုင် သစ္စာလေးပါးတရားတို့ကို သိကုန်၍ သူတပါးတို့ကိုလည်း သိစေတော်
မူကုန်၏။
ပစ္စေကဗုဒ္ဓါတို့ကား ကိုယ်တော်တိုင်သာ သစ္စာလေးပါးတရားတို့ကို သိကုန်သော်လည်း သူတပါးတို့ကို သိအောင် မဟောနိုင်ကုန်။
အတ္ထရသကိုသာ ထိုးထွင်းသိကုန်၍ ဓမ္မရသကိုကား မသိကြကုန်။



ပစ္စေကဗုဒ္ဓါတို့သည် လောကုတ္တရာတရားတော်ကို ပညတ်သို့ တင်၍ တရား မဟောနိုင်ကြကုန်။
သူတို့၏ သစ္စာလေးပါး သိမှုသည် ဆွံ့အသူက မိမိမြင်မက်သော အိပ်မက်ကို
ပြန်မပြောနိုင်သကဲ့သို့၎င်း, တောတွင်းသားက မြို့၌ စားသောက်အပ်သော
ဟင်း၏အရသာကို ပြန်လည်မပြောပြနိုင်သကဲ့သို့၎င်း ဖြစ်၏။
(အပဒါန-ဋ္ဌ၊ ၁၊ ၁၅၉)

ပစ္စေကဗုဒ္ဓါတို့တွင် နောက်ဆုံးဖြစ်သော မာတင်္ဂပစ္စေကဗုဒ္ဓါသည် ဂေါတမဘုရားလောင်း ဖွားမြင်သည်အထိ
သက်တော်ထင်ရှား ရှိနေသေးကြောင်း, ဘုရားလောင်းကို ပူဇော်ရန်သွားသော
နတ်များ၏ပြောသံကို ကြားမှ မိမိ၏အသက်အပိုင်းအခြား ကုန်လေပြီဟု သိ၍
ဟိမ၀န္တာတွင် ပစ္စေကဗုဒ္ဓါတို့၏ ပရိနိဗ္ဗာန်ပြုတော်မူရာ မဟာပပါတမည်သော
တောင်သို့ ကြွကာ ပရိနိဗ္ဗာန် ပြုလေသည်။ (အပဒါန-ဋ္ဌ၊ ၁၊ ၂၂၂-၂၂၃)

No comments:

Post a Comment