.... NavBar ဖွင့်/ပိတ်
လောကနတ် ဓမ္မဆိုဒ်လေးကိုလာရောက်ကြသူအပေါင်းကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေ။
....

Tuesday, December 28, 2010

ဆင်းတုရှိခိုးတာ အကျိုးရှိသလား

ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။
မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။
ကိုးကွယ်နေလို့ကော အကျိုးရှိပါမလား။
ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား?
ဆင်းတုတွေ ရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။
ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။
ဂေါတမ မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့
သူဟောကြားထားတဲ့ တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။
သူဘုရားဖြစ်အောင် ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။
နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။
ဒါတွေက အခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံ
အားထုတ်ရင်း မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို
ခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။
ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက်
စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။
ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့
ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။
ဓမ္မစေတီ… ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့
ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကို

ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး


သမန္တစက္ခုဒီပနီ တတိယတွဲ ပုစ္ဆာအမှတ်-၇၁ ။ စာမျက်နှာ
၂၃၉-၌အကျယ်ရှုပါ ။
ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး။
(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊
ဟောင်းနွမ်းခြင်းမရြှိုခင်း။


(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ
လက်လေးသစ်မျှကွာခြင်း။
(၃) တော်ထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာ
တစ်သက်ပတ်လုံး တည်တော်မူခြင်း။
(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး


၊သပိတ်တော်စင်၏။
(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။
(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို

Thursday, November 18, 2010

နှစ်ကျိပ်ရှစ်ဆူ ဘုရားများ ပွင့်ရာကမ္ဘာများနှင့် ဗောဓိပင်များ

၁။ တဏှင်္ကရာ........................................... သာရမဏ္ဍကမ္ဘာ
၂။ မေဓင်္ကရာ........................................................။
၃။ သရဏင်္ကရာ....................................................။
၎။ ဒီပင်္ကရာ..........၎
အသင်္ချေ+ကမ္ဘာတသိန်းထက်.......။...................ပိပ္ပလိ=ညောင်ကြပ်ပင်။
၅။ ကောဏ္ဍည......၃ အသင်္ချေ+ကမ္ဘာတသိန်းထက်...သာရကမ္ဘာ..........သာလကလျာဏီ=နပဲပင်။
၆။ မင်္ဂလ.............၂
အသင်္ချေ+ကမ္ဘာတသိန်းထက်...သာရမဏ္ဍကမ္ဘာ....နာဂရုက္ခ=ကံ့ကော်ပင်။
၇။ သုမန.............................။......................................။.............................။................။

ခင်ပွန်းကြီး ၁၀-ပါး

ရတနာသုံးပါး ဦးထိပ်ထား၍ မွေးဖွားသန့်စင်လာခဲ့သော ဗုဒ္ဓဘာသာ အမျိုးသား အမျိုးသမီးများသည် လက်ဦးဆရာများဖြစ်ကြသော အမိ အဖ အဖိုး အဖွား တို့၏
သွန်သင်ဆုံးမမှုဖြင့် ရတနာသုံးပါးနှင့် မိဘ ဆရာတို့ကို အနန္တောအနန္တငါးပါး-ဟု
သိထားခဲ့ကြသည်။

အနန္တောအနန္တငါးပါးကို ရိုသေဆည်းကပ်ရမည်၊ ကန်တော့ရမည်၊ ကျေးဇူးဆပ်ရမည်-ဟူသော အသိစိတ်ဓာတ်ရှိကြပါသည်၊ သို့သော် ခင်ပွန်းကြီး
၁၀-ပါး (၀ါ) မိတ်ဆွေကောင်းကြီး ဆယ်ဦးကိုမူကား သိသူမများလှပေ။

သာဝက

ဘုရားရှင်အထံ၌ဖြစ်စေ, သာဝကတပါးပါး၏ အထံ၌ဖြစ်စေ သစ္စာလေးပါး ကမ္မဋ္ဌာန်းတရားကို ကြားနာရပြီးမှ ရရှိအပ်သော အရဟတ္တမဂ်ဉာဏ်သည် သာဝကဗောဓိဆု-ဖြစ်၏။
ထိုသာဝကဗောဓိဆု ပြည့်စုံကြပြီးသော သာဝကများသည် -
၁။ အဂ္ဂသာဝက=တပည့်အများတွင် အမြတ်ဆုံးဖြစ်သော သာဝက။
ယခု ဂေါတမဘုရားရှင် လက်ထက်တော်၌ အရှင်သာရိပုတ္တရာ, အရှင်မောဂ္ဂလာန်။
၂။ မဟာသာဝက=တပည့် သာဝကကြီး။
ယခု ဂေါတမဘုရားရှင် လက်ထက်တော်၌ အရှင်မဟာကဿပ စသော ရှစ်ကျိပ်သော သာဝကကြီးများ။
၃။ ပကတိသာဝက=ရိုးရိုးတပည့် သာဝက။
ယခု ဂေါတမဘုရားရှင် လက်ထက်တော်၌ အရှင်စက္ခုပါလ စသော ရိုးရိုး သာဝကများ။

အဂ္ဂသာဝက အရှင်မြတ်တို့သည် တစ်သင်္ချေနှင့် ကမ္ဘာတသိန်းပတ်လုံး ပါရမီ ဖြည့်ကြရသည်။

ဘုရားနှင့် ပစ္စေကဗုဒ္ဓါတို့၏ တူပုံ နှင့် ခြားနာပုံများ

ဘုရားရှင်တို့သည် ၀ိဝဋ္ဋကပ် (ဆုပ်ကပ်) ၌သာ ပွင့်တော်မူကုန်၏။ သံဝဋ္ဋကပ် (တက်ကပ်)၌ ပွင့်တော်မမူကုန်။
ပစ္စေကဗုဒ္ဓါတို့သည်လည်း ထို့အတူ ၀ိဝဋ္ဋကပ်၌သာ ပွင့်တော်မူကုန်၏။
သို့သော်-ဘုရားပွင့်တော်မူချိန် (ဘုရားရှင်သာသနာ တည်ရှိချိန်) ၌ကား ပွင့်တော်မမူကုန်။

ဘုရားရှင်တို့သည် ကိုယ်တော်တိုင် သစ္စာလေးပါးတရားတို့ကို သိကုန်၍ သူတပါးတို့ကိုလည်း သိစေတော်
မူကုန်၏။
ပစ္စေကဗုဒ္ဓါတို့ကား ကိုယ်တော်တိုင်သာ သစ္စာလေးပါးတရားတို့ကို သိကုန်သော်လည်း သူတပါးတို့ကို သိအောင် မဟောနိုင်ကုန်။
အတ္ထရသကိုသာ ထိုးထွင်းသိကုန်၍ ဓမ္မရသကိုကား မသိကြကုန်။