.... NavBar ဖွင့်/ပိတ်
လောကနတ် ဓမ္မဆိုဒ်လေးကိုလာရောက်ကြသူအပေါင်းကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေ။
....

Tuesday, April 26, 2011

မသိခြင်း ငါးပါနဲ့ အသက်ရှင်နေတဲ့ ဘဝ

၁။ ဇိဝိတ ၊ ဘယ်အသက်အရွယ်မှာ သေမယ်ဆိုတာလည်း မသိနိုင်ကြဘူး ။
၂။ ဗျာဓိ ၊ ဘယ်အနာရောဂါနဲ့ သေရမယ်ဆိုတာကိုလည်း မသိနိုင်ကြဘူး ။
၃။ ကာလ ၊ သေရမယ့် အချိန်ကိုလည်း မသိနိုင်ကြဘူး ။
၎။ ဒေဟနိက္ခေပန ၊ သေပြီးတဲ့နောက် မိမိရဲ့အလောင်းကောင်ကို ဘယ်နေရာမှာ ပစ်ချခံရမလဲ ဆိုတာကိုလည်း မသိနိုင်ကြဘူး ။
၅။ ဂတိ ။ သေလွန်ပြီးနောက် ဘယ်ဘ၀ကို လားရောက်ရမယ် ၊ ဘယ်ဂတိကို သွားရမယ်ဆိုတာလည်း ကြိုပြီးတော့ မသိနိုင်ကြဘူး ။

အသက်ငယ်ရွယ်တုန်း ကာမဂုဏ်ခံစားပြီး
အသက်ကြီးရင့်မှ တရားအားထုတ်မယ်လို့
နှလုံးသွင်းထားသူတွေ အတွက်
တကယ်လို့များ ငယ်တုန်းရွယ်တုန်း
သေဆုံးသွားခဲ့ရင် တရားအားထုတ်ဖို့
အချိန်ကောင်း အခွင့်ကောင်းတွေ
လက်လွတ်ဆုံးရှုံးသွားပါလိမ့်မယ် ။

လောကဓံခံနိုင်ရည် ရှိဖို့နဲ့
ဘ၀မှာ လိုအင်ဆန္ဒတွေ မများဖို့အတွက်
တနေ့ကျရင်သေရမှာပဲ လို့
သေခြင်းတရားနဲ့ပတ်သတ်ပြီး
ဆင်ခြင်ကြရပါမယ် ။
စိတ်ကောင်း နှလုံးကောင်း ရှိဖို့နဲ့
ဝိပသနာစိတ်ကလေး
အဆက်မပြတ်ဖြစ်ဖို့အတွက်
အချိန်မရွေး သေနိုင်တယ်
ခဏနေရင် သေသွားနိုင်တယ် လို့
သေခြင်းတရားနဲ့ ပတ်သတ်ပြီး
ဆင်ခြင်ကြရပါမယ် ။

သေခြင်းတရားကို အမြဲသတိရှိတော့
နေခြင်းတရားမှာလည်း
အမြဲ သတိလွှမ်းမိုးနေတော့တာပေါ့ ။
အသေမမေ့ရင် အနေမမေ့တာ သဘာဝပါပဲ ။
                                                                     အရှင် ဆန္ဒာဓိက

No comments:

Post a Comment