.... NavBar ဖွင့်/ပိတ်
လောကနတ် ဓမ္မဆိုဒ်လေးကိုလာရောက်ကြသူအပေါင်းကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေ။
....

Monday, June 22, 2015

ဗုဒ္ဓကို ဘာကြောင့်ကိုးကွယ်သလဲ

ဘာကြောင့်
မြတ်ဗုဒ္ဓကို အားကိုးရသလဲဆိုရင်
အဖြေက တစ်လုံးတည်းရယ်။
အမှန်တရားကို ပြောပြလို့
ဘုန်းကြီးတို့ အားကိုးနေရတာ
ဟုတ်ဘူးလား။
ဗုဒ္ဓကို ဘာကြောင့်ကိုးကွယ်သလဲ။

သစ္စာတရားကို ဟောပြလို့
ဆရာအနေနဲ့ ကိုးကွယ်တာ။
ဗုဒ္ဓရဲ့ ဂုဏ်တော်ကိုးပါးထဲမှာ
`သတ္တာဒေဝ မနုဿာနံ´
ဒီလိုပါတယ် မဟုတ်လား။
ဗုဒ္ဓသည် သတ္တ-ဆရာ
ဘယ်သူ့ဆရာလဲ။
လူနှင့် နတ်တို့၏ ဆရာ။
အကြီးဆုံးသောဆရာ။
ဒီတော့ ဘုန်းကြီးတို့
အမျိုးကောင်းသား၊
အမျိုးကောင်းသမီးတွေနဲ့
ဘုန်းကြီးတို့က
ဗုဒ္ဓကို ကိုးကွယ်တာဟာ
သက်ရှိလောကကြီးတစ်ခုလုံးရဲ့
ဆရာအနေနဲ့ ကိုးကွယ်နေကြပါတယ်။
ကယ်တင်ဖို့ ဘေးအန္တရာယ်တွေ
စောင့်ရှောက်ပေးဖို့ ဆိုတာမျိုးလည်း
တစ်ကယ်လို့ စိတ်ထဲမှာရှိရင်လည်း
အဲဒါ နောက်ဆုံးကပဲ ရှိရမယ်။
ဒါရှေ့တန်းက မရှိရဘူး။


သီတဂူ ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်ဉာဏိဿရ

No comments:

Post a Comment