.... NavBar ဖွင့်/ပိတ်
လောကနတ် ဓမ္မဆိုဒ်လေးကိုလာရောက်ကြသူအပေါင်းကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေ။
....

Thursday, July 28, 2011

မှတ်သားစရာ ဗုဒ္ဒ၏ အဆုံးအမများ

မှားသော အယူငါးမျိုး
အဘယ်တို့သည် မှားသောအယူ {ဒိဋ္ဌိ} ငါးမျိုးတို့ မည်သနည်း။



၁။ {{အတ္တသည် သညာရှိ၏၊ သေပြီးနောက် ပျက်စီးခြင်းမရှိ (မြဲ၏)}}ဟု ဤသို့ အချို့သူတို့က ပြောဆိုကြကုန်၏။

၂။ {{အတ္တသည် သညာရှိ၏၊ သေပြီးနောက် ပျက်စီးမရှိ (မြဲ၏)}}ဟု ဤသို့ အချို့သူတို့က ပြောဆိုကြကုန်၏။

၃။ {{အတ္တသည် သညာရှိလည်း မဟုတ်ç သညာမရှိလည်း မဟုတ်၊ သေပြီး နောက် ပျက်စီးခြင်းမရှိ (မြဲ၏)}}ဟု ဤသို့ အချို့သူတို့က ပြောဆိုကုန်၏။

၎။ ထင်ရှားရှိသော သတ္တ၀ါ၏ ပြတ်စဲခြင်း ပျက်စီးခြင်း ကင်းပျောက်ခြင်းကိုလည်း ပညတ်တင်ပြကြ ကုန်၏။

၅။ မျက်မှောက်ဘ၀၌ ဖြစ်သော {ဒိဋ္ဌဓမ္မနိဗ္ဗာန်}ကိုလည်း အချို့သူတို့က ပြောဆို ကြကုန်၏။



ဤသည်တို့သည် မှားသောအယူ {ဒိဋ္ဌိ} ငါးပါးတည်း။



၅ - ပဉ္စကနိဒ္ဒေသ၊ ခုဒ္ဒက၀တ္ထု၊ ၀ိဘင်္ဂ။

ရန် ငါးပါး
အဘယ်တို့သည် ရန်ငါးပါးတို့ မည်သနည်း။



၁။ အသက်ကို သတ်ခြင်း၊

၂။ မပေးသည်ကို ယူခြင်း၊

၃။ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်း၊

၎။ မမှန်သည်ကို ဆိုခြင်း၊

၅။ မူးယစ် မေ့လျော့ကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်း။



ဤသည်တို့သည် ရန်ငါးပါးတို့တည်း။



၅ - ပဉ္စကနိဒ္ဒေသ၊ ခုဒ္ဒက၀တ္ထု၊ ၀ိဘင်္ဂ။

ပျက်စီးခြင်း ငါးပါး
အဘယ်တို့သည် ပျက်စီးခြင်းငါးပါးတို့ မည်သနည်း။

၁။ ဆွေမျိုး ပျက်စီးခြင်း၊

၂။ စည်းစိမ် ပျက်စီးခြင်း၊

၃။ အနာရောဂါဖြင့် ပျက်စီးခြင်း၊

၎။ သီလ ပျက်စီးခြင်း၊

၅။ အယူ ပျက်စီးခြင်း။



ဤသည်တို့သည် ပျက်စီးခြင်းငါးပါးတို့တည်း။



၅ - ပဉ္စကနိဒ္ဒေသ၊ ခုဒ္ဒက၀တ္ထု၊ ၀ိဘင်္ဂ။

သည်းမခံခြင်း၏ အပြစ် ငါးမျိုး
အဘယ်တို့သည် သည်းမခံခြင်း၏ အပြစ်ငါးမျိုးတို့ မည်သနည်း။



၁။ လူအများ မချစ်မနှစ်သက်အပ်၊

၂။ ရန်များ၏၊

၃။ အပြစ်များ၏၊

၎။ တွေတွေဝေေ၀ သေရ၏၊

၅။ ခန္ဓာကိုယ် ပျက်ကြွေသေသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲပျက်စီး၍ ကျရောက်ရာ ဖြစ်သောငရဲသို့ ကပ်ရောက်ရ၏။

ဘေး ငါးမျိုး

ဤသည်တို့သည် သည်းမခံခြင်း၏ အပြစ်ငါးပါးတို့တည်း။



၅ - ပဉ္စကနိဒ္ဒေသ၊ ခုဒ္ဒက၀တ္ထု၊ ၀ိဘင်္ဂ။


အဘယ်တို့သည် ဘေးငါးပါးတို့ မည်သနည်း။



၁။ အသက်မွေးမှု ဘေး၊

၂။ အကျော်အစောမဲ့ ဘေး၊

၃။ ပရိသတ်ကို ကြောက်ရွံ့ခြင်း ဘေး၊

၎။ သေ ဘေး၊

၅။ မကောင်းသောလားရာ ဘေးသည် ရှိ၏။



ဤသည်တို့သည် ဘေးငါးပါးတို့တည်း။



၅ - ပဉ္စကနိဒ္ဒေသ၊ ခုဒ္ဒက၀တ္ထု၊ ၀ိဘင်္ဂ။

ဖတ်မိမှတ်မိသမျှ
နတ်ဆိုး
www.lawkanet.blogspot.com

No comments:

Post a Comment