.... NavBar ဖွင့်/ပိတ်
လောကနတ် ဓမ္မဆိုဒ်လေးကိုလာရောက်ကြသူအပေါင်းကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေ။
....

Sunday, October 27, 2013

“ ဆဲရေးခြင်း ၁ဝ-ပါး ”

ထိုဆဲရေးခြင်း ၁ဝ-ပါးသည် ဝစီဒုစရိုက်တရားချည်းဖြစ်ရကား၊
ရဟန်းတော်အတွက် ပညတ်ချက်ထုတ်ထား၏၊

♦♦လူများအဖို့လည်း ရိုင်းပြသောအရာဖြစ်၍
မဆဲသင့် မပြောသင့်ချေ၊♦♦

ပဌမ အာဃာတပဋိဝိနယသုတ်- (ရန်ငြိုးဖွဲ့ခြင်း)


ရဟန်းတို့ ရန်ငြိုးဖွဲ့ခြင်း {အာဃာတ}ကို ပယ်ဖျောက်ကြောင်း တရားတို့သည်
ဤ ငါးမျိုးတို့တည်း၊ ရဟန်းအား အာဃာတဖြစ်ပေါ်ရာ အာရုံ၌ (ဤတရားငါးမျိုးဖြင့်)
အာဃာတကို အချင်းခပ်သိမ်း ပယ်ဖျောက်ရမည်။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

(၁) ရန်ငြိုးဖွဲ့ခြင်း ဖြစ်ပေါ်လာရာ ပုဂ္ဂိုလ်၌ ချစ်ခြင်း {မေတ္တာ}ကို ပွါးများရမည်၊
ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။

(၂) ရန်ငြိုးဖွဲ့ခြင်း ဖြစ်ပေါ်လာရာ ပုဂ္ဂိုလ်၌ သနားခြင်း {ကရုဏာ}ကို ပွါးများရမည်၊
ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။

(၃) ရန်ငြိုးဖွဲ့ခြင်း ဖြစ်ပေါ်လာရာ ပုဂ္ဂိုလ်၌ လျစ်လျူရှုခြင်း {ဥပေက္ခာ} ကို ပွါးများရမည်၊
ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။

(၄) ရန်ငြိုးဖွဲ့ခြင်း ဖြစ်ပေါ်လာရာ ပုဂ္ဂိုလ်၌ သတိမထားခြင်း နှလုံးမသွင်းခြင်းသို့ ရောက် စေရမည်၊
ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။

(၅) ရန်ငြိုးဖွဲ့ခြင်း ဖြစ်ပေါ်လာရာ ပုဂ္ဂိုလ်၌ ကံသာလျှင် မိမိဥစ္စာရှိသော အဖြစ်ကို ဆောက်တည်ရမည်။

Saturday, October 26, 2013

“ရှိခိုးဦးချပုံ ဦးချနည်း”



ဘုရားနှင့် သံဃာတော်တို့ထံ ဆည်းကပ်ရှိခိုးသောအခါ ရိုသေစွာ လက်အုပ်ချီပြီးနောက်
“နီး၊ ဝေး၊ ရှေ့၊ နောက်၊ မြင့်မောက်၊ လေညာ” ဟူသော အပြစ်ခြောက်မျိုးလွတ်သော နေရာ၌ နေ၍ ရှိခိုးပြီး
လျှောက်ထားဖွယ် စကားတို့ကို လျှောက်ထားရမည်။

လျှောက်ထား နာယူပြီးလျှင် ရှိခိုးဦးချ၍ ပြန်ရမည်။
ပြန်သောအခါ ဘုရားရှင်နှင့် သံဃာတော်တို့ကို
ကျောပေး၍မပြန်ဘဲ လက်အုပ်ချီကာ လေးငါးလှမ်းခန့် နောက်ဆုတ်ပြန်ရမည်။

“ရှိခိုးခြင်း သုံးမျိုး”
--------*------------
(၁) ထိခြင်းငါးပါးနှင့်အညီ ကိုယ်ဖြင့်ရှိခိုးခြင်း (ကာယ၀န္ဒနာ)၊

(၂) နူတ်ဖြင့် ရွတ်ဆို ရှိခိုးခြင်း (၀စီဝန္ဒနာ)၊

(၃) စိတ်ဖြင့် ရည်မှတ် ရှိခိုးခြင်း (မနောဝန္ဒနာ)။