.... NavBar ဖွင့်/ပိတ်
လောကနတ် ဓမ္မဆိုဒ်လေးကိုလာရောက်ကြသူအပေါင်းကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေ။
....

Sunday, February 13, 2011

မိတ် ဆွေ

မိတ်ဆွေ ...
နေဘယ်အချိန်ဝင်လဲသိလား ?
ညနေစောင်းရင်ဝင်တယ်
သေချာပြောရ ရင်ပေါ.
နေဟာစထွက် လာ ကတည်း က ...
ဝင်ဖို.ထွက်လာတာပါ ။

မိတ်ဆွေ ...
လူကောဘယ်အချိန် သေမလဲ ?
အသက်ကြီးလာတာနဲ. အမျှ
သေဖို.နီးကပ်လာပြီလေ ။
သေချာတဲ.နောက်အဖြေက
လူရယ်လို. စမွေးလာကတည်းက
သေဖို.မွေးဖွား လာတာပါပဲ ။

ဗုဒ္ဓမြတ်စွာ မိန်.ကြားသည်မှာ
ဘုံ ( ၃၁ ) ဘုံဝယ်
လူ.ပြည် လူဘုံ က အကောင်းဆုံး ပဲတဲ. ၊
လူ.ဘုံ နဲ. နှိုင်းလျှင်
နတ်ဘုံက သုခစည်းစိမ်ခံစားရမှု ပိုသာပါတယ် ။


နတ်ပြည် မှာ က
ကုသိုလ် လုပ်ဖို.အခွင်.အရေး ရခဲတယ် ။

လူ.ပြည်.မှာတော.
ကုသိုလ် ကို ကြိုက်တဲ. အချိန်လုပ်နိုင်ပါတယ် ။

လူ.ပြည်လောက်
ကုသိုလ် လုပ်လို.
ကောင်းတဲ. နေရာမ ရှိဘူး ။

ဒါကြောင်.
လူ.ဘ၀ ဆိုတာရခဲပါတယ်။

လ.ူဘ၀ရတုန်း...
ကုသိုလ်တွေ အရယူလိုက် ကြပါ ။
စည်းစိမ် ဥစ္စာချမ်းသာတွေအတွက်
လောဘ မောဟ ၊ဒေါသတွေ ကြားမှာ
ပူလောင်မနေပါနဲ.။

မိတ်ဆွေ---
ဆင်းရဲလျှင်လဲ လူပဲ
ချမ်းသာလျှင်လဲလူပါပဲလေ ။

ဘာမှပိုမထူးတဲ.
ချမ်းသားမှုတွေအတွက်
အပူတွေကြားမှာ လောင်မြိုက်မနေပါနဲ. ။

မိတ်ဆွေ...
ချမ်းသာတော.ကော
တစ်နေ.ကို ထမင်းဘယ်နှစ်နပ်စားနိုင်မလဲ ?
ရိုးရိုးလေးပါပဲ
အလွန်ဆုံးစား နိုင် (၅) နပ်ပဲပေါ. ။
ထမင်းလေး (၅) နပ်ကို
ပူလောင်စွာ မစားပါနဲ.
အေးအေးချမ်းချမ်း နဲ.
ရိုးသားစွာရှာဖွေ စားသောက်ပါ ။

မိတ်ဆွေ ...
လူဆိုတာ သေမျိုးချည်းပါပဲ ။
သေတဲ.အခါ ...
ဥစ္စာ ဓန တွေ က နောက်က ပါမလာပါဘူး
ဥစ္စာဓနတွေ ရဖို.အတွက်
လဲလှယ်လိုက် ရတဲ့ ပူလောက်မှု တွေ အကုသိုလ်တွေပဲ
နောက် က လိုက်လာတာပါ ။

ခလုတ်ထိမှ အမိတ ဆိုသလို
ဒုက္ခရောက်မှ နောင်တရကြတာပါ ။
နောင်တဆိုတာ
နောင်မှရကြတာချည်းပါပဲ ။

နောင်အခါမှ
နောင်တမရကြအောင်
မိတ်ဆွေ ...
ငွေကို ၊ချမ်းသာမှုကို
နာမည်ဂုဏ် သတင်းကို ...
အကုသိုလ် နဲ.မ၀ယ်ပါနဲ. ။
ပူလောင်ပါတယ် ။
ဆန္ဒရှိလို. ရယူချင်တောင်
ရိုးသားစွာနဲ.ပဲ ရယူကြပါ ။

ရခဲတဲ. လူ.ဘ၀ရတုန်းမှာ
အကုသိုလ် ကို ဝေးဝေးရှောင်လို.
ကုသိုလ်လုပ်နိုင် ဖို.
အစဉ်ကြိုးစားပါ။

      ညီမလေး လှိုင်းချစ်သူမှ မေတ္တာဖြင့် ရေးပေးပါသည်။

No comments:

Post a Comment