.... NavBar ဖွင့်/ပိတ်
လောကနတ် ဓမ္မဆိုဒ်လေးကိုလာရောက်ကြသူအပေါင်းကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေ။
....

Sunday, September 29, 2013

“ ဥပါသကာ၏ ဂုဏ်ရည် ၁၀ ပါး ”

[www.facebook.com/youngbuddhistassociation.mm]
ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သော
ပုဂ္ဂိုလ်တစ်ယောက်သည် ဖေါ်ပြပါလတ္တံသော
ဂုဏ်အင်္ဂါများနှင့်ပြည့်စုံပါက အဆင့်မြင့်ဥပါသကာ၊
ဂုဏ်သရေရှိဥပါသကာ စစ်စစ်ဖြစ်ပါသည်။

(၁) ဘုရားရှင်၏တပည့်သားသံဃာများနှင့် အေးအတူ
ပူအမျှ ဆင်းရဲချမ်းသာကို ဝေမျှခံစားခြင်း။

(၂) ဗုဒ္ဓ၏ တရားတော်ကိုသာ အလေးဂရုပြုခြင်း
(အခြား သာသနာပ အယူဝါဒများကို လုံးဝ ဂရုမပြုခြင်း)၊

(၃) မိမိရှိသမျှ ပစ္စည်းဥစ္စာကို မျှတစွာ ခွဲခြမ်းသုံးစွဲ
လှူဒါန်းတတ်ခြင်း၊

(၄) ဘုရားသာသနာပျက်စီးမည့်အရေးတွေ့မြင်ပါက သာသနာတော်ကြီးပွားရာ ကြီးပွားကြောင်းကိုသာ မနေမနား ကြိုးစားအားထုတ်ခြင်း။

(၅) အယူဖြောင့်မှန်ပြီး လူပြိန်းတို့လက်ခံသည့်
အထူးအဆန်းမင်္ဂလာကို ယုံကြည်မှူမရှိသည့်အပြင် မိမိအသက်ကိုပဓာနမထားပဲ မိမိကိုးကွယ်ရာ ဆရာ
(ဘုရား) မှတခြားအယူပျက်သော တတ္တိဆရာများကို
မိမိ၏ဆရာအဖြစ် မည်သည့်အခါမျှ မရည်ညွှန်းခြင်း၊

(၆) ကာယကံ၊၀စီကံ ကိုစောင့်ထိန်းခြင်း၊

(၇) အတူနေပုဂ္ဂိုလ်များနှင့်သင့်တင့်ညီညွတ်စွာ
နေထိုင်တတ်၍ အချင်းချင်းအပေါ် ငြူစူမူကင်းပြီး သာသနာတော်ကိုခုတုံးလုပ်၍ ဟန်ဆောင်
ပလွှားဝါကြွားမူမပြုခြင်း၊

(၈) ဘုရား ရတနာကို ကိုးကွယ်ဆည်းကပ်ခြင်း၊

(၉) တရားရတနာကို ကိုးကွယ်ဆည်းကပ်ခြင်း၊

(၁၀) သံဃာရတနာကို ကိုးကွယ်ဆည်းကပ်ခြင်းတို.ဖြစ်ပါသည်။
(မိလိန္ဒပဥှာ၊၁၀၂)

အကယ်၍ ဖော်ပြပါ ဥပါသကာဂုဏ် ၁၀ ပါးကို ပြောင်းပြန်
ကျင့်သုံးသူဖြစ်ပါက ဂုဏ်သိက္ခာမရှိသောဥပါသကာ၊
သို့မဟုတ် ဥပါသကာမဟုတ်သူအဖြစ်ရောက်ရှိပါသည်။

(သာသနာရေးဝန်ကြီးဌာနထုတ်
"ဗုဒ္ဓဘာသာကောင်းတစ်ယောက်" နှာ-၄၃မှ _)

No comments:

Post a Comment