.... NavBar ဖွင့်/ပိတ်
လောကနတ် ဓမ္မဆိုဒ်လေးကိုလာရောက်ကြသူအပေါင်းကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေ။
....

Friday, May 6, 2011

အသက်မွေးဝမ်းကျောင်းမပြုကောင်းသော ကုန်သွယ်ရောင်းဝယ်မူ ၅-မျိုး


၁ - သတ္တ၀ါအများ သေကြေပျက်သုဉ်းစေသည့် လက်နက်အမျိုးမျိုးကို

ရောင်း၊၀ယ်ကုန်သွယ်ခြင်း။(သတ္ထ၀ဏိဇ္ဇာ)



၂ - ဆင်၊ မြင်း၊ လူ စသော သတ္တ၀ါအပေါင်းကို ကျွန်အဖြစ်

ရောင်း၊၀ယ်ကုန်သွယ်ခြင်း။(သတ္တ၀ဏိဇ္ဇာ)



၃ - အသား၊ငါး စသည်တို့ကို သတ်ဖြတ် ရောင်း၊၀ယ်ကုန်သွယ်ခြင်း။

(မံသ၀ဏိဇ္ဇာ)



၎ - အရက်၊မူးယစ်ဆေးဝါးအမျိုးမျိုးကို ရောင်း၊၀ယ်ကုန်သွယ်ခြင်း။

(မဇ္ဇ၀ဏိဇ္ဇာ)



၅ - အဆိပ်အမျိုးမျိုးက ရောင်း၊၀ယ်ကုန်သွယ်ခြင်း တို့ဖြစ်သည်။

(၀ိသ၀ဏိဇ္ဇာ)

- ဗုဒ္ဓ



ဗုဒ္ဓမြတ်စွာသည် အင်္ဂုတ္တဂနိကာယ ပဉ္စကနိပါတ် ဥပါသက၀ဂ် ၀ဏိဇ္ဇသုတ်တော်တွင်

ဗုဒ္ဓဘာသာ ဥပါသကာတစ်ယောက်အနေဖြင့် အသက်မွေးဝမ်းကျောင်းမူမပြုကောင်းသော

ကုန်သွယ်ရောင်းဝယ်မူကိုဟောကြားတော်မူခဲ့သည်။



ဗုဒ္ဓသည်

လက်နက်တို့ကို မိမိကိုယ်တိုင်ပြုလုပ်၍လည်းကောင်း၊ တခြား တပါးသော

သူကို ပြုလုပ်ခိုင်း၍လည်းကောင်း၊ သူတစ်ပါးပြုလုပ်ပြီးသည်ကို တဆင့်ဝယ်ယူ၍လည်း

ကောင်း ရောင်း၊၀ယ် ကူးသန်းခြင်းမပြုရဟု တားမြစ်တော်မူသည်။ အဘယ်ကြောင့်

တားမြစ်ရသနည်းဟူမူ လက်နက်တို့သည် တပါးသော သတ္တ၀ါတို့ကို သတ်ဖြတ်နှိပ်စက်

ညှင်းပန်းနိုင်သောကြောင့် ဖြစ်သည်။



ဗုဒ္ဓသည်

မိစ္ဆာစာရဖြင့် အသက်မွေးသော ပြည့်တန်ဆာရောင်းဝယ်ခြင်း၊ လူ၊ တိရစ္ဆာန်

များကို ကျွန်ဖြစ်စေရန် ရောင်း၊၀ယ် ကုန်သွယ်ခြင်းကို မပြုလုပ်ရဟု တားမြစ်တော်မူသည်။

အကြောင်းမှာ သူတစ်ပါးတို့၏ကျွန်၊အစေခံအဖြစ်ကို ပြုတတ်သောကြောင့်ဖြစ်သည်။



ဗုဒ္ဓသည်

အသား၊ငါးတို့ကို သတ်ဖြတ်ရောင်းဝယ်ကုန်သွယ်ခြင်းကို တားမြစ်တော်မူပါ

သည်။ အကြောင်းမှာ သတ္တ၀ါတို့၏ အသက်ကို သတ်ဖြတ်ရခြင်း၊ သတ်ဖြတ်သောကြောင့်

သတ္တ၀ါများသေကြေပျက်စီးရခြင်းဟူသော အကြောင်းကြောင့်ဖြစ်သည်။



ဗုဒ္ဓသည်

အရက်သေစာ၊ မူးယစ်ဆေးဝါးတို့ကို ရောင်း၊၀ယ် ကူးသန်းခြင်းကို တားမြစ်

တော်မူသည်။အကြောင်းမှာ အရက်၊ မူးယစ်ဆေးဝါးတို့သည် ကောင်းမူတရားတို့၌ မေ့လျော့

စေတတ်ကြောင်း၊ အကျိုးစီးပွားကို ပျက်စီးယိုယွင်းဆိတ်သုဉ်းစေတတ်သောကြောင့် ဖြစ်သည်။



ဗုဒ္ဓသည်

အဆိပ်အမျိုးမျိုး၊ ယုတ်စွအဆုံး ကိုယ်ဝန်ကျစေတတ်သောဆေးမျိုး ရောင်း၊၀ယ်

ကူးသန်းခြင်းကို မပြုမလုပ်အပ်ဟု တားမြစ်တော်မူသည်။အကြောင်းမှာ အဆိပ်အမျိုးမျိုးသည်

သတ္တ၀ါတို့ကို ထိခိုင်သေကျေပျက်စီးစေတတ်သောကြောင့်ဖြစ်သည်။



(ယင်း ၅-မျိုးသော ကုန်သွယ်ရောင်း၊၀ယ်မူတို့ကို ဗုဒ္ဓဘာသာဝင်တို့သည် ရှောင်ကြဉ်သင့်

ပါသည်။ ထိုသို့ရှောင်ကြဉ်မှသာလျှင် နိဗ္ဗာန်သို့ရောင်ကြောင်း ကောင်းမူတရားတို့ကို ကျင့်ကြံ

နိုင်ပါမည်။ သို့မှသာ ကောင်းမြတ်သောစိတ်ထားဖြင့် သင့်တင့်ညီညွတ်မျှတသော ရောင်းဝယ်

ကုန်သွယ်အသက်မွေးမူဖြစ်နိုင်ပါမည်။ )

1 comment:

  1. အလေးအနက်ထားမှတ်သားသွားပါ၏။။။။

    ReplyDelete