.... NavBar ဖွင့်/ပိတ်
လောကနတ် ဓမ္မဆိုဒ်လေးကိုလာရောက်ကြသူအပေါင်းကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေ။
....

Friday, June 10, 2011

နှစ်ဆယ်သောသက္ကာယဒိဋ္ဌိ

၁။ ရုပ်သည်ပင်လျှင်ငါ။
၂။ ငါသည်ပင်လျှင်ရုပ်။
၃။ ရုပ်၌ ငါရှိသည်။
၎။ င့ါ၌ ရုပ်ရှိသည်။
၅။ ဝေဒနာ (ခံစားမှု့)သည်ပင်လျှင် ငါ။
၆။ ငါသည်ပင်လျှင် ဝေဒနာ။
၇။ ဝေဒနာ၌ ငါရှိသည်။
၈။ ငါ့၌ ဝေဒနာရှိသည်။
၉။ သညာ (မှတ်သားခြင်း) သည်ပင်လျှင် ငါ။
၁၀။ ငါသည်ပင်လျှင် သညာ။
၁၁။ သညာ၌ ငါရှိသည်။
၁၂။ ငါ့၌ သညာရှိသည်။
၁၃။ သင်္ခါရ (ပြုပြင်စီရင်ခြင်း၊ လုပ်ကိုင်ခြင်း) သည်ပင်လျှင် ငါ။
၁၄။ ငါသည်ပင်လျှင် သင်္ခါရ။
၁၅။ သင်္ခါရ၌ ငါရှိသည်။
၁၆။ ငါ့၌ သင်္ခါရရှိသည်။
၁၇။ ၀ိညာဏ (၀ိညာဉ်) သည်ပင်လျှင် ငါ။
၁၈။ ငါသည်ပင်လျှင် ၀ိညာဏ။
၁၉။ ၀ိညာဏ၌ ငါရှိသည်။
၂၀။ ငါ့၌ ၀ိညာဏ ရှိသည်။
အဲဒါဟာ သက္ကယဒိဋ္ဌိ နှစ်ဆယ်ဖြစ်ပါသတဲ့။ "သက္ကာယဒိဋ္ဌိ" ဆိုတာ "အထင်အရှား ရှိနေတယ်လို့ ယူဆထားခြင်း" ကိုပြောပါသတဲ့။
သက္ကာယဒိဋ္ဌိ နဲ့ မိစ္ဆာဒိဋ္ဌိ ကွာခြားပုံကတော့ မိစ္ဆာဒိဋ္ဌိက အပယ်ငရဲကိုလားစေတယ်။ သက္ကာယဒိဋ္ဌိက အပယ်ငရဲကို မလားစေပါဘူး။
နတ်ပြည်သို့ လားစေရန်ကိုလည်း မတားမြစ်ပါဘူး။ဝိပဿနာဥာဏ်ကိုတော့ အဟန့်အတားဖြစ်စေပါသတဲ့။

No comments:

Post a Comment