အဘိဓမ္မာနည်းနဲ့ ပြောရမယ်ဆိုရင် ဘုရားရှိခိုးနေစဉ်အချိန်မှာ
မဟာကုသိုလ်စိတ်ဖြစ်ပေါ်နေတဲ့အတွက် မဟာကုသိုလ်စိတ် ရရှိ တယ်လို့ပြောရပါမယ်၊
မဟာကုသိုလ်စိတ်က ဘယ်လောက်အကျိုးပေးသလဲလို့ ထပ်ဆင့်မေးမြန်းရင် ဘုရားရှိခိုး
ရတဲ့အတွက် အကျိုးတရား (၁၇)ပါးကို ဆုမတောင်းဘဲရရှိနိုင်ပါတယ်။
အဲ့ဒီအကျိုးတရားတွေကတော့.......
(၁) စေတီအိမ်နှင့်တူသည်ဖြစ်၍ သူတစ်ပါးတို့ရှိခိုးထိုက်ခြင်း၊
(၂) စိတ်၏ရဲရင့်တည်ကြည်မှု့ရှိခြင်း၊
Friday, January 24, 2014
Sunday, December 22, 2013
@@@မစွဲလမ်းပါနဲ့@@@
တစ်ခါတုန်းက ဘုရားအလောင်းတော်ဟာ သူခိုးငါးရာကို အုပ်ချုပ်နေတဲ့ ခိုးသူမှူးကြီးဖြစ်နေခဲ့ပါတ ယ်။
အဲဒီအချိန်ကာလမှာပဲ ဗာရာဏသီပြည် သူဌေးတစ်ယောက်ဟာ ဇနပုဒ်သား တစ်ယောက်ကို
အသပြာတစ်ထောင် ချေးထားပါတယ်။ ချေးထားတဲ့ အသပြာတစ်ထောင် ပြန်မရခင်မှာဘဲ
သူဌေးက သေသွားပါတယ်။
…သူဌေးနဲ့ မရှေးမနှောင်းမှာဘဲ သူဌေးရဲ့ဇနီးလည်း မကျန်းမမာ ဖြစ်လာပါတယ်။ ငွေချေးထားတဲ့ အကြောင်းကို သူဌေးရဲ့ဇနီးက ကောင်းကောင်းသိပါတယ်။ ဒါကြောင့် သူသေသွားရင် သားဖြစ်သူ မရမှာစိုးလို့ “သားရေ…သင့်အဖေဟာ ဇနပုဒ်သားကို အသပြာတစ်ထောင် ချေးထားတယ်၊ တကယ်လို့ အမေပါ သေသွားရင် အဲဒီအသပြာတစ်ထောင် သားကို ပေးတော့မှာ မဟုတ်ဘူး။ အခုကတည်းက သွားတောင်းချေ” ဆိုပြီး ကြွေးတောင်းလွှတ်လိုက်ပါတယ်။
…သားသွားနေတုန်းမှာပဲ မိခင်ဖြစ်သူဟာ သားကို စွဲလမ်းစိတ်နဲ့ သေသွားပါတယ်။ စွဲလမ်းစိတ်နဲ့ သေသွားတာဆိုတော့ ဥပပါတ်မြေခွေးမ ဖြစ်သွားရရှာပါတယ်။ အသပြာအကြွေးတစ်ထောင် ရလာတဲ့သားက တောအုပ်အ၀ကို ရောက်လာတဲ့အခါ မြေခွေးမက တောထဲမှာ ဘုရားအလောင်း ခိုးသူမှူးကြီးအုပ်စုရှိနေလို့ မသွားစေလိုလို့ ဟောင်ဟောင်ပြီး တားရှာပါတယ်။ ဒါကိုမသိတဲ့ သားလုပ်သူက ရှုပ်တယ်ဆိုပြီး ခဲနဲ့ပေါက်ပစ်လိုက်ပါတယ်။
…ဒီအချိန်မှာ ရန်သူဖြစ်ခဲ့ဖူးတဲ့ ခေါက်ရှာငှက်က ခိုးသူတွေကို အချက်ပြပါတယ်။ ဘာမှမသိရှာတဲ့ လုလင်ငယ်က ခေါက်ရှာငှက်ရဲ့ အသံကြားတော့ ငါ့အတွက် မင်္ဂလာနမိတ်ပဲဆိုပြီး လက်အုပ်ချီပါသတဲ့။ ဒါကို ဘုရားအလောင်းခိုးသူကြီးက တစ်နေရာကနေ အစအဆုံးတွေ့နေရပါတယ်။ ဘုရားအလောင်းဟာ သတ္တ၀ါတွေရဲ့အသံကို ကောင်းကောင်းသိပါတယ်။ နောက်ဆုံးတော့ လုလင်ငယ် ခိုးသူတွေရဲ့လက်တွင်းကို ရောက်သွားပါတယ်။ အစအဆုံးသိနေတဲ့ ဘုရားအလောင်း ခိုးသူကြီးက လုလင်ငယ်ဆီက ငွေကို မယူပါဘူး။ အဖြစ်မှန်ကိုပဲ ပြောပြပါတယ်။
…သူဌေးနဲ့ မရှေးမနှောင်းမှာဘဲ သူဌေးရဲ့ဇနီးလည်း မကျန်းမမာ ဖြစ်လာပါတယ်။ ငွေချေးထားတဲ့ အကြောင်းကို သူဌေးရဲ့ဇနီးက ကောင်းကောင်းသိပါတယ်။ ဒါကြောင့် သူသေသွားရင် သားဖြစ်သူ မရမှာစိုးလို့ “သားရေ…သင့်အဖေဟာ ဇနပုဒ်သားကို အသပြာတစ်ထောင် ချေးထားတယ်၊ တကယ်လို့ အမေပါ သေသွားရင် အဲဒီအသပြာတစ်ထောင် သားကို ပေးတော့မှာ မဟုတ်ဘူး။ အခုကတည်းက သွားတောင်းချေ” ဆိုပြီး ကြွေးတောင်းလွှတ်လိုက်ပါတယ်။
…သားသွားနေတုန်းမှာပဲ မိခင်ဖြစ်သူဟာ သားကို စွဲလမ်းစိတ်နဲ့ သေသွားပါတယ်။ စွဲလမ်းစိတ်နဲ့ သေသွားတာဆိုတော့ ဥပပါတ်မြေခွေးမ ဖြစ်သွားရရှာပါတယ်။ အသပြာအကြွေးတစ်ထောင် ရလာတဲ့သားက တောအုပ်အ၀ကို ရောက်လာတဲ့အခါ မြေခွေးမက တောထဲမှာ ဘုရားအလောင်း ခိုးသူမှူးကြီးအုပ်စုရှိနေလ
…ဒီအချိန်မှာ ရန်သူဖြစ်ခဲ့ဖူးတဲ့ ခေါက်ရှာငှက်က ခိုးသူတွေကို အချက်ပြပါတယ်။ ဘာမှမသိရှာတဲ့ လုလင်ငယ်က ခေါက်ရှာငှက်ရဲ့ အသံကြားတော့ ငါ့အတွက် မင်္ဂလာနမိတ်ပဲဆိုပြီး လက်အုပ်ချီပါသတဲ့။ ဒါကို ဘုရားအလောင်းခိုးသူကြီးက တစ်နေရာကနေ အစအဆုံးတွေ့နေရပါတယ်။ ဘုရားအလောင်းဟာ သတ္တ၀ါတွေရဲ့အသံကို ကောင်းကောင်းသိပါတယ်။ နောက်ဆုံးတော့ လုလင်ငယ် ခိုးသူတွေရဲ့လက်တွင်းကို ရောက်သွားပါတယ်။ အစအဆုံးသိနေတဲ့ ဘုရားအလောင်း ခိုးသူကြီးက လုလင်ငယ်ဆီက ငွေကို မယူပါဘူး။ အဖြစ်မှန်ကိုပဲ ပြောပြပါတယ်။
Sunday, October 27, 2013
“ ဆဲရေးခြင်း ၁ဝ-ပါး ”
ထိုဆဲရေးခြင်း ၁ဝ-ပါးသည် ဝစီဒုစရိုက်တရားချည်းဖြစ်ရကား၊
ရဟန်းတော်အတွက် ပညတ်ချက်ထုတ်ထား၏၊
♦♦လူများအဖို့လည်း ရိုင်းပြသောအရာဖြစ်၍
မဆဲသင့် မပြောသင့်ချေ၊♦♦
ပဌမ အာဃာတပဋိဝိနယသုတ်- (ရန်ငြိုးဖွဲ့ခြင်း)
ရဟန်းတို့ ရန်ငြိုးဖွဲ့ခြင်း {အာဃာတ}ကို ပယ်ဖျောက်ကြောင်း တရားတို့သည်
ဤ ငါးမျိုးတို့တည်း၊ ရဟန်းအား အာဃာတဖြစ်ပေါ်ရာ အာရုံ၌ (ဤတရားငါးမျိုးဖြင့်)
အာဃာတကို အချင်းခပ်သိမ်း ပယ်ဖျောက်ရမည်။
အဘယ်ငါးမျိုးတို့နည်းဟူမူ -
(၁) ရန်ငြိုးဖွဲ့ခြင်း ဖြစ်ပေါ်လာရာ ပုဂ္ဂိုလ်၌ ချစ်ခြင်း {မေတ္တာ}ကို ပွါးများရမည်၊
ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။
(၂) ရန်ငြိုးဖွဲ့ခြင်း ဖြစ်ပေါ်လာရာ ပုဂ္ဂိုလ်၌ သနားခြင်း {ကရုဏာ}ကို ပွါးများရမည်၊
ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။
(၃) ရန်ငြိုးဖွဲ့ခြင်း ဖြစ်ပေါ်လာရာ ပုဂ္ဂိုလ်၌ လျစ်လျူရှုခြင်း {ဥပေက္ခာ} ကို ပွါးများရမည်၊
ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။
(၄) ရန်ငြိုးဖွဲ့ခြင်း ဖြစ်ပေါ်လာရာ ပုဂ္ဂိုလ်၌ သတိမထားခြင်း နှလုံးမသွင်းခြင်းသို့ ရောက် စေရမည်၊
ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။
(၅) ရန်ငြိုးဖွဲ့ခြင်း ဖြစ်ပေါ်လာရာ ပုဂ္ဂိုလ်၌ ကံသာလျှင် မိမိဥစ္စာရှိသော အဖြစ်ကို ဆောက်တည်ရမည်။
Saturday, October 26, 2013
“ရှိခိုးဦးချပုံ ဦးချနည်း”
ဘုရားနှင့် သံဃာတော်တို့ထံ ဆည်းကပ်ရှိခိုးသောအခါ ရိုသေစွာ လက်အုပ်ချီပြီးနောက်
“နီး၊ ဝေး၊ ရှေ့၊ နောက်၊ မြင့်မောက်၊ လေညာ” ဟူသော အပြစ်ခြောက်မျိုးလွတ်သော နေရာ၌ နေ၍ ရှိခိုးပြီး
လျှောက်ထားဖွယ် စကားတို့ကို လျှောက်ထားရမည်။
လျှောက်ထား နာယူပြီးလျှင် ရှိခိုးဦးချ၍ ပြန်ရမည်။
ပြန်သောအခါ ဘုရားရှင်နှင့် သံဃာတော်တို့ကို
ကျောပေး၍မပြန်ဘဲ လက်အုပ်ချီကာ လေးငါးလှမ်းခန့် နောက်ဆုတ်ပြန်ရမည်။
“ရှိခိုးခြင်း သုံးမျိုး”
--------*------------
(၁) ထိခြင်းငါးပါးနှင့်အညီ ကိုယ်ဖြင့်ရှိခိုးခြင်း (ကာယ၀န္ဒနာ)၊
(၂) နူတ်ဖြင့် ရွတ်ဆို ရှိခိုးခြင်း (၀စီဝန္ဒနာ)၊
(၃) စိတ်ဖြင့် ရည်မှတ် ရှိခိုးခြင်း (မနောဝန္ဒနာ)။
Sunday, September 29, 2013
"အနုမာနသုတ်မှ - "
မိမိကိုယ်ကို ဤသို့ နှိုင်းယှဉ်ရမည်…
♦ ''အလိုဆိုး ရှိသော အလိုဆိုးတို့၏ အလိုသို့ လိုက်သော ပုဂ္ဂိုလ်ကို ငါ မချစ် မနှစ်သက်၊ ငါလည်း အလိုဆိုး ရှိငြားအံ့၊ အလိုဆိုးတို့၏ အလိုသို့ လိုက်ငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည်မဟုတ်'' ဟု နှိုင်းယှဉ် ရမည်။ ငါ့သျှင်တို့ ဤသို့ သိသော ရဟန်းသည် ''ငါသည် အလိုဆိုး ရှိသူ မဖြစ်အံ့၊ အလိုဆိုးတို့၏ အလိုသို့ လိုက်သူ မဖြစ်အံ့'' ဟု စိတ်ကို ဖြစ်စေရမည်။
♦ ''မိမိကိုယ်ကို မြှင့်တင် တတ်သော သူတစ်ပါးကို ရှုတ်ချ တတ်သော ပုဂ္ဂိုလ်ကို ငါ မချစ် မနှစ်သက်၊ ငါလည်း မိမိကိုယ်ကို မြှင့်တင်ငြားအံ့၊ သူတစ်ပါးကို ရှုတ်ချ ငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည် မဟုတ်'' ဟု နှိုင်းယှဉ် ရမည်။ ငါ့သျှင်တို့ ဤသို့ သိသော ရဟန်းသည် ''ငါသည် မိမိကိုယ်ကို မြှင့်တင် တတ်သူ မဖြစ်အံ့၊ သူတစ်ပါးကို ရှုတ်ချ တတ်သူ မဖြစ်အံ့'' ဟု စိတ်ကို ဖြစ်စေရမည်။

ဗုဒ္ဓအလိုကျ နေထိုင်ခြင်း
“ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ။
တရားကို မြင်သောသူသည်၊ ဘုရားကို မြင်၏။”
ဤစကားသည် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်မှ ဝက္ကလိမထေရ်အား မိန့်တော်မူသော
စကားတော် ဖြစ်၏။ ဝက္ကလိမထေရ်သည် ဘုရားရှင်အပေါ် ချစ်ကြည်ညိုသည့် ပုဂ္ဂိုလ်ရေး
သံယောဇဉ်ဖြင့် သာသနာ့ဘောင်သို့ ဝင်ရောက်လာသူဖြစ်ပြီး
ရဟန်းဖြစ်ပြီးနောက်တွင်လည်း ရဟန်းတရားကို အားမထုတ်ဘဲ ဘုရားရှင်အားသာ
အနီးကပ်ကြည်ရှု ဖူးမြော်နေသူဖြစ်၏။ အချိန်တန်သည့်အခါ မြတ်စွာဘုရားရှင်က
ဝက္ကလိမထေရ်ကို မိမိအနားမှ နှင်ထုတ်လိုက်၏။ ဘုရားရှင်က မိမိအား လက်မခံသဖြင့်
ဝက္ကလိမထေရ် စိတ်ဓာတ်ကျကာ မိမိကိုယ်ကို သတ်သေရန် တောင်ပေါ်သို့ တက်သွားပြီး
ခုန်ချမည် အပြုတွင် မြတ်ဗုဒ္ဓမှ တန်ခိုးတော်ဖြင့် တရားဟောကာ တရားရအောင်
ပြုလုပ်ပေးခဲ့၏။ “ချစ်သား ဝက္ကလိ အပုတ်ကောင်ဖြစ်သော ငါဘုရား၏ ခန္ဓာကိုယ်အပေါ်
တွယ်တာနေခြင်းဖြင့် သင့်အားအကျိုးတစ်စုံတရာမရှိ၊ စင်စစ်အားဖြင့် ငါဘုရားကို
မြင်လိုပါက ငါဘုရားဟောသည့် တရားတော်ကို မြင်အောင်ကြည့်ပြီး
ငါဘုရားတရားတော်အတိုင်း ကျင့်သုံးမှသာ ငါဘုရားကို မြင်နိုင်ပေ၏။“ စသည်ဖြင့်
မိန့်တော်မူခဲခြင်း ဖြစ်၏။
မှန်၏။ တရားကိုမြင်မှ ဘုရားကို
မြင်၏ဟူသော မြတ်စွာဘုရား၏ စကားတော်သည် ဗုဒ္ဓဘာသာဝင်များအဖို့
အထူးသတိပြုရမည့် အချက်ပင်ဖြစ်၏။ ဘုရားရှင်ကို ကိုးကွယ်ရာအဖြစ် ဆည်းကပ်ပါ၏ဟု
သရဏဂုံကိုယ် ခံယူးထားသည့် ဗုဒ္ဓဘာသာ တစ်ယောက်သည် စကားအနေဖြင့်သာ
ဆည်းကပ်မှုမျိုး မဟုတ်ဘဲ လက်တွေ့မှာလည်း ဘုရားရှင်မြတ် ဟောတော်မူအပ်သည့်
အဆုံးအမတိုင်း လိုက်နာကျင့်သုံးနိုင်မှသာ စစ်မှန်သည့် ဗုဒ္ဓဘာသာအဖြစ်
မှတ်ကျောက်တင်နိုင်မည် ဖြစ်၏။ ဗုဒ္ဓဘုရား ဟောညွန်ထားသည့်အတိုင်း
နေထိုင်နိုင်မှသာ ဗုဒ္ဓအလိုကျ နေထိုင်မှုမျိုး ဖြစ်နိုင်ပေ၏။
ဗုဒ္ဓဘုရား ဟောတော်မူသည့် အတိုင်းဟု ဆိုရာတွင်လည်း ဘုရားရှင်တိုင်း
ညွန်ကြားတော်မူသည့် စကားတော်မှာ သုံးခွန်းသာ ရှိ၏။ (၁) အလုံးစုံသော
အကုသိုလ်ကို မပြုရန် (သဗ္ဗ ပါပဿ အကရဏံ)၊ (၂) ကောင်းမှုမှန်သမျှ
စွမ်းနိုင်သမျှ ဖြည့်ဆည်းကြရန် (ကုသလဿ ဥပသမ္ပဒံ)နှင့် (၃) မိမိစိတ်ကို
ဖြူစင်စွာထားရန် (သစိတ္တ ပရိယောဒါပနံ)ဟူသည့် အချက်သုံးချက်သည်
ဘုရားရှင်အားလုံး မိန့်မှာသုံးသည့် အဓိက အချက်များပင် ဖြစ်၏။ အခြေအနေ
အချိန်အခါအရ ဟောတော်မူထားသည့် ဓမ္မက္ခန္ဓာ တရားတော်များ
မြောက်များစွာရှိသော်လည်း ထိုတရားတော်များ ဟောညွန်ကြားရခြင်း၏ ဦးတည်ချက်မှာ
မကောင်းမှု မလုပ်ရန်၊ ကောင်းမှုလုပ်ရန်နှင့် စိတ်ဖြူစေရန်တို့ပင် ဖြစ်၏။
“ ဘေးခတဲ့မျက်ရည်နဲ့ အေးမြတဲ့မဂ်ဆီ သွားရအောင် ”
တစ်ခါတုန်းက မိလိန္ဒမင်းကြီးက အရှင်နာဂသိန် မထေရ်မြတ်ကို မျက်ရည်နဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခု မေးခဲ့ဖူးပါတယ် ။
' အရှင်ဘုရား ... အမေသေလို့ ကျရတဲ့ မျက်ရည်နဲ့ တရားချစ်လို့
ကျရတဲ့ မျက်ရည် ၊ ဘယ်မျက်ရည်က ဆေးဖက်ဝင်ပါသလဲ ?
ဘယ်မျက်ရည်က ဆေးဖက်မ၀င်ပါသလဲ ?
' ဒကာတော်မြတ် ... ရာဂ၊ဒေါသ၊မောဟ စတဲ့ ကိလေသာ အညစ်အကြေးတွေနဲ့ ညစ်နွမ်းပူလောင်နေတဲ့ မျက်ရည်ဟာ
ဆေးဖက် မ၀င်တဲ့ မျက်ရည် ဖြစ်ပါတယ် .။
တရားဓမ္မနဲ့ ယှဉ်တဲ့ နှစ်သက်ဝမ်းမြောက်မှု ပီတိသော
မနဿတွေနဲ့ သန့်စင်အေးမြနေတဲ့ မျက်ရည်ကတော့
ဆေးဖက်ဝင်တဲ့ မျက်ရည်ဖြစ်ပါတယ်။ '
ပါဋ္ဌိလို 'ဘေသဇ္ဇအဿု' ဆိုတာ မြန်မာလိုတော့ ဆေးဖြစ်တဲ့
မျက်ရည် ၊ ဆေးဖက်ဝင်တဲ့မျက်ရည် ၊ ဆေးပေါင်းခတဲ့
မျက်ရည်ပေါ့။
ပါဋ္ဌိလို 'အဘေသဇ္ဇအဿု' ဆိုတာကတော့ မြန်မာလို ဆေး
မဖြစ်တဲ့မျက်ရည် ၊ ဆေးဖက်မ၀င်တဲ့မျက်ရည် ၊ ဆေးပေါင်းခ
တဲ့မျက်ရည်၊ တနည်းအားဖြင့် -ဘေးဖြစ်တဲ့မျက်ရည်၊ဘေးဖက်ဝ
ကိလေသာအခြေခံတဲ့ မျက်ရည်မှန်သမျှ ၀မ်းနည်းလို့ပဲ ကျကျ ၊
ဝမ်းသာလို့ပဲ ကျကျ ၊ဘေးပေါင်းခတဲ့ မျက်ရည်ပါပဲ .....။
စိတ်ညစ်စရာ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရလို့ ၀မ်းနည်း
ပြီးကျတဲ့ မျက်ရည်မှ ဘေးပေါင်းခတာ မဟုတ်ပါဘူး ...။
စိတ်ချမ်းသာစရာ၊စိတ်ပျော်ရွှ
ကြုံတွေ့ရလို့ ၀မ်းသာပြီးကျတဲ့ မျက်ရည်ဟာလည်း
ဘေးပေါင်းခပါတယ်...။ကိလေသာအ
ဆိုတဲ့နေရာမှာ ဖိုမရေးရာ တပ်မက်မှုကိုသာ ကိလေသာလို့ ခေါ်တာမဟုတ်ပါဘူး ...။
မိဘနဲ့သားသမီး၊ဆရာနဲ့တပည့်၊
အချင်းချင်း၊ဆရာဒကာအချင်းချ
သက်မဲ့အရာဝတ္တုတွေအပေါ် တမြတ်တနိုးနဲ့ နှစ်ခြိုက်စွဲလမ်း သံယောဇဉ်တွယ်နေတာတွေ အားလုံးလည်း ကိလေသာတွေပါပဲ ...။
ဘယ်လို သံယောဇဉ်မျိုးကြောင့်ပဲ မျက်ရည်ကျကျ ၀မ်းနည်းတဲ့
ကိလေသာ၊၀မ်းသာတဲ့ကိလေသာ၊ကိေ
ဖြစ်တဲ့ အတွက် ဘေးပေါင်းခတဲ့မျက်ရည်တွေချည
တခြား ပြင်ပဘေးတွေ ဘာမှမတွေ့ရသေးဘူးပဲ ထားပါဦး စိတ်ပူလောင်တဲ့ဘေး၊စိတ်ရှုတ်
ယောက်ယက် ခတ်တဲ့ဘေး၊စိတ်လှုပ်ရှားတဲ့ေ
ဝမ်းသာလို့ ကျတဲ့မျက်ရည်ဟာ လောဘအပူနဲ့ စိတ်ယောက်
ယတ်ခတ်ပြီး ဘေးခနေပါတယ် ..........
ဝမ်းနည်းလို့ ကျတဲ့မျက်ရည်ဟာ ဒေါသအပူနဲ့ စိတ်တင်းကျပ်ပြီး ဘေးခနေပါတယ် ..........
Subscribe to:
Posts (Atom)