.... NavBar ဖွင့်/ပိတ်
လောကနတ် ဓမ္မဆိုဒ်လေးကိုလာရောက်ကြသူအပေါင်းကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေ။
....

Thursday, July 28, 2011

မှတ်သားစရာ ဗုဒ္ဒ၏ အဆုံးအမများ

မှားသော အယူငါးမျိုး
အဘယ်တို့သည် မှားသောအယူ {ဒိဋ္ဌိ} ငါးမျိုးတို့ မည်သနည်း။



၁။ {{အတ္တသည် သညာရှိ၏၊ သေပြီးနောက် ပျက်စီးခြင်းမရှိ (မြဲ၏)}}ဟု ဤသို့ အချို့သူတို့က ပြောဆိုကြကုန်၏။

၂။ {{အတ္တသည် သညာရှိ၏၊ သေပြီးနောက် ပျက်စီးမရှိ (မြဲ၏)}}ဟု ဤသို့ အချို့သူတို့က ပြောဆိုကြကုန်၏။

၃။ {{အတ္တသည် သညာရှိလည်း မဟုတ်ç သညာမရှိလည်း မဟုတ်၊ သေပြီး နောက် ပျက်စီးခြင်းမရှိ (မြဲ၏)}}ဟု ဤသို့ အချို့သူတို့က ပြောဆိုကုန်၏။

၎။ ထင်ရှားရှိသော သတ္တ၀ါ၏ ပြတ်စဲခြင်း ပျက်စီးခြင်း ကင်းပျောက်ခြင်းကိုလည်း ပညတ်တင်ပြကြ ကုန်၏။

၅။ မျက်မှောက်ဘ၀၌ ဖြစ်သော {ဒိဋ္ဌဓမ္မနိဗ္ဗာန်}ကိုလည်း အချို့သူတို့က ပြောဆို ကြကုန်၏။

Sunday, July 17, 2011

ကုသိုလ်ဆိုတာ ယူတတ်ရင် အလွယ်လေး


၁။ ဒါန - ပေး ကမ်း လှူဒါန်း ထောက်ပံ့

၂။ သီလ- ငါးပါး ရှစ်ပါး တတ်အားသမျှ ဆောက်တည်

၃။ ဘာဝနာ - သမထ ၀ိပဿနာ နှစ်သက်ရာ တစ်ခုခုပွားများ

၎။ အပစာယန - ရိုသေထိုက်သူက အရိုအသေပေး

၅။ ဝေယျာဝေစ္စ- ဘုရားဝေယျာဝေစ္စ တရားဝေယျာဝေစ္စ သံဃာ့ဝေယျာဝေစ္စ မိဘဝေယျာဝေစ္စ

Wednesday, July 13, 2011

ဘယ်မှာငါဟု ရှိအံ့နည်း

လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌

မျိုးစုံကကြ ၊ မာန်မာနနှင့်

ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု

ငါသွေးတက်ကြွ ၊ လူ့ဗာလတို့

များလှဖြာဖြာ ၊ အဝိဇ္ဇာနှင့်

တဏှာဘီလူး ၊ အမှောင့်ပူး၍

Tuesday, July 12, 2011

ဝိပဿနာဉာဏ် (၁၀) ပါး...

(၁) သမ္မသနဉာဏ် - ခန္ဓာငါးပါး ရုပ်နာမ် တရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာတို့ဖြင့် ဆင်ခြင် သုံးသပ် တတ်သော ဉာဏ်။

(၂) ဥဒယဗ္ဗယဉာဏ် - ရုပ်နာမ်တို့၏ ဖြစ်ခြင်း ပျက်ခြင်းကို ရှုသိသော ဉာဏ်။

(၃) ဘင်္ဂဉာဏ် - ရုပ်နာမ်တို့၏ ပျက်ခြင်းသဘောကိုသာ ရှုသိသော ဉာဏ်။

(၄) ဘယဉာဏ် - ခန္ဓာငါးပါး ရုပ်နာမ် သင်္ခါရတို့သည် ကြောက်မက်ဖွယ်ရာ ဘေးဆိုးကြီးပါတကား ဟု မြင်သိသော ဉာဏ်။

(၅) အာဒီန၀ဉာဏ် - ရုပ်နာမ်တရားတို့၏ အပြစ်ကို မြင်သိသော ဉာဏ်။

(၆) နိဗ္ဗိဒါဉာဏ် - ရုပ်နာမ်တရားတို့ကို ငြီးငွေ့ဖွယ် အဖြစ် ရှုမြင်သည့် ဉာဏ်။

(၇) မုစ္စိတုကမျတာဉာဏ် - ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့၏ အနှောင်အဖွဲ့မှ လွတ်မြောက်ရန် အလိုရှိသော ဉာဏ်။

(၈) ပဋိသင်္ခါဉာဏ် - ရုပ်နာမ် အနှောင်အဖွဲ့မှ လွတ်မြောက်ခြင်း အကြောင်း၏ ပြည်စုံခြင်း အကျိုးငှာ ခန္ဓာငါးပါး၊ ရုပ်နာမ် တရားတို့ကို တစ်ဖန် သိမ်းဆည်းသော ဉာဏ်။

(၉) သင်္ခါရုပေက္ခာဉာဏ် - ခန္ဓာငါးပါး သင်္ခါရတရားတို့၌ ကြောက်လန့်ခြင်း နှစ်သက်ခြင်း မဖြစ်ဘဲ လျစ်လျူရှုတတ်သော ဉာဏ်။

(၁၀) အနုလောမဉာဏ် - အောက် ၀ိပဿနာ ဉာဏ် ကိုးပါးတို့အား လည်းကောင်း၊ အထက်ဖြစ်သော ဗောဓိပက္ခိယ တရားး (၃၇) ပါးတို့အား လည်းကောင်း လျော်စွာ ဖြစ်တတ်သော ဉာဏ် (၀ါ) မဂ်ဖြစ်ခြင်းငှာ လျော်သော ဉာဏ်။

Tuesday, July 5, 2011

သံယောဇဉ် ၁၀-ပါးလင်္ကာ

(၁)အာရုံငါးဝ၊ တပ်စွဲက၊ ကာမ သံယောဇဉ်။
(၂)သုံးပါးဘ၀၊ တပ်စွဲက၊ ဘ၀ သံယောဇဉ်။
(၃)အမျက် ဒေါသ၊ စိတ်ဆိုးက၊ ပဋိဃ သံယောဇဉ်။
(၄)ကိုယ်သာတော်လှ၊ ထင်မှတ်က၊ မာန သံယောဇဉ်။
(၅)ရုပ်နာမ်ကိုပဲ၊ ငါကောင်စွဲ၊ ယူလွဲဒိဋ္ဌိပင်။
(၆)တရားမှန်တွင်၊ မယုံချင်၍၊ ဆင်ခြင်နှိုင်းညှိ၊ ဝေဖန်ကြည့်၊ ၀ိစိကိစ္ဆာပင်။
(၇)နွားခွေးတူစွာ၊ ကျင့်တာကောင်းမြတ်၊ ယူစွဲမှတ်၊ သီလဗ္ဗတပင်။
(၈)ကိုယ်ထက်သူများ၊ ကောင်းစားသည်ကို၊ မနာလို၊ ခေါ်ဆို ဣဿာပင်။
(၉)ကိုယ်လိုသူများ၊ ကောင်းစားမည်မှ၊ ၀န်တိုက၊ မစ္ဆရိယပင်။
(၁၀) သစ္စာလေးတန်၊ ပြောင်းပြန်ထင်ကာ၊ မသိတာ၊ အ၀ိဇ္ဇာ သံယောဇဉ်။

ဝဋ်ဆင်းရဲမှ၊ မလွတ်ရအောင် ၊ ချည်နှောင်တတ်စွာ၊ ဤဆယ်ဖြာ၊ အဘိဓမ္မာ သံယောဇဉ်။

ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး
နတ်ဆိုး
www.lawkanet.blogspot.com

Saturday, July 2, 2011

အကုသိုလ် အခြေအမြစ်သုံးပါးမှ လိုချင်မှု 'လောဘ'

အဘယ်သည် လိုချင်မှု 'လောဘ' မည်သနည်း...

အကြင်တပ်မက်မှု 'ရာဂ'၊
ပြင်းစွာတပ်မက်မှု 'သာရာဂ'၊
အဖန်ဖန်ဆွဲဆောင်မှု 'အနုနယ'၊
မဆန့်ကျင်မှု 'အနုရောဓ'၊
နှစ်သက်မှု 'နန္ဒီ'၊
နှစ်သက်တပ်မက်မှု 'နန္ဒိရာဂ'၊
စိတ်၏ ပြင်းစွာတပ်မက်မှု 'စိတ္တသာရာဂ'၊
လိုလားမှု 'ဣစ္ဆာ'၊
တပ်မက် တွေဝေမှု 'မုစ္ဆာ'၊

Thursday, June 30, 2011

ဗုဒ္ဓအလိုကျဒါနပြုနည်း....

၁။ ဘုရား ၊ တရား ၊ သံဃာ အပေါ်၌ သဒ္ဓါတရားပြည့်ဝစွာလှူခြင်း၊
၂။အလှူခံပုဂ္ဂိုလ်အားရိုရိုသေသေလှူခြင်း၊
၃။အလှူခံပုဂ္ဂိုလ်၏လိုအပ်မှုကိုလှူခြင်း၊
၎။လှူပြီးဝတ္ထုကို မနှမျှောခြင်း၊
၅။မိမိအလှူကြောင့်အခြားသူတို့အားမထိခိုက်ခြင်း။
“သဒ္ဓါကြည်ညို၊ ရိုသေလှစွာ၊ အခါကိုသိ၊ မစွန်းငြိပဲ၊ မထိမပ ဤငါးဝ၊မှတ်သား
သပ္ပူရိသ မြတ်ဒါန”

ဆရာတော် အရှင်ဇ၀န

ပညာရှိတို့ စွန်ပယ်အပ်သူ (၁၁)ဦး

၁ ။ ကောဓံ - အမျက်ဒေါသကြီးသူ ။
၂ ။ လောဘံ - အလိုကြီးသူ ။
၃ ။ မဒံ - မာန်ယစ်လွန်းသူ ။
၎ ။ မာနံ - ထောငလ်ွှားသူ ။
၅ ။ တိန္နံ - ပျင်းရိသူ ။
၆ ။ ဣဿံ - ငြူစူစောင်းမြောင်းသူ ။
၇ ။ ပမာဒံ - ကုသိုလ်ကောင်းမှု၌ မေ့လျော့သူ ။
၈ ။ သောဏ္ဏံ - သေအရက်သောက်ကြူးသူ ။
၉ ။ နိဒ္ဒါလုကံ - အအိပ်ကြူးသူ ။
၁၀။ မက္ခံ - ကျေးဇူးချေတက်သူ (ကန်းသူ) ။
၁၁။ မစ္ဆေရဉ္စ - ၀န်တိုသူ