.... NavBar ဖွင့်/ပိတ်
လောကနတ် ဓမ္မဆိုဒ်လေးကိုလာရောက်ကြသူအပေါင်းကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေ။
....

Monday, June 6, 2011

သုစရိုက်တရား (၁၀)ပါး Ten Wholesome Behaviors

ကာယကံ = ကိုယ်လက် လှုပ်ရှားမှု ကာယဝိညတ်ဖြင့် အများအားဖြင့် ပြုလုပ်သော အမှု၊
ဝစီကံ = နှုတ်အမှုအရာ ဝစီဝိညတ်ဖြင့် အများအားဖြင့် ပြုသောအမှု၊
မနောကံ = စိတ်ကူးကြံစည်၍ ပြုလုပ်အပ်သော အမှု
သုစရိုက် ၁၀ ပါး
အပြစ်ရှိဘဲ ကောင်းကျိုးပေးတတ်သော ကံကို ကုသိုလ်ကံဟု ခေါ်၏ မြင့်မြတ်သော အမူအကျင့် ဖြစ်သည့်အတွက် သုစရိုက်ဟုလည်း ခေါ်၏။
ကာယကံ ၃-ပါး၊ ဝစီကံ ၄-ပါး၊ မနောကံ ၃-ပါးဟူ၍ သုစရိုက် ၁၀-ပါးရှိ၏။
(၁) ကာယကံ ၃-ပါး
(၁) ပါဏာတိပါတ ၀ိရတီ= သတ္တဝါတို့ကို သေစေလိုသော စေတနာဖြင့် သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်မှု။
(၂)အဒိန္နာဒါန ၀ိရတီ= သူတစ်ပါးတို့၏ ဥစ္စာကို ခိုးဝှက်တိုက်ခိုက်လှည့်ပတ်ယူခြင်းမှ ရှောင်ကြဉ်မှု။
(၃) ကာမေသုမိစ္ဆာစာရ ၀ိရတီ= ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်စွာ ယုတ်ယုတ်မာမာကျင့်ခြင်းမှ ရှောင်ကြဉ်မှု။
၂။ ဝစီကံ ၄ ပါး
(၄) မုသာဝါဒ ၀ိရတီ= မဟုတ်မမှန် လိမ်လည်၍ ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု။
(၅) ပိသုဏဝါစာ ၀ိရတီ= ချောပစ်ကုန်းတိုက်သော စကားကိုပြောဆိုခြင်းမှ ရှောင်ကြဉ်မှု။
(၆)ဖရုသဝါစာ ၀ိရတီ= ကြမ်းတမ်းယုတ်မာသော စကားကိုပြောဆိုခြင်းမှ ရှောင်ကြဉ်မှု။
(၇)သမ္ဖပ္ပလာပ = ပိန်ဖျင်းသောစကား အတင်းအဖျင်းစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု။
၃။ မနောကံ ၃-ပါး
(၈) အနဘိဇ္ဈာ = သူတစ်ပါး၏ ဥစ္စာကို မတရားယူရန် ကြံစည်ခြင်းမှ ရှောင်ကြဉ်မှု။
(၉) အဗျာပါဒ = သူတစ်ပါး၏ အသက်နှင့် စည်းစိမ် ပျက်စီးရန် ကြံစည်ခြင်းမှ ရှောင်ကြဉ်မှု။
(၁၀) သမ္မာဒိဋ္ဌိ = ကံ-ကံ၏ အကျိုးကို ယုံကြည်၍ မှန်ကန်စွာ ယုံကြည်မှု။
ဒုစရိုက် လွန်ကျူးသော စိတ်များ
(၁) ပါဏာတိပါတ၊ ဖရုသဝါစာ နှင့် ဗျာပါဒတို့ကို ဒေါသမူစိတ်ဖြင့် ကျူးလွန်ကြကုန်၏။
(၂) ကာမေသုမိစ္ဆာစာရ၊ အဘိဇ္ဈာနှင့် မိစ္ဆာဒိဋ္ဌိတို့ကို လောဘမူစိတ်ဖြင့် ကျူးလွန်ကြကုန်၏။
(၃) အဒိန္နာဒါန၊ မုသာဝါဒ၊ ပိသုဏဝါစာနှင့် သမ္ဖပ္ပလာပ တို့ကို လောဘမူစိတ်+ဒေါသမူစိတ် ၂-ပါးတို့ဖြင့် ကျူးလွန်ကြကုန်၏။
ဥပမာ - မိမိနှင့် သားမယားတို့၏ ငတ်မွတ်မှုကို ဖြေရှင်းရန်အလို့ငှာ သူတစ်ပါးပစ္စည်းကို ခိုးယူခြင်းသည် လောဘမူစိတ်ဖြင့် အဒိန္နာဒါနကံကို ကျူးလွန်ခြင်းဖြစ်၏။ မခံချင်စိတ်၊ ရန်ငြိုးစိတ်ဖြင့် သူတစ်ပါး ပျက်စီးကြောင်းကို ရည်ရွယ်၍ သူ့ဥစ္စာကို ခိုးဝှက် လုယူခြင်းသည် ဒေါသမူစိတ်ဖြင့် အဒိန္နာဒါနကံကို ကျူးလွန်ခြင်း ဖြစ်၏။
မှတ်ချက်။ ။ အကောင်းအဆိုးရည်ရွယ်ချက်(စေတနာ) တစ်ခုခုဖြင့် တက်ကြွထက်သန်သောစိတ်ဦးဆောင်လျက် လုပ်သည့်အလုပ်သည် ကံမြောက်၏။ အကောင်းအဆိုး စေတနာမပါဘဲ မသိသာ မထင်ရှားသော သာမန်စိတ်ဖြင့် ပြုလုပ်သော အလုပ်သည် ကံမြောက်ချေ။ ကမ္မ ဟူသောပါဠိမှဆင်းသက်လာသော "ကံ"သည် "အလုပ်" ကိုလည်း ခေါ်၏။ "စေတနာ"ကိုလည်း "ကံ" ဟုခေါ်၏။
သုစရိုက်(၁၀)ပါးဆိုတာကတော့ ဒုစရိုက်(၁၀)ပါးကို ရှောင်ကြည်လိုက်ခြင်းဖြင့် ရတဲ့ ကုသိုလ်အကျိုးပါပဲ။

Ten Wholesome Behaviors

su - wholesome + carita - behaviors = sucarita - wholesome behaviors

== Three Wholesome Behaviors Committed by Bodily Action ( Sucarita Kāya-kamma )
1. pāṇātipāta viratī - abstaining from killing another living being.
2. adinnādana viratī - abstaining from stealing, taking someone else's belongings without their permission.

3. kāmesu micchācāra viratī - abstaining from sexual misconduct, engaging unabashedly in sexual relations to the point of being blameworthy.

== Four Wholesome Behaviors Committed by Verbal Action ( Sucarita Vacī-kamma )

4. musāvāda viratī - abstaining from speaking lies, saying what is not true.
5. pisuṇavācā viratī - abstaining from slandering (saying words that will divide two people who love each other and/or influence one or the other to get them to like you better than they like each other).
6. pharusavācā viratī - abstaining from speaking harshly or swearing.
7. samphappalāpa viratī - abstaining from talking frivolously or vainly (speaking words that have neither essence nor underlying deep meanings that are true and correct).

Three Wholesome Behaviors Committed by Mental Action (Sucarita Mano-kamma)

8. anabhijjhā - not becoming covetousness, jealousy, thinking that it would be great to have something that belongs to someone else and scheming to get it in an unwholesome manner.
9. abyāpāda - not harboring ill will, thinking that it would be great if someone died, became injured or destroyed.
10. sammādiṭṭhi - right view (believing in Kamma and its results, i.e. that wholesome deeds cause wholesome results and unwholesome deeds cause unwholesome results.)

No comments:

Post a Comment